မြစ်ကြီးနားမြို့
-
Oct- 2024 -30 Octoberသတင်း
မီတာယူနစ်မဖတ်ဘဲ မီးကြေးကောက်ခံနေ
မြစ်ကြီးနားမြို့မှာ မီတာယူနစ်မဖတ်ဘဲ မီတာကြေးကောက်နေတယ်လို့ မြစ်ကြီးနားမှာနေထိုင်တဲ့ ပြည်သူတွေပြောပါတယ်။ ပြိီးခဲ့တဲ့ ဇူလိုင်လ ကချင်ပြည်နယ်တစ်ပြည်နယ်လုံးအတိုင်းတာနဲ့ရေကြီး၊ရေလျှံမှုတွေဖြစ်ခဲ့ပြီးနောက် မြစ်ကြီးနားမြို့ ရမ်ပူ၊ကြက်ပေါင်ခြံ၊မြို့သစ်ကြီး၊ ကွက်ကစ်ရပ်ကွက်အပါအဝင် ရပ်ကွက်တစ်ချို့ရေနစ်မြုပ်ပြီး မီတာဘောက်အများပိုင်းပျက်စီးတာတွေရှိခဲ့တယ်လို့ သိရပါတယ်။ မီတာဘောက်ပျက်စီးသွားပြီးနောက်ပိုင်း မီတာယူနစ်ဖတ်လို့မရတော့ပေမယ့် ဘူးဂါးလျှပ်စစ်ရုံးက မီတာခစာရွက်ဖြတ်ပိုင်း လတိုင်းလာပို့ပြီး မီတာခတွေကိုလည်း ပုံမှန်ပေးဆောင်ခိုင်းနေတယ်လို့ ကြက်ပေါင်ခြံရပ်ကွက် အမျိုးသားတစ်ဦး ခုလိုပြောပါတယ်။ “အရင်က ယူနစ်သုံးတဲ့အပေါ် ခွဲခြားပြီးကောက်တယ်။ ခုက ဖတ်လည်းလာမဖတ်ဘဲ မီတာခမှန်းကောက်နေတယ်။ မီတာဘောက်ကဖြင့် ရေကြီးကတည်းကပျက်နေတာ လာမလှဲပေးဘူး။ မီတာဘောက်လှဲပေးဖို့ပြောတော့ နိုင်ငံတော်က မချပေးသေးလို့တဲ့ ။ ခုဆို အိမ်ကမီတာဘယ်လောက်သုံးလို့ ဘယ်လိုပေးရမလဲမသိဘူး။ သူတို့တောင်းသလောက်ပေးနေရတယ်”လို့ ပြောပါတယ်။ မီတာဘောက်မပျက်ခင် တစ်လကို မီတာခပျှမ်းမျှ တစ်သောင်းဝန်းကျင်သာရှိခဲ့ပေမယ့် ရေကြီးပြီး မီတာဘောက်ပျက်စီးသွားတဲ့နောက် နှစ်သောင်းခွဲဝန်းကျင်အထိ ပေးဆောင်နေရတယ်လို့ သူကဆက်ပြောပါတယ်။ ဒါဟာ ဘူးဂါးလျှပ်စစ်ရုံးကနေ မီတာယူနစ်မဖတ်ဘဲ မှန်းကောက်နေတာဖြစ်တယ်လို့ မြစ်ကြီးနားမြို့ခံတစ်ဦး ဆက်ပြောပါတယ်။ အလားတူ ရမ်ပူရပ်ကွက်ဘက်မှာလည်း မီတာယူနစ်ဖတ်ခြင်းမရှိဘဲကောက်ခံတာတွေရှိနေတယ်လို့ ရမ်ပူရပ်ကွက်နေ အမျိုးသမီးတစ်ဦး ခုလိုပြောပါတယ်။ “ကျမတို့အိမ်က မီတာဘောက်တော့ကောင်းတယ် ဒါပေမယ့် သူခိုးကြောက်လို့ တံခါးကအချိန်ပြည့်ပိတ်ထားတယ်။ မီတာယူနစ်ဖတ်တဲ့သူလာတာလည်းမတွေ့ဘူး ဖြတ်ပိုင်းကတော့ လကုန်ရင်တံခါးမှာ လာလာညှပ်ထားကြတယ်”လို့ ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘူးဂါးလျှပ်စစ်ရုံးတာဝန်ခံ ဦးဂမ်အောင်ကို KNG သတင်းဌာနက အကြိမ်ကြိမ်ဆက်သွယ်ပေမယ့် ဖုန်းလိုင်းအခက်ခဲကြောင့် ဆက်သွယ်လို့မရပါဘူး။ By – Zaw Zaw
