မိုးညှင်း
-
Sep- 2023 -9 Septemberသတင်း
မိုင်းနောင် နဲ့ မမုံကိုင် ကျေးရွာ နောက်ဘက်မှာ ရွှေတူးတဲ့ စက်သံကြားရင် ပစ်မယ်လို့ စစ်ကောင်စီတပ် သတိပေး
ကချင်ပြည်နယ် မိုးညင်းမြို့နယ် အင်းတော်ကြီးဒေသ မိုင်းနောင်ကျေးရွာ နဲ့ မမုံကိုင်ကျေးရွာ အနောက်ဘက်မှာ လက်ရှိ စစ်ကောင်စီတပ် ဝင်ရောက်နေပြီး ရွှေတူးတဲ့စက်သံကြားရင် ပစ်ခတ်မယ်လို့ သတိပေးထားတဲ့အတွက် ရွှေတူးဖော်တဲ့လုပ်ငန်းတွေ ရပ်နားနေတယ်လို့ အင်းတော်ဒေသခံတွေက ပြောပါတယ်။ စက်တင်ဘာလ ၅ ရက်နေ့ အင်အား ၅၀ ကျော်ပါဝင်တဲ့ စစ်ကြောင်းဟာ မိုင်းနောင် နဲ့…
Read More » -
6 Septemberသတင်း
မိုးညှင်းမှာ စစ်တပ်သတင်ပေး အမျိုသားတစ်ယောက် ပစ်သတ်ခံရ
ကချင်ပြည်နယ် မိုးညှင်းမြို့ အရှေ့စုရပ်ကွက်မှာ နေထိုင်တဲ့ စစ်တပ်သတင်းပေး အမျိုးသားတစ်ယောက် စက်တင်ဘာလ ၄ ရက်နေ့က ပစ်သတ်ခံရတယ်လို့ မိုးညှင်းဒေသခံတစ်ယောက်က ပြောပါတယ်။ ပစ်သတ်ခံရသူဟာ သန်းထွန်းအောင် (ခ)အားဖူ ကလောင်နာမည် မင်းရာဇာဆိုသူဖြစ်ပြီး မိုးညှင်းမြို့နယ် ထွေအုပ်ရုံးနားမှာ ဇနီးဖြစ်သူနဲ့ ဆိုင်ကယ်အတူစီးလာချိန်…
Read More » -
Aug- 2023 -24 Augustသတင်း
ဟိုပင်မှာ ပြည်သူ ၂ ယောက် သတ်ဖြတ်ခံရတဲ့အမှု KIA က ငွေကြေးသိန်းသုံးရာပေးပြီး အပြီးသတ်
မိုးညှင်းမြို့နယ် ဟိုပင်မြို့ရဲ့အရှေ့ဘက်ခြမ်း ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၄၁ နယ်မြေမှာ သတ်ဖြတ်ခံ လိုက်ရတဲ့ KIA တပ်သားနဲ့ ဇနီးဖြစ်သူ အဓမ္မပြုကျင့်သတ်ဖြတ်ခံလိုက်တဲ့အမှုကို KIA ဘက်နေ ငွေကြေးပေးပြီး အပြီးသတ်ဆောင်ရွက်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ KIA ဘက်ကနေ သတ်ဖြတ်ခံလိုက်ရတဲ့ မိသားစုဝင်တွေကို နစ်နာကြေးငွေ သိန်း ၃၀၀ ပေးဆောင်ပြီး ဩဂုတ်လဆန်းပိုင်းမှာပဲ…
Read More » -
11 Augustသတင်း
မိုးညှင်းမှာ စစ်တပ်ကပစ်ခတ်လိုက်တဲ့ လက်နက်ကြီး မြို့တွင်းကျရောက်ပေါက်ကွဲ
မိုးညှင်းမြို့မှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးဟာ မြို့တွင်းရပ်ကွက်တစ်ချို့မှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဩဂုတ်လ ၁၀ ရက် မနေ့က မနက် ၁၁ နာရီလောက်မှာ မိုးညှင်းမြို့ ပန်းခြံကနေ စစ်ကောင်စီတပ်တွေဟာ လက်နက်ကြီး ၁၂၀ မမနဲ့ အချက်ပေါင်း ၁၀ ချက်ထက်မနည်းပစ်ခတ်ခဲ့ခြင်းဖြစ်တယ်လို့ မိုးညှင်းဒေသခံတစ်ဦးက ခုလိုပြောပါတယ်။ “ကျမတို့အိမ်နားမှာ တစ်လုံးလာကျတာဟုတ်တယ် လူထိခိုက်တာတော့ မရှိပါဘူး”လို့ ပြောပါတယ်။ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့တဲ့ ရပ်ကွက်တွေကို လုံခြုံရေးအရ အမည်မဖော်ပေးရန် ဒေသခံများက တောင်းဆိုထားပါတယ်။ ဒေသခံတွေရဲ့ပြောဆိုချက်အရ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၃ ရက်နေ့ မိုးညှင်းကာကွယ်ရေးတပ်တွေ မြို့တွင်းထဲဝင်ရောက်လာတဲ့ ရုပ်သုံဖိုင်တစ်ခု လူမှုကွန်ယက်စာမျက်နှာမှာ မိုးညှင်းကာကွယ်ရေးတပ်ဘက်က တင်လာခဲ့တဲ့နောက်ပိုင်း မြို့တွင်း မြို့ပြင် လမ်းသွားလမ်းလာပြည်သူများကိုလည်း စစ်ဆေးရေးတွေလည်း ပိုတင်းကြပ်လာတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဩဂုတ်လ ၆ ရက် ညနေ ၄ နာရီဝန်းကျင်မှာလည်း မိုးညှင်း– ဘီလူးမြို့ လမ်းဆုံမှာရှိတဲ့ မိုးညှင်းစိုက်ပျိုးရေးရုံးကိုလည်း မိုးညှင်း KPDF က သွားရောက်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃ ၇ဦးကျဆုံးမှုရှိခဲ့ကြောင်း မိုးညှင်းကာကွယ်ရေးတပ်က ဩဂုတ်လ ၇ ရက်နေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။ ဒါကြောင့် စစ်ကောင်စီတပ်အနေနဲ့ ခုလိုတော်လှန်ရေးတပ်ဖွဲ့တွေရှိတဲ့ဘက်တွေကို လက်နက်ကြီးနဲ့ရမ်းသမ်းပစ်ခတ်နေတာဖြစ်နိုင်ကြောင်း မိုးညှင်းဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “သူတို့ကအဓိက ထန်းတပင်ရွာဘက်ကို ပစ်တာလို့သိရတယ် အဲဘက်ကို PDF တွေရှိတယ်ထင်ပြီး ပစ်တာ ဒါပေမယ့် လက်နက်ကြီးတစ်ချို့ကတော့ မြို့တွင်းရပ်ကွက်တစ်ချို့တွေမှာ ကျတာရှိတယ်”လို့ပြောပါတယ်။ မိုးညှင်းမြို့နယ်တွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ကာကွယ်ရေးတပ်တွေကြား မကြာခနဆိုသလို ထိတွေ့တိုက်ပွဲဖြစ်ပွားတာရှိပြီး ပြီးခဲ့တဲ့ဇွန်လမှာလည်း မိုးညှင်းမြို့နယ် အင်ကွယ်ရွာအနီး နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး မိုညှင်းကာကွယ်ရေးတပ်ဘက်မှ တစ်ဦးသေဆုံးခဲ့တဲ့ဖြစ်စဉ်တွေရှိခဲ့ပါတယ်။
Read More » -
Jul- 2023 -27 Julyသတင်း
သရက်ချောင်းရေကြီးမှုကြောင့် ဟိုပင်မြို့ပေါ် ရပ်ကွက်တစ်ချို့ရေနစ်မြှပ်ပြီးပျက်ဆီးဆုံးရှုံးမှုတွေရှိ
ကချင်ပြည်နယ် မိုးညှင်းမြို့နယ်ထဲက ဟိုပင်မြို့မှာ ဒီကနေ့မနက်ပိုင်းကနေ ရေကြီးရေလျှံမှု ဖြစ်ခဲ့ပြီး ပျက်ဆီးဆုံးရှုံးမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေကနေ သိရပါတယ်။ ဟိုပင်မြို့ကို ဖြတ်သန်းစီးဆင်းနေတဲ့သရက်ချောင်းဖျားဘက်မှာ လွန်ခဲ့တဲ့ ၅ ရက်လောက်ကတည်းက မိုးသည်းထန်ခဲ့တာကြောင့် ဒီနေ့ ဇူလိုင် ၂၇ ရက်နေ့ မနက် ၆နာရီကနေ စပြီးဟိုပြင်မြို့ပေါ်က ရပ်ကွက်တွေရေနှစ်မြှုပ်တာကြောင့်ချောင်းနဲ့နီးတဲ့…
Read More » -
Jun- 2023 -21 Juneသတင်း
မိုးညှင်း မြို့နယ်ရဲစခန်းကို KPDF အဖွဲ့ သွားရောက်ပစ်ခတ်
