အေးမြသာယာ
-
Apr- 2026 -7 Aprilသတင်း
မြစ်ကြီးနားမှာ ၄ လတွင်း ပိုင်ရှင်မဲ့အလောင်း ၆ လောင်းအထိတွေ့ရှိ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ လစဉ်၊ လတိုင်း ပိုင်ရှင်မဲ့အလောင်းတွေ့လာပြီး ၄ လတွင်း ပိုင်ရှင်မဲ့အလောင်း ၆ ခုထိရှိလာပြီဖြစ်ပါတယ်။ အဲဒီ ပိုင်ရှင်မဲ့အလောင်းတွေထဲက ဧပြီလ ၆ ရက်နေ့မှာ မြစ်ကြီးနားမြို့ ၊ အေးမြသာယာရပ်ကွက်၊ သင်္ဂြိုင်းကုန်းသွားလမ်း ဘောလုံးကွင်းနားမှာ ဆာလာအိတ်နဲ့ထုပ်ပိုးထားတဲ့ ပိုင်ရှင်မဲ့အလောင်းတစ်ခုကို ပလုံကောက်တဲ့အမျိုးသားတစ်ဦး တွေ့ရှိခဲ့တာလို့ သိရပါတယ်။ “အမှိုက်ကောက်တဲ့သူအရင်တွေ့ပြီး ရာအိမ်မှူးကိုအကြောင်းကြားတာ။ အဲဒီကနေ လူမူကယ်ဆယ်ရေးအသင်းက အလောင်းလာကောက်သွားတာဟုတ်တယ်”လို့ အေးမြသာယာရပ်ကွက်နေပြည်သူတစ်ဦး ပြောပါတယ်။ သတ်ဖြတ်ခံထားရသူဟာ အသက် ၃၀ ဝန်းကျင်ရှိ အမျိုးသားတစ်ဦးဖြစ်ပြီး လည်ပင်းလှီးခံထားရတဲ့ ဒဏ်ရာနဲ့ ဝမ်းဗိုက်မှာဓါးထိုးသွင်းဒဏ်ရာ ၃ ခုရှိတယ်လို့ သိရပြီး ဘယ်လက်မှာ Royal Rose ဆိုတဲ့တက်တူးလည်းထိုးထားတယ်လို့သိရပါတယ်။ အလားတူ မတ်လ ၇ ရက်နေ့ မြစ်ကြီးနားမြို့၊ အေးမြသာယာရပ်ကွက်၊ သံလမ်းကူးအနီးမှာ အမျိုးသားတစ်ဦး ဗိုက်နဲ့တင်ပါးမှာသေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ရုပ်အလောင်းတစ်ခုတွေ့ရှိခဲ့ပါတယ်။ ဒါတင်မက မတ်လ ၂၂ နေ့ ရမ်ပူရပ်ကွက်၊ နယ်မြေ၂၁ ခြံအလွတ်တစ်ခုမှာ အမျိုးသားတစ်ဦးသေဆုံးနေတဲ့ဖြစ်စဉ်၊ ဖေဖော်ဝါရီ ၅ ရက် ရှမ်းရွာ၊ အမှိုက်ပုံနားမှာ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦး လက်မှာ ဆေးထိုးအပ်တန်းလန်းနဲ့ သေဆုံးခဲ့တဲ့ ဖြစ်စဉ်နဲ့ အေးမြသာယာ ရပ်ကွက် လမ်းမကြီးနဘေးက တဲအိမ်ဆိုင်ခန်းလေးထဲမှာ အသက်အရွယ်နဲ့ အမည်မသိရှိရတဲ့ အမျိုးသားတစ်ဦး သေဆုံးနေတဲ့ ဖြစ်စဉ်တို့ ဖြစ်ပါတယ်။ နောက်ထပ် ဇန်နဝါရီလ ၁၃ ရက်နေ့ ရမ်ပူရပ်ကွက် တရုတ်ကျောင်းအနီးမှအမျိုးသားတစ်ဦး မူးယစ်ဆေးရှော့ဖြစ်ပြီး အမျိုးသားတစ်ဦး သေဆုံးထားတဲ့ဖြစ်စဉ်တွေရှိခဲ့ပါတယ်။ ဒါကြောင့် မြစ်ကြီးနားမှာ ၄ လတွင်း ပိုင်ရှင်မဲ့အလောင်း ၆ ဦးထိရှိလာပြီး အဲဒီထဲက ၂ ဦးဟာ သတ်ဖြတ်ခံထားရတဲ့အလောင်းတွေဖြစ်ပြီး ကျန်တဲ့ ရုပ်အလောင်း ၄ ခုက မူးယစ်ဆေးကြောင့်သေဆုံးတာတွေဖြစ်တယ်လို့ သိရပါတယ်။ မြစ်ကြီးနားမြို့မှာ ခုလို ပိုင်ရှင်မဲ့အလောင်းခပ်စိပ်စိပ်တွေ့လာရတာဟာ တရားဥပဒေစိုးမိုးမှု မရှိတော့တာကြောင့် လူငယ်တွေအနေနဲ့လည်း လက်ရဲ ဇက်ရဲဖြစ်လာတယ်လို့ မြစ်ကြီးနား မြို့ခံ အမျိုးသားတစ်ဦးက ခုလိုသုံးသပ်ပြောဆိုပါတယ်။ “တရားဥပဒေစိုးမိုးမှုမရှိတော့ အခုဆို မနက်စောစောလမ်းလျှောက်ထွက်ရင် လူကျဲသွားပြီ ခါတိုင်း ၄ခွဲ ၅နာရီဆိုရင် အရွယ်စုံတယ် စက်ဘီးစီးတဲ့လူတွေ၊ လမ်းလျှောက်တဲ့လူတွေနဲ့ အခုက အဲတာတွေ သိပ်မတွေ့ရဘူး ထူးခြားသွားတာဟုတ်တယ်”လို့ဆိုပါတယ်။ မြစ်ကြီးနားမြို့မှာ ခိုးဆိုးလုယက်မှုတွေလည်းများပြားနေပြီး ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်မှာလည်း သတ်ဖြတ်မှုတွေမကြာခဏဖြစ်ပွားခဲ့တာဘဲ ဖြစ်ပါတယ်။ ဖြစ်စဉ်တွေကတော့ ၂၀၂၅ နိုဝင်ဘာလ ၁၀ ရက် ယုဇနရပ်ကွက် ဘုန်းကြီးကျောင်းထီးတင်ပွဲကျင်းပနေတဲ့ ကျောင်းဝန်းအပြင် ပွဲစျေးတန်းရှေ့မှာ အမည်မသိ အမျိုးသားတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရမှု၊ စက်တင်ဘာလက ၂၈ ရက်နေ့ သီတာရပ်ကွက် ဆုတောင်းပြည့်ဘုရားလမ်းကြားမှာ အသက် ၂၀ ဝန်းကျင် အရွယ်ရှိ မိန်းကလေးတစ်ဦး လည်ပြွန်ဓားထိုးခံထားရတဲ့ ဒဏ်ရာနဲ့ သတ်ဖြတ်ခံခဲ့ရတဲ့ ဖြစ်စဉ်တွေဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၂၅ ခုနှစ် ဩဂုတ်လ ၃၁ ရက် ရွှေညောင်ပင်ရပ်ကွက်မှာ ဓားဒဏ်ရာ ၁၀ ချက်ဝန်းကျင်နဲ့ အမျိုးသားတစ်ဦး သတ်ဖြတ်ခံထားရပြီး ဩဂုတ်လ ၂၉ ရက် ဂျန်မိုင်ကောင် ရပ်ကွက် နယ်မြေ (၁၂)မှာလည်း သူငယ်ချင်းနှစ်ဦး ရန်ဖြစ်ရာကနေ အမျိုးသားတစ်ဦး သတ်ဖြတ်ခံခဲ့ရပါတယ်။ ခုလိုသတ်ဖြတ်ခံရတာအပါအဝင် မူးယစ်ဆေးကြောင့် သေဆုံးသူတွေများလာတဲ့ မြစ်ကြီးနားမြိုမှာတော့ မူးယစ်ဆေးရောင်းဝယ်သုံးစွဲမှုကို သက်ဆိုင်တဲ့အာဏာပိုင်တွေဟာ လျစ်လျှူ ရှုထားကြတာအပြင် သတ်ဖြတ်ခံရမှုတွေနဲ့ပတ်သက်ပြီးလည်း တရားခံဖမ်းဆီးရမိခြင်းမရှိတဲ့အပေါ် ပြည်သူတွေကြား ဝေဖန်မှုတွေမြင့် တက်နေပါတယ်။ မြစ်ကြီးနားမြို့ကို စစ်ကောင်စီခန့်ကချင်ပြည်နယ်အစိုးရက အပြည့်အဝထိန်းချုပ်ထားတဲ့နေရာဖြစ်ပြီး မြို့တွင်းလောင်းကစားဝိုင်းတွေကလည်း တစ်နေ့ထက်တစ်နေ့ပိုများလာတာကြောင့် မလိုလားအပ်တဲ့လူသေဆုံးမှုတွေ ဆက်တိုက်ကြုံနေရတာလည်းဖြစ်ပါတယ်။ By – Hope