Read More » -
2 Octoberသတင်း
မြစ်ကြီးနားမြို့မှာ သန်းခေါင်စာရင်းစတင်ကောက်ခံ
ရွေးကောက်ပွဲဖြစ်မြောက်အောင်ကြိုးစားနေတဲ့ စစ်ကောင်စီက မြစ်ကြီးနားမြို့မှာ သန်းခေါင်စာရင်း စတင်ကောက်ခံနေပြီလို့ ဒေသခံတွေပြောပါတယ်။ အောက်တိုဘာလ ၁ ရက်နေ့ မနေ့ညပိုင်းကစလို့ မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်အားလုံးနီးပါးမှာ ရပ်ကွက်တာဝန်ရှိသူတွေကို သန်းခေါင်းစရင်းတွေ လိုက်လံကောက်ခံခိုင်းနေပြီဖြစ်တယ်လို့ ဂျန်မိုင်ကောာင်ဒေသခံအမျိုးသမီးတစ်ဦး ခုလိုပြောပါတယ်။ “ရက်ကွက်တချို့မှာတော့ စက်တင်ဘာ ၃၀ ရက်နေ့ညကစပြီး စကောက်နေပြီ။ အများပိုင်းကတော့ ဒီနေ့ညမှလိုက်ကောက်နေတယ်။ စစ်တပ်က အုပ်ချူပ်ရေးမှူးတွေကို စာရွက်တွေပေးထားတယ်။ အုပ်ချူပ်ရေးမှူးတွေက တစ်အိမ်ဝင်တစ်အိမ်ထွက် သန်းခေါင်စရင်းဖြည့်ဖို့ စာရွက်လိုက်ပေးတယ်။ ပြန်ဝင်ယူမယ်နော် ဆိုပြီး တစ်အိမ်ကို စာရွက် ၂ ရွက်စီ လိုက်ပေးတယ်။” လို့ ပြောပါတယ်။ စစ်ကောင်စီရဲ့ညွှန်ကြားမှုနဲ့ ရပ်ကွက်တာဝန်ရှိသူတွေဟာ စက်တင်ဘာ ၃၀ ရက်နေ့ကစပြီး မြစ်ကြီးနားမြို့တွင်း ရပ်ကွက်တချို့မှာ သန်းခေါင်စရင်းစကောက်ခံခဲ့တာဖြစ်ပြီး မနေ့ညအထိ ရပ်ကွက်အားလုံးနီးပါးမှာ လိုက်လံကောက်ခံနေပြီလို့ ဆိုပါတယ်။ သန်းခေါင်စာရင်းအတွက် နာမည်တွေဖြည့်စွက်ဖို့ စာရွက်တွေကို ရပ်ကွက်၊နယ်မြေမှူးတွေက တစ်အိမ်ဝင်တစ်အိမ်ထွက်လိုက်လံပေးထားပြီး ပြန်ဝင်ယူတဲ့ပုံစံနဲ့ လိုက်လံကောက်ပေးနေတာလို့ သိရပါတယ်။ အဲဒါအပြင် သန်းခေါင်စရင်းကောက်ခံဖို့ ပညာရေးဝန်ထမ်းတွေကိုလည်း စစ်ကောင်စီက တာဝန်ပေးအပ်ထားကြောင်း ဆက်လက်သိရပါတယ်။ “တစ်နှစ်မဟုတ် တစ်နှစ်တော့သူတို့ ရွေးကောက်ပွဲလုပ်နိုင်အောင် ကြိုးစားနေတာပေါ့။ အခုက ကချင်မှာဆို အကြပ်အတည်းပိုဖြစ်လာတော့ သူတို့လည်း တစ်ဖက်မှာ ရွေးကောက်ဖြစ်အောင်တော့ ကြိုးစားနေတာတွေ့ရတယ်။ ပညာရေးဝန်ထမ်းတွေ၊ ရပ်ကွက်အုပ်ချူပ်ရေးမှူးတွေကိုလည်း ဖိအားပေးတာတွေရှိနေတယ်လို့ ပြောတယ်။ အဲဒါကြောင့် နယ်မြေမှူးတွေ၊ ဆရာ၊ဆရာမတွေ လုပ်သာလိုက်လုပ်ပေးနေတာ သူတို့လည်းလုံခြုံရေးကိုက စိုးရိမ်ရနဲ့ ဖြစ်နေတယ်။” လို့ မြစ်ကြီးနားဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ အောက်တိုဘာလ ၁ ရက်နေ့ကစပြီး ၁၅ ရက်ကြာ ပြည်လုံးကျွတ် သန်းခေါင် စာရင်းကောက်ပေးဖို့အတွက် စစ်ကောင်စီတပ်ဟာ ပညာရေးဝန်ထမ်းတွေနဲ့ ရပ်ကွက်နယ်မြေမှူးတွေကို ဖိအားပေး ခြိမ်းခြောက်မှုတွေလည်း မြို့နယ်တော်တော်များများမှာ ဖြစ်ပွားနေတာဖြစ်ပါတယ်။ စစ်ကောင်စီဟာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို လက်နက်စွန့်ပြီး ပါတီနိုင်ငံရေးလမ်းကြောင်း၊ ရွေးကောက်ပွဲလမ်းကြောင်းတွေကနေ ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်ကြောင်း ထုတ်ပြန်ထားတွေလည်းရှိပါတယ်။ By – ဂျာဘောက်ရာ
Read More » -
Sep- 2024 -13 Septemberသတင်း
မြစ်ကြီးနားမှာ IP Starနဲ့ Star Link တပ်ဆင်ထားတဲ့ ဆိုင်တစ်ချို့နဲ့ ဟိုတယ်ကို စစ်ဆေးရေးတင်းကြပ်ပြီး ဖမ်းဆီးတာတွေရှိနေ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ IP Starနဲ့ Star Link တပ်ဆင်ထားတဲ့ ဆိုင်တစ်ချို့နဲ့ ဟိုတယ်တွေမှာ စစ်တပ်က စစ်ဆေးရေးတင်းကြပ်ပြီး ဝင်ရောက်ဖမ်းဆီးတာတွေရှိနေတယ်လို့ မြစ်ကြီးနားမြို့ခံတွေ ပြောပါတယ်။ စစ်ကောက်စီတပ်က ဇူလိုင်လ ၂၁ ရက်နေ့နောက်ပိုင်း ကချင်တစ်ပြည်နယ်လုံးကို ဖုန်းနဲ့ အင်တာနက်လိုင်း၊ wifi လိုင်းတွေဖြတ်တောက်ထားတာဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူတွေဟာ IP Starနဲ့Star Link ဂြိုလ်တုနဲ့အင်တာနက်ကို အခကြေးငွေပေးပြီး ဆိုရှယ်မီဒီယာသုံးတာ၊ ငွေလွှဲငွေထုတ်တာတွေလုပ်နေကြပေမယ့် စစ်တပ်က ဆိုင်တွေကိုရှောင်တခင်ဝင်စစ်ဆေးပြီး ဖမ်းဆီးတာတွေရှိနေတယ်လို့ မြစ်ကြီးနားဒေသခံတစ်ဦးက KNG ကို ခုလိုပြောပါတယ်။ “သူတို့အဓိက ဖမ်းတာက ငွေလွှဲငွေထုတ်လုပ်တဲ့သူတွေကိုဖမ်းတယ် ပြီးတော့တချို့မသင်္ကာတဲ့သူတွေကိုလည်းဖမ်းတယ်။ ကျွန်တော်တို့ဆိုင်မှာအရင်ပတ်တွေတော့ Kpay လွှဲလို့ရတယ် အခုတော့kapy လွှဲရင်ဖမ်းတယ်ဗျ။ အဲ့ကြောင့်ငွေလွှဲ ဘာညာတော့မရတော့ဘူး”လို့ မြစ်ကြီးနားမြို့ခံတစ်ဦး ပြောပါတယ်။ လက်ရှိ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ပြည်သူတွေဟာ IP Star နဲ့ Star Link တပ်ဆင်ထားတဲ့ နေရာတွေမှာ တစ်နာရီမှာ ၂ သောင်းခွဲပေးပြီး သုံးနေကြတာဖြစ်ပါတယ်။ ဒါပေမယ့် စစ်ကောင်စီတပ်က စက်တင်ဘာလ လဆန်းပိုင်းကစပြီး တပ်ကုန်းရပ်ကွက် အင်တာနက်အသုံးပြုလို့ရတဲ့ ဆိုင်တစ်ချို့နဲ့မြို့ပေါ် ဟိုတယ်တစ်ချို့မှာ အင်တာနက်အသုံးပြုတဲ့သူတွေကို ဝင်ရောက်ဖမ်းဆီးတာတွေရှိခဲ့တယ်လို့ သိရပါတယ်။ စစ်တပ်ဝင်ရောက်စစ်ဆေးခဲ့တဲ့ ဟိုတယ်၊မိုတယ်၊ ဖုန်းဆိုင်၊ အင်တာနက်အသုံးပြုလို့ရနေတဲ့ ဆိုင်တွေရဲ့ အမည်နာမအသေးစိတ်ကိုတော့ လုံခြုံရေးအရ ဖော်ပြခွင့်မပြုထားပါဘူး။ “အစကတော့ကျမ သူငယ်ချင်းလည်း သူ့တည်းခိုခန်းမှာလာတည်းတဲ့သူတွေလည်းအဆင်ပြေအောင် မိတ်တွေခေါ်တဲ့အနေနဲ့ Star Link လည်းတပ်မယ်ပေါ့ စီစဉ်ထားတာ။ ဒါပေမယ့်စစ်ကောင်စီဘက်က Star Link တပ်ရင် ဥပဒေနဲ့မလွတ်ကင်းဘူး။ အင်တာတက်ကိုသူတို့တားမြစ်ထားတယ်ပြောလို့ အခြားနေရာတွေလည်းအဖမ်းအဆီးတွေရှိလာတော့ မတပ်ဖြစ်တော့ဘူး ကြောက်နေရတာ”လို့ မြစ်ကြီးနားမြို့ခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။ ခုလို အင်တာနက်အသုံးပြုလို့ရတဲ့နေရာတွေကို ဖမ်းဆီးလာတာကြောင့် မြို့ခံပြည်သူတွေ ငွေလွဲငွေထုတ်ဖို့ပိုမိုခက်ခဲလာသလို အင်တာနက်အသုံးပြုသူတွေအတွက်လည်းလုံခြုံရေးစိုးရိမ်ရတာကြောင့် အသုံးပြုသူတွေနည်းလာတယ်လို့ သိရပါတယ်။ စစ်ကောင်စီဟာ မြစ်ကြီးနားမြို့ကို KIA ၊KPDF ပူးပေါင်တပ် စက်တင်ဘာလနဲ့အောက်တိုဘာလထဲမှာ မြို့ကိုသိမ်းပိုက်လာနိုင်တယ်ဆိုတဲ့သတင်းတွေပျံ့နှံ့လာတာကြောင့် အခုလိုအင်တာနက်လိုင်းတွေ ဖြတ်တောက်လိုက်တာလို့ သိရပါတယ်။…