မိုးညှင်းမြို့တွင်ရှိ မြို့နယ်ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF က လက်နက်ကြီးဖြင့် သွားရောက် ပစ်ခတ်ခဲ့ကြောင်းဒေသခံများမှ သိရသည်။ ဇွန်လ ၂၁ ရက် ယနေ့ ညနေမွန်းလွှဲ ၃ နာရီဝန်းကျင် အရှေ့စုရပ်ကွက်ကနေ မြို့မရဲစခန်းကို PDF လူငယ်နှစ်ဦးက…
Read More » -
15 Juneမြေယာနှင့် သဘာဝပတ်ဝန်းကျင်
မိုးညှင်းနယ် ပင်လုံးကျေးရွာအနီး တရားမဝင် ရွှေတူးနေသည့် ဘတ်ဖိုး ၁၄ စီး ဖမ်းဆီးခံရ
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ပင်လုံကျေးရွာ နှင့် မော်ဟန်ကျေးရွာအနီးတွင် တရားမဝင် ရွှေတူးနေသည့် ဘတ်ဖိုး ၁၄ စီး ဖမ်းဆီးခံထားရကြောင်း ဒေသခံများထံမှ သိရသည်။ နန့်စီးအောင်ဘက်မှ ဝင်ရောက်လာသော စစ်ကောင်စီတပ်သည် ဇွန်လ ၁၃ ရက်နေ့ မော်ဟန်ကျေးရွာအနီးဝန်းကျင်နဲ့ ပင်လုံကျေးရွာနောက်ကြောတွင် တရားမဝင်…
Read More » -
13 Juneသတင်း
မိုးညှင်းတွင် ညမထွက်ရအမိန့်ထုတ်ပြန်ကာ လုံခြုံရေးတင်းကြပ်လာ
ကချင်ပြည်နယ် မိုးညှင်းမြို့နယ်တွင် စစ်ကောင်စီတပ်သည် ညမထွက်ရအမိန့်ထုတ်ပြန်ပြီးနောက် ညပိုင်းစစ်ဆေးရေးများ ပိုမိုလုပ်ဆောင်လာသည်ဟု ဒေသခံများ ပြောသည်။ ဇွန်လ ၈ ရက်နေ့မှစပြီး စစ်ကောင်စီတပ်သည် မိုးညှင်းမြို့နယ်တွင် ည ၁၀ နာရီမှ မနက်၄နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ပြီးနောက် အရပ်ဝတ်များဖြင့် လမ်းကြား လမ်းမ၊လမ်းဆုံများတွင် စစ်ဆေးမှုတင်းကြပ်လာကြောင်း…
Read More » -
May- 2023 -11 Mayသတင်း
မိုးကောင်းမြို့နယ် တရားရုံး လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခံရ
ကချင်ပြည်နယ် မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် တရားရုံး မေလ ၁၀ ရက် ညတွင် လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ မိုးကောင်းမြို့ နတ်ကြီးကုန်းရပ်ကွက်တွင်ရှိသည့် စစ်ကောင်စီ၏ မြို့နယ်တရားရုံးကို ယမန်နေ့ည ၇နာရီခွဲအချိန့်ခန့်တွင် ဆိုင်ကယ်မောင်းနှင်လာသည့် လူငယ် နှစ်ဦးမှ လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်သွားကြောင်း မိုးကောင်းမြို့နေ…
Read More » -
Mar- 2023 -27 Marchသတင်း
စရဖ အရာရှိတစ်ဦးကို မိုးညှင်း KPDF အဖွဲ့ ပစ်ခတ်ရှင်းလင်းကြောင်း ထုတ်ပြန်
ကချင်ပြည်နယ် မိုးညှင်းမြို့ ညောင်ကုန်းကျေးရွာအနီးတွင် စစ်ကောင်စီ လက်အောက်ခံ စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိ တစ်ဦးအား ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း မိုးညှင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။ မတ်လ ၂၆ ရက် နေ့လည် ၁ နာရီဝန်းကျင်တွင် စရဖအရာရှိဆိုသူ အမျိုးသားအပါအဝင် အမျိုးသား ၃ ဦးသည် မိုးညှင်း – နမ္မား လမ်းအတိုင်း Honda…
Read More »









