မီတာကြေး

  • Jan- 2026 -
    21 January
    သတင်း

    ပူတာအိုမှာ မီတာယူနစ်အဆမတန်မြင့်တက်လာတယ်လို့ ဒေသခံတွေပြော

    ကချင်ပြည်နယ် ပူတာအိုမြို့မှာ ယခုလအတွင်းလျှပ်စစ်အသုံးပြုတဲ့မီတာယူနစ်တွေအဆမတန်မြင့်တက်သွားတာကြောင့် မီတာခတွေလည်းပုံမှန်ထက်ပိုပေးဆောင်ရကြောင်း ဒေသခံများထံမှ သိရပါတယ်။ ပူတာအိုမြို့ ပေါ် ရပ်ကွက်အိမ်ခြေထက်ဝက်နီးပါးမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလအသုံးပြုခဲ့တဲ့ လျှပ်စစ်မီတာယူနစ်တွေဟာ ပုံမှန်ထက်အဆမတန်မြင့်တက်သွားတယ်လို့  ပူတာအိုမြို့ ခံအမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။ “တစ်ခါမှဒီလိုမတက်ဖူးဘူး အရင်ကတစ်ခါတလေထိုးတက်တာတော့ရှိတယ် အလွန်ဆုံးတက်ရင် ငါးထောင်၊ ခြောက်ထောင်ပဲလေးဒီလကတော့ဘယ်လိုဖြစ်သလဲမသိဘူး ၂၂၅၀၀ (နှစ်သောင်းနှစ်ထောင့်ငါးရာ)တဲ့အိမ်သုံးနော်။ ဒါတောင် လုပ်ငန်းသုံးမဟုတ်ဘူး”လို့အသက် ၄၀ ကျော်အရွယ် ကောင်ကထောင်ရပ်ကွက်နေအမျိုးသားတစ်ဦးကပြောပါတယ်။ ပြီးခဲ့တဲ့ ပုံမှန်လတွေဆို တစ်လကိုပုံမှန်အသုံးပြုနေတဲ့ မီတာယူနစ် ၆၀၊ ၇၀ ဝန်းကျင်ရှိရာကနေ ဒီတစ်လမှာတော့ ယူနစ် ၄၀၀ အထိခုန်တက်သွားတဲ့အတွက် ဘေလ်ဆောင်ခတွေလည်း အဆမတန်ပေးဆောင်ရကြောင်းဒေသခံတွေကဆိုပါတယ်။ “မီတာက တစ်ယူနစ်ကို ၅၀ ပဲ ခါတိုင်းတစ်လကို ယူနစ်ခြောက်တယ် ၇၀ လောက်ပဲသုံးတယ် တစ်ယူနစ်ငါးဆယ်ဆိုတော့ပုံမှန်အရင်က တစ်လကို ၃၀၀၀(သုံးထောင်) ကျော် ၄၀၀၀(လေးထောင်) အထိပဲ ဘေလ်ဆောင်ရတာအခုယူနစ်တက်တော့ နှစ်သောင်းကျော်ဆောင်ရတယ်လေး”လို့ သူကဆက်ပြောပါတယ်။ အလားတူနောက်ထပ် လေယာဥ်ကွင်းရပ်ကွက်နေအမျိုးသမီးတစ်ဦးကလည်းအခုလိုပြောပါတယ်။ “ကျွန်မတို့လည်းဒီလမီတာအရမ်းတက်သွားတယ်ခါတိုင်းဆို ၇၀၀(ခုနှစ်ရာ)အများဆုံး ၁၀၀၀(ကျပ်တစ်ထောင်) ကျော်ကျော်ပဲကျတယ် ဒီလက ၉၀၀၀(ကျပ်ကိုးထောင်) ကျော်တယ် မီတာခက သွားဆောင်လိုက်တယ် သူများလည်းအများကြီးတက်တယ်တဲ့ တခုခုမှားတာလား တမင်သက်သက်နဲ့စျေးတက်ခိုင်းတာလားမသိဘူး”လို့သူကပြောပါတယ်။ ပူတာအိုမှာတော့ မြို့နယ်EPC က လျှပ်စစ်မီတာအသုံးပြုခ တစ်ယူနစ်ကို ကျပ် ၅၀ နှုန်းနဲ့ကောက်ခံတာဖြစ်ပါတယ်။ ဒေသခံတွေပြောပြချက်အရ ပုံမှန်တစ်လကို ယူနစ် ၆၀၊ ၇၀ လောက်သာအသုံးပြုနေတဲ့အိမ်သုံးမီတာယူနစ်တွေဟာဒီလထဲ ယူနစ် ၃၀၀၊ ၄၀၀ လောက်အထိကုန်တက်သွားတာမျိုးတွေဖြစ်နေတယ်လို့ဆိုပါတယ်။ KNG သတင်းဌာနရဲ့ဆက်သွယ်စုံစမ်းချက်အရ မြို့ပေါ်က အိမ်ခြေ ထက်ဝက်နီးပါးမှာအခုလိုမီတာတွေထိုးတက်ခဲ့ပြီး တစ်ချို့အိမ်ခြေတွေကတော့ ပုံမှန်ကျသင့်တဲ့မီတာနှုန်းအတိုင်းပဲလို့သိရပါတယ်။ အခုလိုဖြစ်တာဟာ မီးတာခစျေးတက်ထားတာမဟုတ်ပဲ မီးတာဖတ်တဲ့လျှပ်စစ်ဝန်ထမ်းတွေမှားယွင်းမှုကြောင့်ဖြစ်နိုင်သလို မီတာဘောက်တွေချို့ယွင်းတာကြောင့်လည်းဖြစ်နိုင်တယ်လို့ ပူတာအိုမြို့ EPC ရုံးမှ ဝန်ထမ်းတစ်ဦးကပြောပါတယ်။ “တခါတလေတော့ဖြစ်တတ်တယ်အရင်လည်းဖြစ်ဖူးတယ်ဗျဒါပေမယ့်ဒီလောက်တော့မများဘူး ဒီတခါကတော့ပိုဆိုးသွားတာပေါ့မီတာသွားဖတ်တဲ့ကလေးတွေပဲမှားတာလား မီတာဘောက်တခုခုများဖြစ်တာလားကျနော်တို့လည်းမသိရသေးဘူး”လို့သူကပြောပါတယ်။ အခုလိုမီးတာခနှုန်းတွေထိုးတက်တာဟာ ရပ်ကွက်တခုထဲမှာပဲကွက်ပြီးဖြစ်တာမဟုတ်ပဲ အရပ်အကွက်အများစုမှာ နေရာကွက်ကျားဖြစ်တာလို့သိရပါတယ်။ ပူတာအိုမှာပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းမတိုင်မှီကနေတစ်နှစ်ပတ်လုံးနီးပါး နှစ်ခြားတစ်ကြိမ်၊တစ်ခါတစ်ရံသုံးရက်ကြားတစ်ကြိမ်သာလျှပ်စစ်မီးပေးပြီး ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းကနေတော့ နေ့စဥ် တရက်ကိုနာရီအပိုင်းအခြားနဲ့ပုံမှန်မီးပေးလာတယ်လို့သိရပါတယ်။ “စက်တင်ဘာလလောက်ကထင်တယ်မီးမှန်လာတာ အဲ့မတိုင်ခင်အထိတော့ တစ်ခါတလေဆိုတစ်ပတ်ကိုတစ်ခါပဲမီးလာတယ်တစ်ခါတလေတော့နှစ်ခြားလောက်တစ်ခါပေးတယ် စက်တင်ဘာနောက်ပိုင်းကနေတော့လာတယ်မီးက နေ့တိုင်းပေးမယ် ရီပိုင်းနဲ့ပေါ့ ၂၄ နာရီလုံးလုံးတော့မလာဘူး ဒါပေမယ့်အခုရက်ပိုင်းမီးကပြန်မမှန်လာတော့ဘူး”လို့ဒေသခံတစ်ဦးကပြောပါတယ်။ ၂၀၂၅ ခုနှစ်စက်တင်ဘာလလောက်ကနေ ပုံမှန်နီးပါးလျှပ်စစ်မီးပေးနေပမယ့် ဒီတစ်ပတ်အတွင်းကနေတော့ တစ်ရက်ကို ည ၉ နာရီလောက်ကနေမနက် ၅နာရီအထိ သာမီးလာတယ်လို့ဒေသခံတွေကဆိုပါတယ်။ ပူတာအိုနဲ့မြို့တော်မြစ်ကြီးနားအပါအဝင် ကချင် ပြည်နယ်တစ်ဝှမ်း စစ်အာဏာသိမ်းနောက်ပိုင်းကနေတော့ လျှပ်စစ်မီးတွေယခင်လို ဖိုဖိုလုံလုံမရတော့တာ ၅ နှစ်ကျော်လာဖြစ်ပါတယ်။…

