လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

နမ့်ဖတ်ကာမှာ မပေါက်ကွဲသေးတဲ့ ဗုံးဆော့ကစားရာကနေ ကလေးငယ် ၅ ဦး ဒဏ်ရာရရှိ

ရှမ်းမြောက် နမ့်ဖတ်ကာကျေးရွာမှာ မပေါက်ကွဲသေးတဲ့ ဗုံးဆော့ကစားရာကနေ ကလေးငယ်  ဦးထိခိုက်ဒဏ်ရာရရှိပြီး   ဦးဒဏ်ရာပြင်းထန်တယ်လို့ ဒေသခံတွေပြောပါတယ်။

မေလ ၁၂ ရက်နေ့ ညနေ  နာရီခွဲဝန်းကျင် အသက် ၁၅ နှစ်အောက် ယောက်ျားကလေး  ဦးဟာ KIA သိမ်းပိုက်ခဲ့တဲ့ နမ့်ဖတ်ကာကျေးရွာ စစ်ကောင်စီတပ်ရဲ့ ခလရ ၁၂၃ စခန်းထဲဝင်ပြီး မပေါက်ကွဲသေးတဲ့ လက်ထောက်ဗုံးကျည်ဆော့ကစားပြီး ပစ်ပေါက်ရာကနေ ဗုံးပေါက်ကွဲသွားတာကြောင့် ဒဏ်ရာရရှိထားတာဖြစ်တယ်လို့ သိရပါတယ်။

ညနေ  ခွဲလောက်မှာ ပေါက်ကွဲသံကြားတာပေါ့။ အဲဒါ ကလေးတွေက  စစ်တပ်စခန်းထဲ ခိုးဝင်ပြီး အဲမှာ လက်နက်ကျန်တွေ၊ လက်နက်ခွံတွေ ကောက်ကစားကြတာ။ အဲမှာ တစ်ယောက်က လက်ထောက်ဗုံးကိုင်ဆော့ရာကနေ ပစ်ပေါက်မိလိုက်တာ ပေါက်ကွဲပြီး  ယောက်လုံး ဒဏ်ရာရရှိခဲ့တာ အခု  ယောက်ကိုတော့ ကွတ်ခိုင်ဆေးရုံကို ပို့ထားတယ်။” လို့ နမ့်ဖတ်ကာဒေသခံတစ်ဦးကပြောပါတယ်။

ဗုံးပေါက်ကွဲလို့ ဒဏ်ရာရရှိတဲ့ ကလေး  ဦးဟာ နမ့်ဖတ်ကာ ဟိုပုံရပ်ကွက်က မောင်ကျောက်မင်ခွင်း (အသက်  နှစ် ကျောက်ကျင်ဖွ(အသက် ၁၂ နှစ်) ရက်ကွက်  က မောင်ရန်တာအင်း ( အသက် ၁၂ နှစ် မောင်ဆန်မျိုးအောင် ( အသက် ၁၅ နှစ်နဲ့ နမ့်ဖတ်ကာ ရပ်ကွက်  က မောင်ကျိန်ကွမ်းတ ( အသက် ၁၄ နှစ်တို့  ဦးဖြစ်တယ်လို့ သိရပြီး ဒဏ်ရာပိုပြင်းထန်တဲ့  ဦးကို ကွတ်ခိုင်ဆေးရုံမှာပို့ထားတယ်လို့ သိရပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA က သိမ်းပိုက်ခဲ့တဲ့ နမ့်ဖတ်ကာ အခြေစိုက်စစ်ကောင်စီတပ်ရင်း ခလရ ၁၂၃ တပ်စခန်းထဲကို ရွာသားတွေကို ဝင်ရောက်ခြင်းမပြုဖို့ တားမြစ်ထားတာဖြစ်တဲ့ကြားက ကလေး  ဦးဟာ အနောက်ဘက်လမ်းကြောင်းကနေခိုးဝင်ပြီး ဆော့ကစားကြရင်းဖြစ်သွားတယ်လို့ သူကပြောပါတယ်။

ဒီစစ်တပ်ဟောင်းထဲ ဘယ်သူ့ကိုမှ ဝင်ခွင့်မပေးသေးဘူး။ ရှင်းလင်းရေးတွေ မလုပ်ထားသေးဘူး။ ဒါပေမဲ့ ကလေးတွေက ဘယ်သူမှမတွေ့ဘူးဆိုပြီး အနောက်လမ်းကနေ ခိုးဝင်ကြရင်း ဖြစ်သွားတာဟုတ်တယ်။” ဟု နမ့်ဖတ်ကာဒေသခံကဆက်ပြောပါတယ်။

နမ့်ဖတ်ကာကျေးရွာမှာ ပြီးခဲ့တဲ့လမှာလည်း ဒေသခံပြည်သူတွေရဲ့အိမ်ခြံဝင်းတစ်ခုမှာ  စစ်လက်နက်အကြွင်းအကျန်မိုင်းပေါက်ကွဲပြီး ဒဏ်ရာရသူတွေရှိသလို လယ်တောသွားရင်း မိုင်းနင်းမိတဲ့ဖြစ်စဉ်တွေ ဖြစ်ပွားခဲ့ပြီး လက်ရှိ  ဦးနဲ့ဆိုရင် နမ့်ဖတ်ကာမှာ စစ်လက်နက်ကျန် ပစ္စည်းပေါက်ကွဲမှုကြောင့် ရွာသား  ဦးခန့်သေဆုံးပြီး  ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိပြီလို့ သိရပါတယ်။

နမ့်ဖတ်ကာကျေးရွာဟာ ကွတ်ခိုင်နဲ့ မူဆယ်ကြားမှာရှိပြီး  ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က တိုက်ခိုက်သိမ်းပိုက်ထားပြီး လက်ရှိ  KIA  လက်အောက်အုပ်ချူပ်ရေးယန္တရားတွေလည်ပတ်နေတာပဲ ဖြစ်ပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button