မြစ်ကြီးနား

  • May- 2026 -
    11 May
    သတင်း

    ထောက်ပံ့ပွဲ ခေါင်းစဉ် နဲ့ မြစ်ဆုံရေကာတာ စီမံကိန်း စည်းရုံးမှုတွေ ဆက်လက်လုပ်ဆောင်နေ

    ကချင်ပြည်နယ် ဝန်ကြီးချုပ် ခက်ထိန်နန် ဦးဆောင်တဲ့ အဖွဲ့တွေဟာ မြစ်ကြီးနားမြို့ပေါ်  ရပ်ကွက်တွေမှာ ‘ထောက်ပံ့ ပေးအပ်ပွဲ’ခေါင်းစဉ် နဲ့ မြစ်ဆုံရေကာတာ စီမံကိန်း လုပ်ဆောင်နိုင်ဖို့ စည်းရုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အာဏာသိမ်း စစ်ဗိုလ်တွေ ခန့်အပ်တဲ့ ကချင်ပြည်နယ် အစိုးရအဖွဲ့တွေဟာ ရပ်ကွက်တွေမှာ ပြည်သူတွေကို…

    Read More »
  • 9 May
    သတင်း

    ယာဉ်မတော်တဆဖြစ်မှုမှာ အသက်မပြည့်တဲ့ကလေးတွေပါဝင်

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ  ဧပြီလတစ်လအတွင်းယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၅ ဦးအနက် အသက်မပြည့်သေးတဲ့ ကလေး ၃ ဦးထိပါဝင်နေတယ်လို့ လူမူကယ်ဆယ်ရေးအသင်းတွေပြောပါတယ်။

    Read More »
  • 5 May
    သတင်း

    အမျိုးသမီးတစ်ဦး ဆိုင်ကယ်တိုက်ခံရတဲ့ဒဏ်ရာကြောင့်သေဆုံး

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အမျိုးသမီးတစ်ဦး ဆိုင်ကယ်တိုက်ခံရပြီး အဲဒီဒဏ်ရာနဲ့ဘဲ မနေ့ကသေဆုံးသွားခဲ့ပြီဖြစ်တယ်လို့ မိသားစုဝင်တွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၂၉ရက်နေ့  ည ၉နာရီဝန်းကျင်အချိန် စံပြရပ်ကွက်၊ နယူးလူကြီးမင်းကားဝပ်ရှော့ဆိုင်မှာ အသက် ၅၀နှစ်အရွယ်အမျိုးသမီး လမ်းလျှောက်နေချိန် အနောက်ကနေအမျိုးသားတစ်ဦး ဆိုင်ကယ်နဲ့ ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။…

    Read More »
  • 5 May
    သတင်း

    လေယာဉ်လက်မှတ်ဈေးနှုန်း စစ်ဆေးပေးဖို့ တောင်းဆိုနေ

    မြစ်ကြီးနား လေကြောင်းခရီးစဉ်တွေမှာ လေယာဉ်လက်မှတ်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာကြောင့် သက်ဆိုင်ရာ လေကြောင်းတာဝန်ရှိသူတွေဘက်က သေချာစစ်ဆေးပေးဖို့ မြစ်ကြီးနားမြို့ခံ ပြည်သူတွေ တောင်းဆိုနေကြပါတယ်။ လက်ရှိမှာ မြစ်ကြီးနား–မန္တလေး၊ မြစ်ကြီးနား–ရန်ကုန် လေယာဉ်လက်မှတ်တစ်စောင်ကို ကျပ် ၁၃ သိန်းကနေ ၁၇ သိန်းလောက်ထိ…

    Read More »
  • 4 May
    သတင်း

    မြစ်ကြီးနားမှာ နေအိမ်တစ်လုံး မီးလောင်

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ နေအိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေဆီကနေ သိရပါတယ်။

