ရှမ်းမြောက်
-
Jul- 2024 -8 Julyသတင်း
လားရှိုးမှာ ၅ ရက်အတွင်း အရပ်သား ၁၇ ဦးသေဆုံး
“မနေ့ည ရှော့တိုက်ဒုံးပစ်တဲ့ဟာ ည ၁၀ နာရီခွဲလောက်မှာ အိမ်တစ်အိမ်ထိသွားတာ။ အိမ်တစ်အိမ်ထိတော့ ယောက်ျားလေး ၃ ယောက်ရှိတယ်။ ၂ ယောက်က ထိခိုက်ဒဏ်ရာရတယ် တစ်ယောက်က ဆုံးသွားတယ်။ ထိခိုက်တဲ့သူတွေက ဆိုးဆိုးဝါးဝါးတော့မဟုတ်ဘူး တစ်ယောက်က ခြေထောက်ထိ၊ တစ်ယောက်က မျက်နှာတွေမှာထိတယ်။”လို့ နီးစပ်တဲ့ဒေသခံအမျိုးသားတစ်ဦးက ကချင်သတင်းဌာန KNG ကို ပြောပါတယ်။
Read More » -
3 Julyသတင်း
လားရှိုးမှာ လက်နက်ကြီးကျပေါက်ကွဲလို့ မိသားစုဝင် ၆ ဦးသေဆုံး
ရှမ်းမြောက် လားရှိုးမြို့အနီး စစ်ကောင်စီတပ်နဲ့ ညီနောင်မဟာမိတ်တပ်အကြား တိုက်ပွဲပြင်းထန်နေပြီး လူနေရပ်ကွက်ထဲလက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် မိသားစု ၆ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဇူလိုင် ၃ ဒီနေ့မနက် ၇ နာရီဝန်းကျင်လောက်မှာ လားရှိုးမြို့ ရပ်ကွက်(၁)ဗျူဟာလမ်းထဲက နေအိမ်တစ်အိမ်ထဲလက်နက်ကြီးကျရောက်ပေါက်ကွဲတဲ့အတွက် အမျိုးသမီး ၂ ဦး၊ ကလေး ၃ ဦး၊ အမျိုးသား ၁ ဦး စုစုပေါင်း ၆ ဦးသေဆုံးခဲ့ရတယ်လို့ အိမ်နီးချင်းက ဒေသခံတွေဆီကနေ သိရပါတယ်။ “လက်နက်ကြီးသံတွေပဲ ကြားနေရတယ်။ ဒီမနက်တော့ ဘယ်ကပစ်လိုက်တဲ့လက်နက်ကြီးလည်း မသိဘူး အိမ်တစ်အိမ်မှာလာကျပြီး မိသားစု ၅ ဦးသေဆုံးသွားတာ။ လက်နက်သံတွေ ဆိုးဆိုးရွားရွားမြည်လာတော့ အိမ်နဲ့လည်းအရမ်းနီးတာနဲ့ ကျမတို့လည်း ကတုတ်ကျင်းထဲပဲပြေးဝင်နေချိန် အိမ်နားကပဲ အဲလိုဖြစ်သွားတာ။” လို့ အနီးနားရှိသူ ဒေသခံအမျိုးသမီးတစ်ဦးက ကချင်သတင်းဌာန KNG ကို ပြောပါတယ်။ သေဆုံးသွားသူ မိသားစုမှာ မုဆိုးမဖြစ်သူ ဒေါ်မခေါ်မာဂျီနဲ့ သားကြီး ဇနီးမောင်နှံအပြင် သားငယ်တစ်ဦး နဲ့ အိမ်မှာကျောင်းလာတက်ရင်းနေနေတဲ့ ကလေး ၂ ဦး စုစုပေါင်း ၆ ဦး သေဆုံးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ လက်နက်ကြီးကြောင့် သေဆုံးသွားတဲ့ရုပ်အလောင်းကိုတော့ အသင်းတော်အဖွဲ့အစည်းက ဘုရားကျောင်းကိုသွားရောက်သယ်သွားခဲ့ပေမယ့် အလောင်းကိုစစ်ဆေးရမယ်လို့ဆိုကာ လူမှုကူညီရေးအသင်းပြန်လာသယ်ယူပြီး လက်ရှိရင်ကွဲရုံကိုပြန်ပို့ထားတယ်လို့ သိရပါတယ်။ လားရှိုးမြို့နယ် နောင်မွန်ကျေးရွာအနီး စစ်ကောင်စီတပ်နဲ့ ညီနောင်မဟာမိတ်တွေအကြား မနေ့ည သန်းခေါင်ချိန်ကစပြီး တိုက်ပွဲတွေပြန်လည်ပြင်းထန်လာတာဖြစ်တယ်လို့ဆိုပါတယ်။ ညီနောင်မဟာမိတ်အဖွဲ့ဘက်က လားရှိုးမြို့ပတ်ပတ်လည်ရောက်ရှိနေပြီဖြစ်ကြောင်းနဲ့ စစ်ကောင်စီတပ်ဘက်ကလည်း လားရှိုးမြို့ထဲကနေ လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ်နေတယ်လို့ ဒေသခံတွေပြောပါတယ်။ “အခု ပြေးမယ်ဆိုလည်း ဘယ်ကိုပြေးရမှန်းမသိနေဘူး။ ဘာကြောင့်ဆို ကွတ်ခိုင်ဘက်လမ်းလည်း တူးဖော်ဖြတ်တောက်ထားတယ်။ တန့်ယန်းလမ်းတစ်ခုပဲပေါက်တာလည်း ဒီမနက်ကပဲ တံတားထိထားတယ်ကြားတယ်။ မြို့အပြင်ထွက်ဖို့ လမ်းမတွေ့တော့ဘူး။ အခုလောလောဆယ်က ကိုယ့်အိမ်ဝင်းထဲက ကတုတ်ကျင်းတွေမှာပဲ ခိုလှုံနေကြရတယ်။”လို့ လားရှိုးဒေသခံအမျိုးသမီးက ဆက်ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၂၀ ကျော်လောက်ကစပြီး လားရှိုးမြို့အနီး စစ်ကောင်စီတပ်နဲ့ ညီနောင်မဟာမိတ်တွေကြား စစ်ရေးတင်းမာလာတာဖြစ်ပြီး စစ်တပ်ဘက်က လားရှိုးမြို့ကို ဝင်တဲ့အထက်ပိုင်းလမ်းကြောင်းအားလုံးကို ဘတ်ဖိုးနဲ့တူးကာ လမ်းတွေဖြတ်တောက်လိုက်တာဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးပြီးနောက် တရုတ်ကြားဝင်မှုနဲ့ စစ်ကောင်စီတပ်နဲ့ ညီနောင်မဟာမိတ်တွေအကြား အပစ်ခတ်ရပ်စဲရေးလက်မှတ်ကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်နေ့မှာပဲ လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမဲ့ စစ်ကောင်စီဘက်က ညီနောင်မဟာမိတ်တွေရှိတဲ့ဘက်ကို လက်နက်ကြီးအပါအဝင်လေကြောင်းနဲ့အကြိမ်ကြိမ်လာရောက်ပစ်ခတ်တာတွေ ပြုလုပ်တာကြောင့် ၁၀၂၇ စစ်ဆင်ရေး ဒုတိယအပိုင်းတစ်ဖန်ပြန်လည် စတင်နေတာဖြစ်ပါတယ်။ By –…
Read More » -
Jun- 2024 -26 Juneသတင်း
နောင်ချိုမြို့တွင်း အစိုးရရုံးအားလုံး TNLA ပူးပေါင်းတပ်ထိန်းချုပ်ထားပြီး တိုက်ပွဲဆက်ပြင်းထန်နေ
ရှမ်းမြောက် နောင်ချိုမြို့ကို TNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့ ဝင်ရောက်ထိန်းချူပ်ထားပြီး စစ်ကောင်စီတပ်စခန်းကြီးတွေကို ဆက်လက်တိုက်ခိုက်နေဆဲဖြစ်တယ်လို့ ဒေသခံများထံမှ သိရပါတယ်။ လားရှိုးနဲ့ ပြင်ဦးလွင်ကြားမှာရှိတဲ့ နောင်ချိုမြို့ထဲကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်ဖွဲ့တွေ ဇွန်လ ၂၅ ရက် မနေ့ကစပြီး မြို့တွင်း ဌာနဆိုင်ရာအစိုးရရုံးအားလုံးကို သိမ်းပိုက်ထိန်းချူပ်လိုက်ပြီး နောင်ချိုအခြေစိုက်တပ်ရင်းကြီးတွေကို ဆက်လက်ထိုးစစ်ဆင်နေဆဲဖြစ်တယ်လို့ နောင်ချိုပြည်သူတစ်ဦးက Kachin News Group KNG သတင်းဌာနကို ပြောပါတယ်။ “စစ်ကောင်စီတပ်စခန်းကြီးတွေရှိ နေသေးတာကြောင့် သိမ်းပြီလို့ပြောပေမဲ့ အားလုံးမဟုတ်သေးဘူး။ မြို့တွင်းက ဌာနဆိုင်ရာတွေမှာ နေရာယူထားတာလောက် ပဲရှိသေးတယ်။ TNLA နဲ့ PDF တွေ မြို့တွင်းဝင်လာတာနဲ့ ဌာနဆိုင်ရာအသီးသီးကသူတွေ တချို့ထွက်ပြေးသူကထွက်ပြေးနဲ့ အားလုံးရှောင်သွားတာကြောင့်အခုမြို့ထဲကိုတော့ ဝင်ရောက်နေရာယူထားနိုင်ပြီ” လို့ နောင်ချိုတစ်ဝိုက်ဒေသကျွမ်းကျင်သူတစ်ဦးက ပြောပါတယ်။ နောင်ချို့မြို့ထဲရှိ မြို့နယ်ရုံး ၊ရဲစခန်း၊ စည်ပင်၊ မိုးဇလရုံး ၊ စစ်မှုထမ်းဟောင်းရုံး၊ မီးသတ်ရုံးနဲ့ ပြည်သူ့ဆေးရုံစတဲ့ ဌာနဆိုင်ရာ အစိုးရရုံးအားလုံးကို TNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်နေရာယူထားလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။ လက်ရှိမှာတော့ နောင်ချိုမြို့ထဲက စစ်ကောင်စီတပ်စခန်း ခမရ ၁၁၄၊ ခမရ ၁၁၅ နဲ့ ခမရ ၁၁၇ စတဲ့ စစ်ကောင်တပ်ရင်းကြီးတွေကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ ဇွန်လ ၂၅ မနေ့က မနက်အစောပိုင်းကစပြီး ရှမ်းမြောက် နောင်ချို၊ ကျောက်မဲ၊ သီပေါ နဲ့ မိုးကုတ်စတဲ့မြို့တွေမှာ စစ်ကောင်စီနဲ့ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA၊ PDF တပ်ပေါင်းစုတွေ တိုက်ပွဲပြန်လည်ဖြစ်ပွားလာတာဖြစ်ပါတယ်။ မိုးကုတ်ဘက်မှာတော့ မြို့ပြင်နေရာတချို့မှာ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး ကျောက်မဲနဲ့ သီပေါမြို့နားတဝိုက်မှာလည်း တိုက်ပွဲဖြစ်နေပါတယ်။ ဇွန်လ ၂၆ ရက် ဒီမနက်အထိတော့ မြို့ကြီးနဲ့ စစ်ကောင်စီစခန်းသိမ်းတာတွေ သတင်းမရရှိသေးဘူးလို့ PSLF/TNLA ပြန်ကြားရေးတာဝန်ခံ မလွေးရယ်ဦးက ကချင်သတင်းဌာနကို ပြောပါတယ်။ “တိုက်ပွဲကတော့ ကျမတို့ထုတ်ပြန်ထားတဲ့အတိုင်း တိုက်ပွဲပြင်းထန်နေတယ်။ အဲလိုမျိုးစခန်းသိမ်းတာတော့ ကျမတို့ဆီမှာ သတင်းမရသေးဘူး။တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ ကြားသိရတယ်။” လို့ PSLF/TNLA ပြန်ကြားရေးတာဝန်ခံ မလွေးရယ်ဦးကပြောပါတယ်။ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုများတယ်လို့သိရပြီး အတိအကျတော့ မသိရှိရပါဘူး။ နောင်ချိုမှာလက်ရှိ စစ်ကောင်စီဘက်က ဖုန်းလိုင်းတွေဖြတ်တောက်ထားတာကြောင့် မြို့တွင်းအိမ်အစောင့်အဖြစ် ကျန်နေတဲ့ ဒေသခံတွေနဲ့ချိတ်ဆက်နိုင်ဖို့လည်း ခက်ခဲနေဆဲဖြစ်သလို နောက်ဆုံးရရှိထားတဲ့သတင်းအရ ဒေသခံအားလုံးနီးပါးတော့ လားရှိုး – ကျောက်ဂူလမ်းဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။ ပြင်ဦးလွင် – နောင်ချို– လားရှိုးလမ်းပိုင်းလက်ရှိချိန် ဖြတ်သန်းသွားလာလို့မရပဲ လားရှိုး – တောင်ကြီးဘက်လမ်းကနေ မန္တလေးအသွားအလာလုပ်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ရှမ်းမြောက်မှာ တရုတ်ကြားဝင်မှုနဲ့ စစ်ကောင်စီနဲ့ မဟာမိတ် ၃ ဖွဲ့ကြား အပစ်ခတ်ရပ်စဲရေး သဘောတူစာချူပ်ချူပ်ဆိုထားပေမဲ့ စစ်ကောင်စီဘက်က တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA ရှိတဲ့ တပ်စခန်းတွေနဲ့ မြို့နေရာတွေကိုပါ ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်တာကြောင့် ပြန်လည်ခုခံခြင်းအားဖြင့် အခုလို တိုက်ပွဲပြန်လည်ဖြစ်ပွားလာခြင်းဖြစ်တယ်လို့ TNLA ဘက်က ပြောဆိုပါတယ်။ By – ဂျာဘောက်ရာ
Read More » -
20 Juneသတင်း
KIA နဲ့ TNLA အကြားလတ်တလောဖြစ်နေတဲ့ ပြသာနာ စိုးရိမ်စရာမလိုဘူးလို့ လက်နက်ကိုင်နှစ်ဖွဲ့ပြော
ရှမ်းမြောက် နေရာတစ်ချို့မှာ KIA နဲ့ TNLA လက်နက်ကိုင်နှစ်ဖွဲ့ကြား မြေပြင်မှာ ပြဿနာတွေ ဆက်တိုက်ဖြစ်ပွားနေတာနဲ့ပတ်သက်ပြီး လူထုတွေ စိုးရိမ်စရာမလိုဘူးလို့ တော်လှန်ရေးတပ်ဖွဲ့နှစ်ဖွဲ့လုံးက ပြောပါတယ်။ ရှမ်းမြောက် မန်တုံမြို့နယ်နဲ့ မိုးမိတ် – မဘိမ်းဘက်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA…
Read More » -
14 Juneသတင်း
KIA ဖြတ်တောက်ထားတဲ့လမ်းဟာ အများပြည်သူသုံးလမ်းမဟုတ်ဘဲ TNLA တပ်ရဲ့သတ္တုတင်တဲ့ကုမ္မဏီကားနဲ့လူအဝင်အထွက်လမ်းသာဖြစ်တယ်လို့ဆို
ရှမ်းမြောက် မန်တုံမြို့နယ် မိုင်းမော်(Mungmaw) အနီး KIA ဘက်ကဖြတ်တောက်လိုက်တဲ့လမ်းဟာ အများပြည်သူသုံးတဲ့လမ်းမဟုတ်ဘဲ TNLA တပ်ရဲ့ သတ္တုတင်တဲ့ကားတွေနဲ့ ကုမ္မဏီလူတွေအဝင်အထွက်လုပ်နေတဲ့လမ်းပိုင်းသာဖြစ်တယ်လို့ KIO ဘက်က ပြောဆိုပါတယ်။ မိုင်းမော်နမ်ဟိုင်း(Mungmaw) နဲ့ မိုင်းဝီး( Mungwi) ကိုဆက်သွယ်ထားတဲ့ကားလမ်းပိုင်းကနေ အရှေ့ဘက်ဘော်ဟိုကျန့်…
Read More » -
7 Juneသတင်း
ရှမ်းမြောက်မှာ KIA သိမ်းပိုက်ထားတဲ့ ကျေးရွာတချို့ကို မြို့ပြအဆင့် ပြောင်းလဲသတ်မှတ်
ရှမ်းမြောက်မှာ KIA တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ကျေးရွာတစ်ချို့ကို မြို့ပြအဖြစ်ပြောင်းလဲသတ်မှတ်ပြီး မြို့အင်္ဂါရပ်နဲ့ ပြည့်စုံတဲ့အုပ်ချူပ်ရေး ယန္တရားစတင်ချမှတ်နေပြီလို့ KIO ဘက်က ပြောပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF တပ်ပေါင်းတွေတိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ ရှမ်းမြောက် နမ့်ဖတ်ကာနဲ့ မိုင်းမော်(နမ်ဟိုင်း) စတဲ့ကျေးရွာတွေကို…
Read More » -
3 Juneသတင်း