    Read More »
  • Mar- 2025 -
    25 March
    သတင်း

    မီတာကြေး အဆမတန်မြင့်တက်မှုအတွက် ပန်ဝါဒေသခံတချို့ မေးခွန်းထုတ်

    ကချင်လွတ်လပ်ရေးအဖွဲ့ KIO အုပ်ချုပ်နေတဲ့ ကချင်–တရုတ် နယ်စပ် ပန်ဝါမြို့မှာ လျှပ်စစ် မီတာကြေး အရင်ကထက် ပိုလွန် ပေးဆောင်နေရမှုအတွက် ဒေသခံတချို့ မေးခွန်းထုတ်နေကြပါတယ်။ ချီဖွေမြို့နယ်၊ ပန်ဝါမြို့မှာ မီတာကြေးကို တရုတ်ယွမ်ငွေနဲ့သာ ပေးဆောင်ရတာဖြစ်ပြီး လစဉ် သုံးစွဲမှုယူနစ်ထက်…

    Read More »
  • Oct- 2024 -
    30 October
    သတင်း

    မီတာယူနစ်မဖတ်ဘဲ မီးကြေးကောက်ခံနေ

    မြစ်ကြီးနားမြို့မှာ မီတာယူနစ်မဖတ်ဘဲ မီတာကြေးကောက်နေတယ်လို့ မြစ်ကြီးနားမှာနေထိုင်တဲ့ ပြည်သူတွေပြောပါတယ်။ ပြိီးခဲ့တဲ့ ဇူလိုင်လ ကချင်ပြည်နယ်တစ်ပြည်နယ်လုံးအတိုင်းတာနဲ့ရေကြီး၊ရေလျှံမှုတွေဖြစ်ခဲ့ပြီးနောက် မြစ်ကြီးနားမြို့ ရမ်ပူ၊ကြက်ပေါင်ခြံ၊မြို့သစ်ကြီး၊ ကွက်ကစ်ရပ်ကွက်အပါအဝင် ရပ်ကွက်တစ်ချို့ရေနစ်မြုပ်ပြီး မီတာဘောက်အများပိုင်းပျက်စီးတာတွေရှိခဲ့တယ်လို့ သိရပါတယ်။ မီတာဘောက်ပျက်စီးသွားပြီးနောက်ပိုင်း မီတာယူနစ်ဖတ်လို့မရတော့ပေမယ့် ဘူးဂါးလျှပ်စစ်ရုံးက မီတာခစာရွက်ဖြတ်ပိုင်း လတိုင်းလာပို့ပြီး မီတာခတွေကိုလည်း ပုံမှန်ပေးဆောင်ခိုင်းနေတယ်လို့ ကြက်ပေါင်ခြံရပ်ကွက် အမျိုးသားတစ်ဦး ခုလိုပြောပါတယ်။ “အရင်က ယူနစ်သုံးတဲ့အပေါ် ခွဲခြားပြီးကောက်တယ်။ ခုက ဖတ်လည်းလာမဖတ်ဘဲ မီတာခမှန်းကောက်နေတယ်။ မီတာဘောက်ကဖြင့် ရေကြီးကတည်းကပျက်နေတာ လာမလှဲပေးဘူး။ မီတာဘောက်လှဲပေးဖို့ပြောတော့ နိုင်ငံတော်က မချပေးသေးလို့တဲ့ ။ ခုဆို အိမ်ကမီတာဘယ်လောက်သုံးလို့ ဘယ်လိုပေးရမလဲမသိဘူး။ သူတို့တောင်းသလောက်ပေးနေရတယ်”လို့ ပြောပါတယ်။ မီတာဘောက်မပျက်ခင် တစ်လကို မီတာခပျှမ်းမျှ တစ်သောင်းဝန်းကျင်သာရှိခဲ့ပေမယ့် ရေကြီးပြီး မီတာဘောက်ပျက်စီးသွားတဲ့နောက် နှစ်သောင်းခွဲဝန်းကျင်အထိ ပေးဆောင်နေရတယ်လို့ သူကဆက်ပြောပါတယ်။ ဒါဟာ ဘူးဂါးလျှပ်စစ်ရုံးကနေ မီတာယူနစ်မဖတ်ဘဲ မှန်းကောက်နေတာဖြစ်တယ်လို့ မြစ်ကြီးနားမြို့ခံတစ်ဦး ဆက်ပြောပါတယ်။ အလားတူ ရမ်ပူရပ်ကွက်ဘက်မှာလည်း မီတာယူနစ်ဖတ်ခြင်းမရှိဘဲကောက်ခံတာတွေရှိနေတယ်လို့ ရမ်ပူရပ်ကွက်နေ အမျိုးသမီးတစ်ဦး ခုလိုပြောပါတယ်။ “ကျမတို့အိမ်က မီတာဘောက်တော့ကောင်းတယ် ဒါပေမယ့် သူခိုးကြောက်လို့ တံခါးကအချိန်ပြည့်ပိတ်ထားတယ်။ မီတာယူနစ်ဖတ်တဲ့သူလာတာလည်းမတွေ့ဘူး ဖြတ်ပိုင်းကတော့ လကုန်ရင်တံခါးမှာ လာလာညှပ်ထားကြတယ်”လို့ ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘူးဂါးလျှပ်စစ်ရုံးတာဝန်ခံ ဦးဂမ်အောင်ကို KNG သတင်းဌာနက အကြိမ်ကြိမ်ဆက်သွယ်ပေမယ့် ဖုန်းလိုင်းအခက်ခဲကြောင့် ဆက်သွယ်လို့မရပါဘူး။ By – Zaw Zaw