Read More » -
Jul- 2024 -31 Julyသတင်း
မြစ်ကြီးနားမှာ ဖုန်း၊ အင်တာနက်လိုင်းပြတ်တောက်နေချိန် စစ်တပ်က စစ်ရေးပြင်ဆင်နေ
ကချင်တစ်ပြည်နယ်လုံ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ပြတ်တောက်နေချိန် စစ်ကောင်စီတပ်ဟာ မြစ်ကြီးနားမြို့တွင်း မြို့ပြင် စစ်ရေးပြင်ဆင်တာတွေလုပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ လက်ရှိ မြစ်ကြီးနား – ဆွမ်ပရာဘွမ်လမ်း ပလနကျေးရွာနဲ့ နောင်နန်းကျေးရွာတစ်ဝိုက် စစ်ကောင်စီဘက်က တပ်ချနေရာယူပြီး လက်နက်ကြီးတပ်ဆင်ထားတဲ့အပြင် နောင်နန်းကျေးရွာ ၁၀ မိုင် အထက်တန်းကျောင်းနဲ့ ဂျော်ဘွမ်ဆုတောင်း တောင်မှာလည်း တပ်စွဲထားတယ်လို့ ဒေသခံအမျိုးသမီးတစ်ဦး KNG ကို အခုလိုပြောပါတယ်။ “သူတို့အရင်ဆုံး KTCS ဓမ္မကောလိပ်ကျောင်းထဲကို ဝင်တယ်။ ကျောင်းကတာဝန်ရှိသူတွေက ကျောင်းထဲမှာ လူအရမ်းများပြီး နေရာမရှိကြောင်းပြောလို့ အဲကနေထွက်လာပြီး ၁၀ မိုင်စာသင်ကျောင်း မှာတစ်ဖွဲ့ နေနေတယ်။ ကျောင်းက ဆောက်လုပ်နေဆဲ အဆောင်သစ်ထဲမှာ နေနေတယ်။ ဂျော်ဘွမ်မှာလည်း အင်အား ၂၀ ၊၃၀ လောက်ရှိတယ်။ အားလုံး ၆၀၊ ၇၀ လောက်ရှိမယ်။ ဂျော်ဘွမ်မှာတပ်ချနေတဲ့ အဖွဲ့က သွားလာတဲ့ဆိုင်ကယ်တွေကို ရပ်ခိုင်းပြီး မေးတာမြန်းတာရှိတယ်။ KIA တွေလာမစရင်တော့ဘာမှမဖြစ် လောက်ဘူး။ ဘာစရင်တော့ KTCS ကျမ်းစာကျောင်းကို စစ်တပ်က နှောက်ယှက်လိမ့်မယ်။” လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။ ဇူလိုင် ၂၉ ရက်နေ့မနက်ကစပြီး အင်အား ၆၀ ခန့်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ကချင်နှစ်ခြင်းခရစ်ယာန် ဓမ္မကောလိပ်ကျောင်း KTCS ဝင်းထဲ ဝင်ရောက်လာပြီး တပ်ချနေရာယူဖို့ ပြင်ဆင်လာတာလို့ ဆိုပါတယ်။ ဒါပေမဲ့ KTCS ဓမ္မကောလိပ်ကျောင်းဝင်းထဲ ကျောင်းသား၊သူများတာကြောင့် နေရာမရှိတဲ့အတွက် လက်ရှိ ဂျော်ဘွမ်ဆုတောင်းတောင်မှာတစ်ဖွဲ့ ၊ နောင်နန်း ၁၀ မိုင်အထက်တန်းကျောင်းထဲမှာတစ်ဖွဲ့ စသဖြင့် နှစ်ဖွဲ့ခွဲပြီး