ရှမ်းမြောက် ကွတ်ခိုင်နဲ့မုံးကိုးအပါအဝင် နေရာတစ်ချို့မှာ ကိုးကန့် MNDAA တပ်စွဲနေရာယူထားလို့ စာသင်ကျောင်းဖွင့်ဖို့အခက်ခဲဖြစ်နေ
ရှမ်းမြောက် ကွတ်ခိုင်နဲ့ မုံးကိုးဒေသကျေးရွာအပါအဝင် နေရာတစ်ချို့မှာရှိတဲ့ စာသင်ကျောင်းဝင်းထဲ ကိုးကန့် MNDAA ကတပ်စွဲနေရာယူလိုက်တာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ ကလေးတွေအတွက်ကျောင်းဖွင့်နိုင်ဖို့ အခက်အခဲကြုံနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။ နမ့်ဖတ်ကာကျေးရွာအနီး ခိုမုန်းကျေးရွာအခြေခံပညာရေးကျောင်းမှာ ကိုးကန့် MNDAA တပ်ဖွဲ့တွေ တပ်ချနေရာယူထားတာ ၅ လကျော်ကြာမြင့်နေပြီး ဒီကနေ့ထိ ပြောင်းရွှေ့ပေးတာမရှိတဲ့အတွက် ၂၀၂၄–၂၀၂၅ စာသင်နှစ်အတွက်ကျောင်းဖွင့်ဖို့ အခက်ခဲဖြစ်နေတယ်လို့ ဒေသခံတွေပြောပါတယ်။ “ကျနော်တို့ ကျောင်းဖွင့်ဖို့လုပ်နေပေမဲ့ ကိုးကန့် MNDAA က ကျောင်းမှာ နေရာယူနေတယ်။ သူတို့ကျောင်းမှာနေလိုက်တော့ ကျနော်တို့ဘယ်လိုမှ လှုပ်ရှားလို့မရနေဘူး။ ကျောင်းဖွင့်နိုင်ဖို့တော်တော်ခက်နေတယ်။ သတင်းကြားရတာတော့ သူတို့က တရုတ်ကျောင်းအဖြစ် ပြောင်းဖွင့်ဖို့ ပြင်ဆင်နေတယ်လို့သတင်းထွက်နေတယ် သူတို့က လုံး၀မရွှေ့ပေးဘူး။ ရွာသားတွေရဲ့ ဆန္ဒက ကိုးကန့်တွေကို ကျောင်းကနေ ရွှေ့ပေးပါ။ အဲဒီကျောင်းကို NUG နဲ့ချိတ်ပြီး နမ့်ဖတ်ကာနဲ့ ပူးတွဲပြီး ကျောင်းဖွင့်ဖို့ ပြင်ဆင်နေကြတာဖြစ်ပါတယ် အခုသူတို့က လုံး၀မရွှေ့ပေးဘူး။ ဆေးရုံဆေးပေးခန်းနဲ့ စာသင်ကျောင်းကို သူတို့နေရာယူလိုက်တာ။ ဆေးရုံမှာက TNLA နဲ့ MNDAA နှစ်ဖွဲ့လုံးနေရာယူနေတယ်။”လို့ ကွတ်ခိုင် ခိုမုန်းကျေးရွာဒေသခံတစ်ဦးက ကချင်သတင်းဌာန KNG ကိုပြောပါတယ်။ လက်ရှိ ကိုးကန့်တပ်တွေတပ်စွဲနေရာယူထားတဲ့ ခိုမုန်းကျေးရွာ စာသင်ကျောင်းမှာ NUG နဲ့ချိတ်ပြီး နမ့်ဖတ်ကာနဲ့ပူးတွဲပြီး စာသင်ကျောင်းဖွင့်ဖို့ရွာသားတွေ ပြင်ဆင်နေတာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။ ခိုမုန်းကျေးရွာ စာသင်ကျောင်းမှာ MNDAA တပ်ဖွဲ့နေရာယူလိုက်တဲ့အပြင် နောက်ထပ် TNLA တပ်နှစ်ဖွဲ့လုံးဟာ ခိုးမုန်းရွာရဲ့ဆေးရုံ၊ဆေးပေးခန်းမှာလည်း ပူးပေါင်းတပ်ချနေရာယူထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ဒါကြောင့် ကျေးရွာဒေသခံတွေက MNDAA နဲ့ TNLA တပ်တွေကို ဆေးပေးခန်းကနေနေရာဖယ်ပေးဖို့ အကြိမ်ကြိမ်သွားရောက်တောင်းဆိုပေမယ့် လုံး၀ဖယ်ပေးခြင်းမရှိဘူးလို့ ဆိုပါတယ်။ အလားတူ ခိုမုန်းကျေးရွာအပြင် ကွတ်ခိုင်၊ ကာလိုင်ကျေးရွာမှာလည်း KIO