မြေယာနှင့် သဘာဝပတ်ဝန်းကျင်သတင်း

မိုးညှင်းနယ် ပင်လုံးကျေးရွာအနီး တရားမဝင် ရွှေတူးနေသည့် ဘတ်ဖိုး ၁၄ စီး ဖမ်းဆီးခံရ

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ပင်လုံကျေးရွာ နှင့် မော်ဟန်ကျေးရွာအနီးတွင် တရားမဝင် ရွှေတူးနေသည့် ဘတ်ဖိုး ၁၄ စီး ဖမ်းဆီးခံထားရကြောင်း ဒေသခံများထံမှ သိရသည်။

နန့်စီးအောင်ဘက်မှ ဝင်ရောက်လာသော စစ်ကောင်စီတပ်သည် ဇွန်လ ၁၃ ရက်နေ့ မော်ဟန်ကျေးရွာအနီးဝန်းကျင်နဲ့ ပင်လုံကျေးရွာနောက်ကြောတွင် တရားမဝင် ရွှေတူးနေသည့်ဘတ်ဖိုး ၁၄ စီးကို ဖမ်းဆီးသွားကြောင်း ဒေသခံအမျိုးသားတစ်ဦးက KNG ကို ပြောသည်။

ပင်လုံတို့ မော်ဟန်တို့ဘက်မှာ လေးတန်ချောင်းဆိုတာရှိတယ်။ အဲ့မှာလုပ်နေတာကြာပြီကော။ အခုကရွာနဲ့ အရမ်းကပ်လာပြီလို့ပြောတယ်။ ရွှေတူးတဲ့လူတွေက ပင်လုံရွာနဲ့အရမ်းနီးကပ်လာတော့ဖမ်းတာနေမှာ”ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ပင်လုံကျေးရွာနောက်ကြော လေးတန်ချောင်းကြောတစ်လျှောက်တွင်လက်လုပ်၊ လက်စား စက်ယန္တားကြီးများဖြင့် ရွှေတူးဖော်လာသည်မှာ စစ်ဏာသိမ်းပြီး တစ်နှစ်ခန့်အကြာတွင် စတင်တူးဖော်လာကြပြီး လက်ရှိတွင် ပင်လုံကျေးရွာရှိ လူနေရပ်ကွက်များနဲ့နီးကပ်လာသည်အထိ တူးဖော်လာနေသောကြောင့် လာရောက်ဖမ်းဆီးခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက ပြောသည်။

လက်ရှိ အဆိုပါ ရွှေတူးဖော်နေသူများတွင် ပင်လုံဒေသခံအနည်းစုပါဝင်သလို အခြားဒေသမှလာရောက်လုပ်ကိုင်သည့် လုပ်ငန်းရှင်များလည်း ပါဝင်ကြောင်း သိရသည်။ ဒေသခံများငွေကြေးမတတ်နိုင်သောကြောင့် မျှောစင်စက်များနှင့် တူးဖော်ကြပြီး လုပ်ငန်းရှင်ကြီးများသည် ဘတ်ဖိုးစက်အပြင် စက်ယန္တရားများစွာသုံးပြီး တူးဖော်နေခြင်းဖြစ်ကြောင်း သိရသည်။

မျှောစင်တွေနဲ့တူးနေတာလည်းရှိတယ် လမ်းအောက်ဘက်မှာ ဒေသခံတွေကတော့ မျှောစင် ထိုးပြီးစက်လေးတွေနဲ့တူးကြတယ်။ လုပ်ငန်းရှင်ကြီးတွေတော့ စက်ကြီးတွေနဲ့ဘတ်ဖိုးတွေရော အသုံးပြုပြီးတူးနေကြတာ”ဟု မော်ဟန်ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ပင်လုံရွာအနီးတစ်ဝိုက် စက်ယန္တားကြီးများဖြင့် တူးဖော်သူ ၃၀ ဦးထက်မနည်းရှိကြောင်းသိရပြီး ဖမ်းဆီးထားသည့် ဘတ်ဖိုး ၁၄ စီးကို မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်နှင့် ပြန်လည်ရွေးယူခိုင်းခြင်းရှိမရှိကို စုံစမ်းနေဆဲ ဖြစ်သည်။

ပင်လုံကျေးရွာသည် မော်ဟန်မြို့နှင့် ၁ မိုင်ခန့်ကွာဝေးပြီး အိမ်ခြေရာကြီးပိုင်းရှိပြီးလူဦးရေ ၅၀၀၀ ကျော်ရှိကြောင်းသိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်နေရာအနှံ့ဆိုသလို ရွှေတူးဖော်မှုပိုမိုများလာပြီး အများဆုံးတူးဖော်နေသည့်နေရာများသည် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်နေရာများအပါအဝင် အင်းတော်ကြီးဒေသများ ၊ပူတာအိုဒေသဖြစ်သည့် ဆွမ်ပရာဘွမ်၊ဖတ်မာကျေးရွာအပြင် တနိုင်း၊ရှင်ဗွေယန်ကျေးရွာများ၊ ဖားကန့်ဒေသများတွင် အများဆုံးတူးဖော်နေကြဆဲဖြစ်သည်။

Show More

Related Articles

Back to top button