တပ်ချနေရာယူထားတယ်လို့ သိရပါတယ်။ လက်ရှိ ၁၀ မိုင်အထက်တန်း စာသင်ကျောင်းမှာ ကလေးတွေကျောင်းတက်နေပေမဲ့ စစ်တပ်က တပ်ချနေရာယူထားပြီး ဂျော်မဆတ်နှစ်ခြင်းဘုရားကျောင်းနဲ့ KTCS ဓမ္မကောလိပ်ကျမ်းစာကျောင်းနဲ့ အနီးဆုံးမှာလည်း နေရာယူထားတယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ဟာ မြစ်ကြီးနား – ဆွမ်ပရာဘွမ်လမ်း ပလန မရောက်ခင် ရွှေစက်ရပ် ကွက် လမ်းမဘေး ဘုန်းကြီးကျောင်းထဲမှာလည်း လက်နက်တပ်ဆင်ထားပြီး ပလနမီးသတ်ရုံးနဲ့ ရဲစခန်းနေရာတစ် လျှောက် နေရာယူအင်အားဖြည့်ထားတယ်လို့ ဆက်သိရပါတယ်။ လတ်တလော မြစ်ကြီးနားမြို့ထဲမှာ စစ်ကောင်စီတပ်ဟာ ညတိုင်း ကင်းလှည့်လှုပ်ရှားတာတွေ၊ မြို့ပြင်ဘက်တွေမှာ နေရာယူ တပ်ချထားပြီး လုံခြုံရေးတင်းကြပ်ထားတယ်လို့ သိရပါတယ်။ ကချင်တစ်ပြည်နယ်လုံးအတိုင်းအတာ ဖုန်းလိုင်း၊အင်တာနက်အားလုံး ပြတ်တောက်နေတာနဲ့ပတ်သက်ပြီး စစ်ကောင်စီလက်အောက် ကချင်ပြည်နယ်ဝန်ကြီးချူပ် ဦးခက်ထိန်နန်က ကချင်သတင်းဌာန KNG ကိုအခုလိုပြောပါတယ်။…
Read More » -
4 Julyအင်တာဗျူး
ဧရာဝတီ မြစ်ရေစံချိန်ကျော်မြင့်တက်ခဲ့တဲ့ မြစ်ကြီးနားမြို့ အခြေအနေ မေးမြန်းချက်
မြစ်ကြီးနားမြို့မှာ ဇွန်လ ၃၀ ရက်နေ့ကစပြီးဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ် ၁၂၀၀ စင်တီမီတာထက် ၆ ပေကျော်မြင့်တက်ခဲ့ပြီး တစ်မြို့လုံးနီးပါးရေဘေးဒဏ်ကြုံခဲ့ပါတယ်။
Read More » -
Jun- 2024 -3 Juneသတင်း
ရမ်ပူရပ်ကွက်မှာ ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်မှာ ဒီကနေ့ မနက်ပိုင်း ၁၀ နာရီလောက်က ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ရမ်ပူရပ်ကွက် လမ်းသွယ်၂၁၊ ၂၃ မှာရှိတဲ့ ရွှေမင်းသမီးအမည်ရှိတဲ့ ရွှေဆိုင်ကို သေနတ်ကိုင်ထားတဲ့ လူငယ် ၃ ဦးက…
Read More » -
May- 2023 -25 Mayသတင်း
မြစ်ကြီးနားတွင် အမျိုးသားတစ်ဦး သေနတ်ပစ်သတ်ခံရ
မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် ကုန်တင်ကုန်ချ ယာဉ်ရပ်နားစခန်းအနီးတွင် ယနေ့ နေ့လည် ၁ နာရီဝန်းကျင်တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ “လမ်းမှာသွေးတွေနဲ့သေနေတဲ့လူတစ်ယောက်တွေ့ခဲ့တယ် အစတော့ ဆိုင်ကယ်တိုက်တာလို့ ထင်နေတာ အဲနားကလူတွေကို မေးကြည့်တော့မှ ပစ်သတ်ခံရတာတဲ့”…
Read More » -
Jan- 2023 -20 Januaryစစ်ပြေးဒုက္ခသည်များ
ရွေးကောက်ပွဲအတွက် စစ်ဘေးရှောင်စခန်းတွေမှာ လူဦးရေစာရင်း စတင်ကောက်ခံနေ
အာဏာသိမ်းစစ်ကောင်စီတပ်ကနေ ဦးဆောင်ပြီး လာမယ့် ဩဂုတ်လမှာကျင်းပမယ့် အထွေအထွေရွေးကောက်ပွဲအတွက် မြစ်ကြီးနားမြို့ပေါ်က စစ်ရှောင်စခန်းတွေမှာ လူဦးရေစာရင်း စတင် ကောက်ခံနေပြီလို့ သိရပါတယ်။ အဲ့ဒီလူဦးရေစာရင်းကိုတော့ ဇန်နဝါရီလ ၉ ရက်ကနေ ၃၀ ရက်အတွင်းကောက်ယူပေးဖို့ စစ်ကောင်စီတပ်က စစ်ဘေးရှောင်တာဝန်ခံတွေကို ညွှန်ကြားထားတာလို့ မြစ်ကြီးနား မြို့ပေါ်က စခန်းနာမည် မဖော်လိုတဲ့ စစ်ရှောင်တစ်ဦးက…
Read More » -
Nov- 2022 -16 Novemberသတင်း
အူဗျစ် ကျေးရွာမှ နေအိမ်တစ်အိမ်ကို စစ်ကောင်စီတပ်က ဘက်ဟိုးဖြင့် ဖျက်ဆီးဖြိုချ
မြစ်ကြီးနားမြို့ အူဗစ် (U Byit) ကျေးရွာတွင် ဖမ်းဆီးခံရသူ KIO အရာရှိများထဲမှ တစ်ဦး၏ ဆွေမျိုးနေအိမ်ကို စစ်ကောင်စီတပ်မှ ယနေ့ နံနက်ပိုင်းတွင် ဘက်ဟိုးဖြင့် သွားရောက်ဖျက်ဆီးလိုက်သည်ဟု သိရသည်။ နိုဝင်ဘာ ၁၆ ရက် ယနေ့နံနက် ၅ နာရီအချိန်တွင် စစ်ကောင်စီကား ၅ စီးဖြင့် အင်အား ၅၀ ကျော်ခန့်ဖြင့်…
Read More » -
15 Novemberသတင်း
KTV ဆိုင်တွင် ဖမ်းဆီးခံရသော KIO အရာရှိများများမှတဆင့် နောက်ဆက်တွဲ ဖမ်းဆီးမှုများပြုလုပ်နေ
မြစ်ကြီးနားမြို့ KTV ဆိုင်တွင် ဖမ်းဆီးခံရသော KIO အရာရှိများမှတဆင့် အခြား ထပ်မံ ဖမ်းဆီးခံရသူများလည်း ရှိနေကြောင်း သိရသည်။ တပ်ကုန်းရပ်ကွက် ရွှေလမ်းမကြီးပေါ်ရှိ Happy KTV ၌ နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက် ၅ နာရီခွဲခန့်တွင် စစ်ကောင်စီ အင်အား ၂၀ ခန့်သည် KIO အုပ်ချုပ်ရေးပိုင်း အရာရှိများ ပျော်ပါးနေသော…
Read More »