အစိုးရအောက်ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းမှာကျောင်းသား၊သူများ ကျောင်းနာမည်အပ်နှံနေချိန် မေလ ၂၉ ရက်နေ့မှာတော့ တအာင်းလက်နက်ကိုင်တပ်ဖွဲ့ TNLA တပ်က ကျောင်းတံခါး၀မှာ ပိတ်ဆို့လိုက်ပြီး ကျောင်းသားတွေကို ကျောင်းနာမည်ထည့်ခွင့် ပိတ်ပင်လိုက်တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ တစ်ဆက်တည်းမှာဘဲ မူဆယ်နဲ့ မုံးကိုးမြို့ကြား ကြူကုတ်ပန်ဆိုင်းမြို့ထဲက ဖိုင်ကောင်းကျေးရွာဆိုတဲ့ ကချင်အများစုနေတဲ့ကျေးရွာက စာသင်ကျောင်းမှာ ကိုးကန့် MNDAA လက်နက်ကိုင်တပ်ဖွဲ့က နေရာယူထားလိုက်တာကြောင့် ဒေသခံပြည်သူတွေ ကျောင်းဖွင့်နိုင်ဖို့အရေး အခက်အခဲ၊ အတားအဆီးတွေနဲ့ ကြုံတွေ့နေရတယ်လို့ ဆက်လက်သိရပါတယ်။ “ကျမတို့ ကိုးကန့်ကိုပြောတယ် မနှစ်ကတည်းက ကျောင်းလည်းမပိတ်သေးဘူး ကျောင်းမှာမနေပေးပါနဲ့ ရွှေ့ပေးပါ စစ်တပ်နေတုန်းကလည်း ဒီလိုစာသင်ကျောင်းတွေမှာ မနေဘူး ဒါကြောင့် ဘယ်လက်နက်ကိုင်ကိုမှ ဒီလိုနေတာ ခွင့်မပြုဘူး မလိုလားဘူး အကြိမ်ကြိမ်ပြောခဲ့ပြီးပြီ။ ဒါပေမဲ့သူတို့က နေဖို့နေရာမရှိလို့ ကြည့်ကြည့်အုံးမယ်ဆိုပြီး ဒီနေ့ထိ မရွှေ့ပေးဘူး။ ကျောင်းဆောင်တစ်ခုမှာ သူတို့နေနေဆဲဖြစ်တယ်။ အရင်အစိုးရနဲ့ဆိုင်တဲ့နေရာအားလုံးဟာ သူတို့ရဲ့နေရာဖြစ်တယ်ဆိုတဲ့ပုံစံနဲ့ အဲလိုနေရာယူလိုက်တာပေါ့။ အခုတော့ ဘာမဆိုသူတို့ပိုင်ဆိုင်တဲ့အရာဆိုတော့ စိုးရိမ်နေရတဲ့အခြေအနေလည်းဖြစ်နေတယ်။” လို့ ပန်ဆိုင်းမြို့ ဖိုင်ကောင်းကျေးရွာဒေသခံတစ်ဦးက ပြောပါတယ်။ ဖိုင်ကောင်းကျေးရွာ စာသင်ကျောင်းမှာ ကိုးကန့်တပ်ဖွဲ့တပ်စွဲလိုက်တာကြောင့် ပြသနာအကြိမ်အကြိမ်ဖြစ်ပွားခဲ့ပြီဖြစ်တဲ့အပြင် မေလ ၂၇ ရက်နေ့မှာလည်း ထပ်မံပြီး ကျောင်းရှေ့မှာလွင့်ထူထားတဲ့ KIO ရဲ့ အမျိုးသားအလံကို ကိုးကန့်တပ်ဖွဲ့က ဖြုတ်သိမ်းပေးလိုက်ရာကနေ အငြင်းအခုံ ဆက်လက်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အခုချိန် ကိုးကန့် MNDAA က ဒီစာသင်ကျောင်းမှာ ကျောင်းဆရာ၊ဆရာမ စာရင်း၊ ကျောင်းသားစာရင်းအားလုံး မုံးကိုး ကိုးကန့်ဌာနချူပ်ထံ တင်ပြခိုင်းထားတာတွေအပြင် ဒေသခံရွာသားတွေကိုယ်ထူကိုယ်ထစနစ်နဲ့ဖွင့်လှစ်ထားတဲ့ ကျောင်းကို နည်းလမ်းအမျိုးမျိုးနဲ့ တားဆီးပိတ်ပင်ဖို့ ကြိုးစားတာတွေလည်း ပြုလုပ်နေတာဖြစ်ကြောင်း သိရပါတယ်။ “ကျမတို့ဒေသမှာ ကျမတို့ပျော်ပျော်ရွှင်ရွှင်ပဲနေချင်တယ်။ အခုလိုမျိုး စိတ်ကျဉ်းကြပ်အောင် လက်နက်ကိုင်အဖွဲ့တွေ အဘက်ဘက်ကဆိုတော့ ဒီလိုအဖွဲ့များတဲ့ကြားမှာ ကျမတို့ရွာသားတွေက