    Read More »
  • Apr- 2026 -
    30 April
    သတင်း

    မက်သာဒုန်းရောင်းချသူတွေကို စည်းကမ်းကြပ်မတ်ပေးဖို့တောင်းဆို

    မြစ်ကြီးနားမြို့မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆေးရုံရှေ့မှာ မက်သာဒုန်းသောက်သုံးသူတွေက တစ်ဆင့်ပြန်ရောင်းတာတွေလုပ်နေတဲ့အတွက် စည်းကမ်းကြပ်မတ်ပေးဖို့ မက်သာဒုန်းသောက်သူတစ်ချို့တောင်းဆိုနေပါတယ်။ “မူးယစ်ဆေးဝါးသုံးစွဲသူအပေါ် မူတည်ပြီး မက်သာဒုန်းကို ၃၀၀ အားကနေပြီး စတိုက်ပေးတာဟုတ်တယ်။ အဲ့ဒါကို အကုန် မသောက်ဘဲ ဘယ်လို ခိုးသယ်လည်းတော့ မသိဘူး။ အပြင်မှာ ပြန်ရောင်းကြတယ်”လို့ မက်သာဒုန်းသောက်သူတစ်ဦး KNG ကိုပြောပါတယ်။ မက်သာဒုန်းဆေးရည်သောက်သူတစ်ချို့ဟာ ရောင်းလို့ရတဲ့ ငွေနဲ့ ဘိန်းဖြူ၊ရာမအစရှိတဲ့ မူးယစ်ဆေးပြန်ဝယ်ပြီး သုံးစွဲနေကြတယ်လို့ သူကဆက်ပြောပါတယ်။ မြစ်ကြီးနား မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆေးရုံကနေ မူးယစ်ဆေးစွဲနေသူတွေကို ဆေးစွဲလမ်းမှုမှ လျှော့ချရန် (သို့မဟုတ်) ဖြတ်ဖို့အတွက် မက်သာဒုံးဆေးရည်ကို ဆရာဝန်တွေရဲ့ ညွှန်ကြားချက်အတိုင်း နေ့စဉ် မနက်  ၉နာရီကနေ ၁၂ နာရီအထိ မြစ်ကြီးနားမြို့ ဂေါက်ကွင်းမျက်နှာချင်းဆိုင်မှာရှိတဲ့မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆေးရုံမှာ တိုက်ပေးနေတာဖြစ်ပါတယ်။ KNG ကနေစုံစမ်းရရှိထားချက်အရ မက်သာဒုန်းသောက်သူတွေဟာ သတ်မှတ်ထားတဲ့ ဆေးရုံဝန်းအတွင်း‌အပြီးသတ် သောက်သုံးစေခိုင်းတာတွေရှိပေမယ့် မက်သာဒုန်းဆေးရည်အကုန်မသောက်ပဲ  အပြင်ဘက် ခိုးဝှက်သယ်ယူပြီး တစ်သောင်းမှ သုံးသောင်းအထိ ဈေးအမျိုးမျိုးပြန်ရောင်းချလျက်ရှိနေတယ်လို့လည်းသိရပါတယ်။ “ကျနော်တို့ရွာဘက်ကဆိုရင်တော့ ကျန်းမာရေးစောင့်ရှောက်မှုခေါင်းစဉ်အောက်မှာရပ်ကျေးအဖွဲ့ကပါဝင်ပြီး လုပ်နေတာတွေရှိတယ် အဲဒါကြောင့် ကျနော်တို့အားရင်တော့  အမည်စာရင်းနဲ့တကွသွားထုတ်ပေးတာမျိုးတော့ရှိတယ်။ဒါပေမယ့် တစ်ခါတစ်လေတော့ သူတို့ကိုယ်တိုင်ထုတ်ခိုင်းတာတွေရှိတယ်။ ဘယ်လိုဖြစ်လို့ခုလိုလုပ်လာကြတာလဲမသိဘူး ဒီလိုဖြစ်စဉ်မျိုးက ခုနောက်ပိုင်းပိုကြားလာရတယ်”လို့ မိုင်းနားကျေးရွာအုပ်စုထဲက အမျိုးသားတစ်ဦးပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မြစ်ကြီးနားမြို့ရဲ့မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆေးရုံကို ဖုန်းနဲ့ဆက်သွယ်ပေမယ့် ဖုန်းလိုင်းအခက်ခဲကြောင့်  ဆက်သွယ်လို့မရသေးတာလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံတစ်ဝန်း ပြီးခဲ့တဲ့ ၂၀၀၆ ခုနှစ်ကစပြီး မက်သာဒုန်းစတင်တိုက်ကျွေးခဲ့ရာ ၂၀၁၈ ခုနှစ်မှာတော့ မက်သာဒုန်းစင်တာ ၅၀ ကျော်အထိတိုးချဲ့လာနိုင်ခဲ့တယ်လို့ ယခင်အစိုးရလက်ထက်ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားတာလည်းဖြစ်ပါတယ်။ By – Zami

