သတင်း

ဗန်းမော် အောင်သီရိရတနာဆိုင် ဓားပြတိုက်ခိုက်ခံရ

ကချင်ပြည်နယ် ဗန်းမော်မြို့ အရှေ့ညောင်ပင်ရပ်ကွက်ရှိတဲ့ အောင်သီရိရတနာဆိုင်မှာ ကာလတန်ဖိုးသိန်းတစ်သောင်းနီးပါးရှိတဲ့ ရွေထည်လက်ဝတ်ရတနာတွေ ဓားပြတိုက်ခံလိုက်ရတယ်လို့ ဆိုင်ဝန်ထမ်းတွေဆီကနေ သိရပါတယ်။

အောက်တိုဘာလ ၂၀ ရက်နေ့ ဒီကနေ့မနက် ၈ နာရီလောက်မှာ maskတပ်ထားတဲ့ လူ ၆ ယောက် ဆိုင်ကယ် ၃ စီးနဲ့ဝင်ရောက်လာပြီး ဆိုင်ရှင်အမျိုးသမီးကိုသေနတ်ထောက်ပြီး လုယူသွားတာဖြစ်တယ်လို့ ဆိုင်ဝန်ထမ်းတစ်ယောက်က KNG ခုလိုပြောပါတယ်။

သေနတ်နဲ့ဝင်လာပြီးတော့ တစ်ယောက်မှမလှုပ်နဲ့ဆိုပြီးပြောတယ်။ ပြီးတော့သေနတ်က ၃ချက်လောက်တော့ပစ်သွားသေးတယ်။ အဲအချိန် ဆိုင်ရှင်အစ်မကိုတော့ လူနှစ်ယောက်က သေနတ်နဲ့ထောက်ထားပြီးနှိပ်ထားတာဟုတ်တယ်တယ်လို့ ပြောပါတယ်။

ဓားပြတိုက်သွား သူတွေဟာ ဗစ်စတိုတစ်လက်နဲ့ဆိုင်ထဲမှာ သေနတ် ၃ ချက်ပစ်ဖောက်ခဲ့တဲ့အပြင် လက်ကောက်၊ဆွဲကြိုး၊ ဆွဲသီးနဲ့လက်စွပ် စုစုပေါင်းအလေးချိန်တစ်ပိဿနီးပါး အရေအတွက်အားဖြင့် အခု ၅၀၀ခန့်ရှိတဲ့ ရွှေထည်တွေကို လုယူသွားတယ်လို့ သူက ဆက်ပြောပါတယ်။

“maskတပ်ထားတာဟုတ်တယ် ဦးထုတ် အနက်ရောင်နဲ့ တစ်ယောက်ကတော့ နို့ညစ်ရောင်ရောဆောင်းထားတာဟုတ်တယ်။ အားလုံးက ၆ယောက်ဟုတ်တယ်လို့သူကပြောပါတယ်။

ဒါ့အပြင် ဓါးပြဝင်တိုက်သွားသူတွေဟာ maskတပ်ထားတာကြောင့် မည်သူမည်ဝါဖြစ်တယ်ဆိုတာကို အသေးစိတ်မသိရဘဲ ဓါးမြတိုက်ခံရချိန်မှာလည်း  ဆိုင်ထဲမှာ ဆိုင်ရှင်အမျိုးသမီးနဲ့ ဆိုင်ဝန်ထမ်းအမျိုးသမီးသီးသန့် ၇ ယောက်ရှိနေတဲ့ အချိန်မှာ လုယက်ခံလိုက်ရတာဖြစ်တယ်လို့ ဆိုပါတယ်။

ဓါးပြတိုက်သွားတဲ့လူတွေဟာ ဆိုင်ထဲကပစ္စည်းတွေအားလုံးယူသွားပြီးတဲ့နောက် ၆ယောက်လုံး ဝမ်းတူးဖိုက် ဆိုင်ကယ်တစ်စီး ၊လော်ဂျာတစ်စီးနဲ့ ဆိုင်ကလုန်းဆိုင်ကယ်တစ်စီးစီးပြီး ဆိုင်ရှေ့လမ်းမကြီးအတိုင်း ထွက်ပြေးသွားကြတယ်လို့ လည်း သတင်းအရင်းအမြစ်တွေ ဆက်ပြောပါတယ်။

လက်ရှိပြစ်မှုကျူးလွန်သူတွေကို သေချာမမှတ်မိနိုင်ခဲ့ပေမယ့် ဆိုင်ထဲက cctv မှတ်တမ်းမှာတော့ မှတ်တမ်းယူထားနိုင်တယ်လို့ သိရပြီး အမှုမှန်ပေါ်နဲ့ ကျုးလွန်သူတွေကို ဖမ်းဆီးနိုင်ဖို့ ရဲစခန်းမှာအမှုဖွင့်တိုင်ကြားထားတယ်လို့ သတင်းရင်းမြစ်ဆီက သိရပါတယ်။

၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်ထဲက မြို့နယ်တစ်ချို့ဖြစ်တဲ့ ဖားကန့်၊ ဗန်းမော်၊ မြစ်ကြီးနားနဲ့ဝိုင်းမော်မြို့တို့မှာ ခုလိုခိုးဆိုးလုယက် ဓားမြတိုက်တာတွေတွေဟာ ဆက်တိုက်ဖြစ်နေပေါ်နေဆဲဖြစ်ပါတယ်။

By – Hope

Show More

Related Articles

Back to top button