ဘယ်သူ့စကားပဲနားထောင်ရမယ်လဲမသိ အရမ်းနေရခက်တယ်။ ဖြစ်နိုင်ရင် ရှင်းရှင်းလင်းလင်းပဲ နေချင်တယ်။ တရားမျှတမှုနဲ့ ကောင်းကောင်းမွန်မွန်ပဲ နေချင်ပါတယ်လို့ပြောချင်တယ်။” ဟု ဖိုင်းကောင်းကျေးရွာဒေသခံက ဆက်ပြောပါတယ်။ ခုလို ကိုးကန့် MNDAA နဲ့TNLA က စာသင်ကျောင်းတွေကို အတားအဆီးပိတ်ပင်မှုတွေလိုက်လံပြုလုပ်နေတဲ့ နေရာတွေကတော့ ကွတ်ခိုင်၊ မူဆယ်နဲ့ မုံးကိုး စတဲ့ဒေသတွင်းက ကချင်လူမျိုးစုအများပိုင်းနေထိုင်တဲ့ ကျေးရွာတွေက စာသင်ကျောင်းတွေကိုပဲဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ကိုးကန့် MNDAA နဲ့ တအာင်းတပ်မတော် TNLA တို့ကိုမေးမြန်းနိုင်ဖို့ KNG အနေနဲ့ကြိုးစားနေဆဲဖြစ်ပါတယ်။ By – ဂျာဘောက်ရာ
Read More » -
May- 2024 -13 Mayသတင်း
နမ့်ဖတ်ကာမှာ မပေါက်ကွဲသေးတဲ့ ဗုံးဆော့ကစားရာကနေ ကလေးငယ် ၅ ဦး ဒဏ်ရာရရှိ
ရှမ်းမြောက် နမ့်ဖတ်ကာကျေးရွာမှာ မပေါက်ကွဲသေးတဲ့ ဗုံးဆော့ကစားရာကနေ ကလေးငယ် ၅ ဦးထိခိုက်ဒဏ်ရာရရှိပြီး ၃ ဦးဒဏ်ရာပြင်းထန်တယ်လို့ ဒေသခံတွေပြောပါတယ်။ မေလ ၁၂ ရက်နေ့ ညနေ ၄ နာရီခွဲဝန်းကျင် အသက် ၁၅ နှစ်အောက် ယောက်ျားကလေး ၅ ဦးဟာ KIA သိမ်းပိုက်ခဲ့တဲ့ နမ့်ဖတ်ကာကျေးရွာ စစ်ကောင်စီတပ်ရဲ့ ခလရ ၁၂၃ စခန်းထဲဝင်ပြီး မပေါက်ကွဲသေးတဲ့ လက်ထောက်ဗုံးကျည်ဆော့ကစားပြီး ပစ်ပေါက်ရာကနေ ဗုံးပေါက်ကွဲသွားတာကြောင့် ဒဏ်ရာရရှိထားတာဖြစ်တယ်လို့ သိရပါတယ်။ “ညနေ ၄ ခွဲလောက်မှာ ပေါက်ကွဲသံကြားတာပေါ့။ အဲဒါ ကလေးတွေက စစ်တပ်စခန်းထဲ ခိုးဝင်ပြီး အဲမှာ လက်နက်ကျန်တွေ၊ လက်နက်ခွံတွေ ကောက်ကစားကြတာ။ အဲမှာ တစ်ယောက်က လက်ထောက်ဗုံးကိုင်ဆော့ရာကနေ ပစ်ပေါက်မိလိုက်တာ ပေါက်ကွဲပြီး ၅ ယောက်လုံး ဒဏ်ရာရရှိခဲ့တာ အခု ၃ ယောက်ကိုတော့ ကွတ်ခိုင်ဆေးရုံကို ပို့ထားတယ်။” လို့ နမ့်ဖတ်ကာဒေသခံတစ်ဦးကပြောပါတယ်။ ဗုံးပေါက်ကွဲလို့ ဒဏ်ရာရရှိတဲ့ ကလေး ၅ ဦးဟာ နမ့်ဖတ်ကာ ဟိုပုံရပ်ကွက်က မောင်ကျောက်မင်ခွင်း (အသက် ၉ နှစ်) ၊ ကျောက်ကျင်ဖွ(အသက် ၁၂ နှစ်)၊ ရက်ကွက် ၃ က မောင်ရန်တာအင်း ( အသက် ၁၂ နှစ်) ၊ မောင်ဆန်မျိုးအောင် ( အသက် ၁၅ နှစ်) နဲ့ နမ့်ဖတ်ကာ ရပ်ကွက် ၁ က မောင်ကျိန်ကွမ်းတ ( အသက် ၁၄ နှစ်) တို့ ၅ ဦးဖြစ်တယ်လို့ သိရပြီး ဒဏ်ရာပိုပြင်းထန်တဲ့ ၃ ဦးကို ကွတ်ခိုင်ဆေးရုံမှာပို့ထားတယ်လို့ သိရပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA က သိမ်းပိုက်ခဲ့တဲ့ နမ့်ဖတ်ကာ အခြေစိုက်စစ်ကောင်စီတပ်ရင်း ခလရ ၁၂၃ တပ်စခန်းထဲကို ရွာသားတွေကို ဝင်ရောက်ခြင်းမပြုဖို့ တားမြစ်ထားတာဖြစ်တဲ့ကြားက ကလေး ၅ ဦးဟာ အနောက်ဘက်လမ်းကြောင်းကနေခိုးဝင်ပြီး ဆော့ကစားကြရင်းဖြစ်သွားတယ်လို့ သူကပြောပါတယ်။ “ဒီစစ်တပ်ဟောင်းထဲ ဘယ်သူ့ကိုမှ ဝင်ခွင့်မပေးသေးဘူး။ ရှင်းလင်းရေးတွေ မလုပ်ထားသေးဘူး။ ဒါပေမဲ့ ကလေးတွေက ဘယ်သူမှမတွေ့ဘူးဆိုပြီး အနောက်လမ်းကနေ ခိုးဝင်ကြရင်း ဖြစ်သွားတာဟုတ်တယ်။” ဟု နမ့်ဖတ်ကာဒေသခံကဆက်ပြောပါတယ်။ နမ့်ဖတ်ကာကျေးရွာမှာ ပြီးခဲ့တဲ့လမှာလည်း ဒေသခံပြည်သူတွေရဲ့အိမ်ခြံဝင်းတစ်ခုမှာ စစ်လက်နက်အကြွင်းအကျန်မိုင်းပေါက်ကွဲပြီး ဒဏ်ရာရသူတွေရှိသလို လယ်တောသွားရင်း မိုင်းနင်းမိတဲ့ဖြစ်စဉ်တွေ ဖြစ်ပွားခဲ့ပြီး လက်ရှိ ၅ ဦးနဲ့ဆိုရင် နမ့်ဖတ်ကာမှာ စစ်လက်နက်ကျန် ပစ္စည်းပေါက်ကွဲမှုကြောင့် ရွာသား ၂ ဦးခန့်သေဆုံးပြီး ၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိပြီလို့ သိရပါတယ်။ နမ့်ဖတ်ကာကျေးရွာဟာ ကွတ်ခိုင်နဲ့ မူဆယ်ကြားမှာရှိပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က တိုက်ခိုက်သိမ်းပိုက်ထားပြီး လက်ရှိ KIA လက်အောက်အုပ်ချူပ်ရေးယန္တရားတွေလည်ပတ်နေတာပဲ ဖြစ်ပါတယ်။ By – ဂျာဘောက်ရာ
Read More » -
Apr- 2024 -10 Aprilသတင်း
MNDAA ထိန်းချုပ်မှုအောက် ဒေသခံပြည်သူများ လူ့အခွင့်အရေးချိုးဖောက်ခံနေရ
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ချေမှုန်းရေးနဲ့ အွန်လိုင်းလိမ်လည်လုပ်ငန်းတွေကိုတိုက်ဖျက်ဖို့ ရည်ရွယ်ပြီးစတင်ခဲ့တဲ့ မြောက်ပိုင်းညီနောင်အဖွဲ့ရဲ့ “ ၁၀၂၇” စစ်ဆင်ရေးမှာ ရှမ်းမြောက်မှာ မြို့ပေါင်း ၈ မြို့နယ်အပါအဝင် စခန်းပေါင်း ၄၀၀ ကျော်သိမ်းပိုက်ခဲ့ကြပြီး အုပ်ချုပ်ရေးစနစ်စတင်နေကြပြီ ဖြစ်ပါတယ်။ အောက်တိုဘာလ ၂၇ ရက်နေ့က စတင်တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းမြောက်ဒေသ ချင်းရွှေဟော်၊…
Read More » -
5 Aprilသတင်း
မိုးမိတ်မှာ သတ်ဖြတ်ပြီးစွန့်ပစ်ထားတဲ့ ရုပ်အလောင်း ၂ လောင်းတွေ့
ရှမ်းမြောက်နဲ့ ကချင်အစပ် မိုးမိတ်မြို့နယ်မှာ မနေ့က မတ်လ ၄ ရက်နေ့ မနက်ပိုင်းက သတ်ဖြတ်ပြီး စွန့်ပစ် ထားတဲ့ အမျိုးသား၂ယောက်ရုပ်အလောင်းတွေ့ရှိခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ အဲ့ဒီအမျိုးသားနှစ်ယောက်ရုပ်အလောင်းကိုတွေ့ရှိချိန်မှာ နှိပ်စက်ဒဏ်ရာတွေနဲ့သေဆုံးနေတာဖြစ်ပြီး မိုးမိတ်မြို့အနောက်ဘက်ခြမ်း နမ့်မိတ်ချောင်းစပ်မှာတွေ့ရှိခဲ့တာလို့ ဒေသခံတစ်ယောက်ကပြောပါတယ်။ “အမျိုးသားနှစ်ယောက်ဗျ တစ်ယောက်ကဝတယ်…
Read More »