    Read More »
  • Nov- 2022 -
    10 November
    သတင်း

    ကသာတွင် မီတာကြေးမဆောင်ကြသည့် ရပ်ကွက်တွင် မီးကြိုးများစတင်ဖြတ်တောက်နေ

    ကသာမြို့တွင် တစ်နှစ်ကျော်အတွက် ပေးဆောင်ရမည့် မီတာကြေးများကို လိုက်လံကောက်ခံနေပြီး မီတာကြေးမဆောင်ကြသည့် နေအိမ်များကို ကသာ EPC အဖွဲ့မှ မီးကြိုးဖြတ်တောက်မှုများ လုပ်ဆောင်ပေးနေကြောင်း ဒေသခံများပြောသည်။ မီတာကြေးကောက်ခံရာတွင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ကိုဗစ်ကာလအတွက်ပါ ပေးဆောင်ကြရန် အောက်တိုဘာ…

    Read More »
  • Sep- 2022 -
    23 September
    သတင်း

    ဗန်းမော်တွင် မီတာကြေးမဆောင်သည့် နေအိမ်များမှ မီတာဘောက်များ စစ်ကောင်စီအဖွဲ့ လိုက်လံဖြုတ်သိမ်းနေ

    ကချင်ပြည်နယ် ဗန်းမော်မြို့တွင် မီတာခမဆောင်နိုင်သည့် အိမ်ခြေများကို  စစ်ကောင်စီလက်ခံ EPC ၊ စစ်သားနှင့်ရဲများပူးပေါင်းကာ မီတာဘောက်များလိုက်လံဖြုတ်သိမ်းနေကြောင်း ဒေသခံပြည်သူများ ပြောဆိုချက်မှသိရသည်။ စစ်တင်ဘာလ ၂၂ရက်နေ့ မှစတင်ပြီး စစ်ကောင်စီအဖွဲ့  လူအင်အား ၃၀ ကျော်ခန့်ပါ စစ်ကား ၂စီး၊…

    Read More »
  • May- 2022 -
    17 May
    သတင်း

    ဗန်းမော်မြို့ ရပ်ကွက်အချို့တွင် မီတာဘောက် လိုက်လံဖြုတ်သိမ်းနေ

    ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ ရပ်ကွက်အချို့တွင် မီတာခ မပေးဆောင်သည့် နေအိမ်များမှ မီတာ ဘောက်များကို လျှပ်စစ်ရုံးဝန်ထမ်းများနှင့် ရဲများပူးပေါင်းကာ ယမန်‌နေ့နံနက်ပိုင်းမှ စတင်ကာ လိုက်လံ ဖြုတ်သိမ်းနေကြောင်း ဒေသခံများမှ သိရှိရသည်။ ဗန်းမော်မြို့တွင် မေလ ၉ ရက်နေ့မှစကာ…

    Read More »
  • 13 May
    သတင်း

    မီတာကြေး မပေးလျှင် မီတာဘောက်ပြန်သိမ်းခြင်းနှင့် တရားစွဲဆိုမှုများ ပြုလုပ်သွားမည်ဟု EPC ခြိမ်းခြောက်

    ကချင်ပြည်နယ် ၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ ပြည်သူများ မီတာခ မပေးဆောင်ပါက လျှပ်စစ်မီး ဖြတ်တောက်ခြင်း၊ မီတာဘောက် ပြန်သိမ်းမည့်အပြင် တရားစွဲဆိုသည်အထိ ပြုလုပ်သွားမည်ဟု မိုးမောက် မြို့နယ်လျှပ်စစ်ရုံးက စာဖြင့် ခြိမ်းခြောက်ထားကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။…

    Read More »
  • Mar- 2022 -
    24 March
    သတင်း

    မီတာခ မဆောင်လို့ဟု ဆိုကာ မော်ဟန်ကျေးရွာကို စစ်ကောင်စီမှ လျှပ်စစ် မီးဖြတ်တောက်

    မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာတွင် မီတာကြေး မဆောင်သောကြောင့်ဟုဆိုကာ စစ်ကောင်စီက တစ်ရွာလုံးကို လျှပ်စစ်မီးဖြတ်တောက်ထားကြောင်း သိရသည်။ မော်ဟန်ကျေးရွာ အိမ်ခြေ ၁၀၀၀ ကျော်ရှိသည့်အနက် အိမ်ခြေ ၆၀ ကျော်ခန့်ကသာ မီတာခ ဆောင်လေ့ရှိသောကြောင့် မတ်လ ၂၁ ရက်နေ့မှ…

    Read More »
Back to top button