    Read More »
  • 30 April
    သတင်း

    ရမ်ပူမှာ မူးယစ်ဆေးဝါးရောင်းဝယ်မှုကြောင့် ရပ်ကွက်နေပြည်သူတွေ နှောက်အယှက်ဖြစ်နေ

    ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ရမ်ပူရပ်ကွက်မှာ မိုးလင်းပေါက်မူးယစ်ဆေးဝါးရောင်းဝယ်သူတွေကြောင့် ရပ်ကွက်နေသူတွေ နေ့စဉ်လူမှုဘဝနေထိုင်မှုမှာ အဆင်မပြေမှုကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပုံမှန်ဆိုရင် နေ့ဘက်မှာသာရောင်းဝယ်ကြတာများပေမယ့်၊ပြီးခဲ့တဲ့ ဧပြီလ ၁၈ ရက်နေ့ မီးပျက်ပြီးနောက်ပိုင်း ညဘက်ကနေ မိုးလင်းအထိဆက်တိုက်ရောင်းဝယ်နေကြတယ်လို့ သိရပါတယ်။ ဒါကြောင့် မူးယစ်ဆေးဝါးရောင်းဝယ်လာဝယ်သူတွေရဲ့ ကားသံ၊ ဆိုင်ကယ်သံတွေကြောင့် တစ်ရပ်ကွက်လုံး ဆူညံနေပြီး  အိပ်မရတဲ့အထိဖြစ်နေတယ်လို့ ဆိုပါတယ်။ ရပ်ကွက်နေသူတစ်ဦးကတော့“အိမ်ရှေ့ကနေ တစ်ညလုံး ဖြတ်သွားနေတာပဲ။ ဆူညံသံတွေနဲ့ မီးလည်းပျက်၊ ပူလည်းပူတော့ အိပ်လို့မရဘူး”လို့ ပြောပါတယ်။ မူးယစ်ဆေးရောင်းသူတွေဟာ အရင်လို လမ်းကြားတွေမှာသာမဟုတ်တော့ဘဲ လမ်းမကြီးဘေးတစ်လျှောက် အိမ်တိုင်ရာရောက်ရောင်းနေကြတယ်လို့ သိရပြီး အဆိုးဆုံးက နယ်မြေ ၂၂ နဲ့ ၂၃ အပိုင်းဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ ထို့အပြင် ရောင်းဝယ်နေသူတွေထဲမှာ ရပ်ကွက်ထဲကသက်ဆိုင်ရာအာဏာပိုင်တချို့၊ ရဲတပ်ဖွဲ့တွေဘက်က ဆက်ကြေးယူပြီး ရောင်းဝယ်ခွင့်ပေးထားတဲ့အတွက် တိုင်ကြားဖို့ခက်ခဲနေတယ်လို့ သိရပါတယ်။ ဒီအခြေအနေတွေကြောင့် ရပ်ကွက်ထဲမှာ လုံခြုံရေးလည်းမရှိတော့သလို၊ ခိုးဆိုးလုယက်မှုတွေ မကြာခဏ ဖြစ်နေပြီး မူးယစ်ဆေးသုံးစွဲမှုကြောင့် သေဆုံးသူတွေကလည်း တစ်လကို ပျမ်းမျှ တစ်ဦးလောက် ရှိနေတယ်လို့ သိရပါတယ်။ ရမ်ပူရပ်ကွက်ဟာ ယခင်က  ငြိမ်းချမ်းတဲ့နေရာတစ်ခုဖြစ်ပြီး လုံလုံခြုံခြုံ သွားလာလို့ရတဲ့ နေရာတစ်ခုဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါပေမယ့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်းမှာ တိုင်းပြည်အခြေအနေမတည်မငြိမ် ဖြစ်လာပြီး ရွှေ့ပြောင်းနေထိုင်သူတွေများလာတာနဲ့အမျှ မူးယစ်ဆေးဝါးပြဿနာလည်း ပိုမိုဆိုးရွားလာတယ်လို့ ဆိုပါတယ်။ ရမ်ပူရပ်ကွက်မှာ နယ်မြေ ၂၄ ပိုင်းရှိပြီး အပိုင်းတစ်ခုစီမှာ အိမ်ခြေ ၄၀၀ ကျော်ရှိပြီး အိမ်ငှားတန်းလျားတွေများတဲ့နေရာတစ်ခုလည်း ဖြစ်တယ်လို့ သိရပါတယ်။ မူးယစ်ဆေးဝါးရောင်းဝယ်မှု စတင်ပျံ့နှံ့လာတာကတော့ အပိုင်း ၂၁ ကနေ ဖြစ်ပြီး၊ အဲ့ဒီအပိုင်းမှာ သုံးပုံတစ်ပုံလောက်က ရောင်းဝယ်နေကြတယ်လို့ ဆိုပါတယ်။ By – Hope

    Read More »
  • 28 April
    သတင်း

    ယာဉ်မတော်တဆဖြစ်ပြီး မိန်းကလေးငယ်တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ယာဉ်မတော်တဆမှုကြောင့် မိန်းကလေးတစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေဆီကနေ သိရပါတယ်။

    Read More »
  • 27 April
    သတင်း

    ပူတာအို-မြစ်ကြီးနားလမ်းပိုင်း ခရီးသွားများသတိထားသွားလာကြဖို့ပြော

    ပူတာအို - မကနလမ်းပိုင်းမှာ ဒီရက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့က စစ်ရေးလှုပ်ရှားနေတဲ့ ခရီးသွားပြည်သူတွေအနေနဲ့ သတိထားသွားလာကြဖို့ KIA  ရှေ့တန်းသတင်းရင်းမြစ်တွေပြောပါတယ်။

    Read More »
  • 25 April
    သတင်း

    ညမထွက်ရအမိန့်အကြောင်းပြပြီး အဖမ်းဆီးကြမ်းနေ

    မြစ်ကြီးနားမှာ စစ်တပ်နဲ့ရဲ့တွေဟာ ညမထွက်ရအမိန့်ကိုပြန်လည်အသက်သွင်းနေပြီး အဖမ်းဆီးအစစ်ဆေးကြမ်းနေတယ်လို့ မြို့ခံတွေပြောပါတယ်။

    Read More »
Back to top button