Read More » -
Mar- 2026 -10 Marchသတင်း
မြစ်ကြီးနားမြို့မှာ ဆိုင်ကယ်အချင်းချင်း တိုက်မိပြီး အမျိုးသားတစ်ဦးသေဆုံး
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဆိုင်ကယ်၂ စီးတိုက်မိပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေ ဆီကနေ သိရပါတယ်။ ဖြစ်စဉ်ကတော့ မနေ့ည(မတ်လ၉ရက်) ၇နာရီဝန်းကျင်အချိန် အေးမြသာယာရပ်ကွက် ဘုရားတစ်ထောင်အကျော်မှာ ဆိုင်ကယ်အချင်းချင်း မျက်နှာချင်းဆိုင် တိုက်မိခဲ့ရာကနေ ဆိုင်ကယ်မောင်းတဲ့ အမျိုးသား၂ဦး ထိခိုက်ဒဏ်ရာ…
Read More » -
7 Marchသတင်း
မြစ်ကြီးနားမြို့မှာ အမျိုးသားတစ်ဦး သတ်ဖြတ်ခံရ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အမျိုးသားတစ်ဦး သတ်ဖြတ်ခံထားရကြောင်းမျက်မြင်တွေ့ရှိသူတွေဆီကနေ သိရပါတယ်။ သေဆုံးသူရဲ့ ရုပ်အလောင်းကိုတော့ ဒီမနက် ၅နာရီ ၅၄မိနစ် မြစ်ကြီးနားမြို့ အေးမြသာယာရပ်ကွက် သံလမ်းကူးအနီးမှာ တွေ့ရှိခဲ့တာဖြစ်ပြီး သေနတ်ပစ်ခတ်ခံထားရတဲ့ဒဏ်ရာနဲ့ သေဆုံးနေတာဖြစ်တယ်လို့ မျက်မြင်တွေ့ရှိသူ အမျိုးသားတစ်ဦးက ခုလိုပြောပြပါတယ်။ “ကျွန်တော်တို့…
Read More » -
Aug- 2025 -26 Augustသတင်း
မြစ်ကြီးနားမြို့မှာ မီးလောင်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံး
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦးလည်း သေဆုံးခဲ့တယ်လို့ မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။ ဖြစ်စဉ်ကတော့ ဒီမနက် ၂ နာရီ ၄၀ မိနစ် ဝန်းကျင်အချိန် အေးမြသာယာ လမ်းသွယ် ၇ စျေးအနောက်ဖက်မှာရှိတဲ့ နေအိမ် မီးလောင်ကျွမ်းခဲ့ပြီး…
Read More » -
Aug- 2024 -23 Augustသတင်း
မြစ်ကြီးနားမြို့ ရပ်ကွက်တစ်ချို့မှာ ရပ်ကွက်ကနေ အမြန်ဆုံးစွန့်ခွာကြဖို့ သတိပေးစာလိုက်ကပ်တာတွေရှိနေ
မြစ်ကြီးနားမြို့ ရပ်ကွက်တစ်ချို့မှာ ပြည်သူတွေအမြန်ဆုံးနေရပ်စွန့်ခွာကြဖို့ သတိပေးပေးစာ လိုက်ကပ်တာတွေရှိနေတယ်လို့ မြစ်ကြီးနားမြို့ခံတွေက ပြောပါတယ်။ ဩဂုတ်လ ၂၁ ရက်နေ့ မနက်ပိုင်း မြစ်ကြီးနားမြို့တွင်း၊မြို့ပြင် ရပ်ကွက်တွေဖြစ်တဲ့ ခေမာသီရိ၊ ရမ်ဘူ၊ အေးမြသာယာ၊ ကြက်ပေါင်ခြံ၊ ကြာရာပတီးစတဲ့ ရပ်ကွက်တွေမှာ သတိပေးစားလိုက်ကပ်ထားတယ်လို့ မြစ်ကြီးနားမြို့ခံတစ်ဦးက KNG ကို ခုလိုပြောပါတယ်။ “ရပ်ကွက်ထဲလာသတိပေးတာတဲ့ ရပ်ကွက်ကနေ အမြန်ဆုံးစွန့်ခွာဖို့ဆိုတဲ့သတိပေးစာတွေ လာကပ်သွားတယ်ပြောတယ်။ နေအိမ်ခြံစည်းရိုး၊ ဓါတ်တိုင်တွေမှာ လာကပ်သွားတာလို့ သိရတယ်”လို့ ပြောပါတယ်။ သတိပေးစာထဲမှာ မြစ်ကြီးနားမြို့တွင်း တိုက်ပွဲဖြစ်တော့မှာဖြစ်တဲ့အတွက် ပြည်သူများအမြန်ဆုံး ရပ်ကွက်ကနေ စွန့်ခွာ၊ထွက်ခွာကြဆိုတဲ့အချက်သာ ပါရှိတယ်လို့ သူက ဆက်ပြောပါတယ်။ ခုလို သတိပေးစာလိုက်ကပ်တာဟာ မည်သူမည်ဝါ၊မည်သည့်အဖွဲ့စည်း ကပ်သွားတယ်ဆိုတာ မသိရဘူးလို့ ဒေသခံတွေကပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မြစ်ကြီးနားမြို့တွင်း တော်လှန်ရေးအင်အားစုတွေကို မေးမြန်းကြည့်ရာမှာ ဒီလုပ်ရပ်ဟာ သူတို့မသက်ဆိုင်ကြောင်း ခုလိုပြောပါတယ်။ “ကျနော်တို့အဖွဲ့တွေမဟုတ်ပါဘူး ဒါကို တမင်သက်သက်ပြည်သူတွေကို စိတ်အနှောင့်ယှက်ဖြစ်အောင် လိုက်လုပ်တဲ့လုပ်ရပ်ဘဲ ကျနော်တို့အနေနဲ့ ဒီလိုတွေမလုပ်ပါဘူး”လို့ မြစ်ကြီးနားမြို့ တော်လှန်ရေးအင်အားစုတာဝန်ခံတစ်ဦးက ပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်တွေဟာ မြစ်ကြီးနား မြို့တွင်း မြို့ပြင် နေ့ညမပြတ် ဒရုန်းနဲ့စောင့်ကြည့်တာ၊လမ်းခုလတ်၊လမ်းကြားနေရာတွေမှာ အရပ်ဝတ်နဲ့ကင်းပုန်းဝပ်တာတွေလည်း ပုံမှန်ရှိနေတယ်လို့ သူကဆက်ပြောပါတယ်။ ဇူလိုင်လ ၂၁ ရက်နေ့စပြီး ဖုန်း၊အင်တာနက်၊ဝိုင်ဖိုင်လိုင်းအားလုံး ပြတ်တောက်နေတဲ့ ကချင်ပြည်နယ်မှာ ဩဂုတ်လ ၁၉ ရက်နေ့နောက်ပိုင်း မြစ်ကြီးနားမြို့ ကြာရာပတီးနဲ့နမ့်ကျင်လမ်းဆုံမှာ စစ်တပ်က တပ်စွဲနေထိုင်ဖို့ပြင်ဆင်နေပြီး ပြည်သူတွေကို ပြောင်းရွှေ့ကြဖို့ ဖိအားပေးနေတယ်ဆိုတဲ့သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ ဒီသတင်းနဲ့ပတ်သက်လို့ KNG အနေနဲ့ ထပ်ပြီးစုံစမ်းနေဆဲဖြစ်သလို မြစ်ကြီးနားမြို့တွင်း တော်လှန်ရေးတပ်ဖွဲ့တွေပြောဆိုချက်အရ နန့်ကျင်နဲ့ကြာရာပတီးလမ်းဆုံနေရာမှာ စစ်ကောင်စီတပ်က ပြီးခဲ့တဲ့နှစ်ကတည်းက အင်အား ၂၀ ဝန်းကျင်နဲ့ ယာယီတပ်စွဲထားပြီးနေရာဖြစ်ပြီး ခုလိုပြည်သူတွေ ပြောင်းရွှေ့ခိုင်းတာမှန်ကန်ခဲ့မယ်ဆိုပါက စစ်တပ်အနေနဲ့ ဒီလမ်းဆုံမှာ တပ်အခိုင်မာတပ်စွဲဖို့ပြင်ဆင်တာဖြစ်နိုင်သလို KIA တပ်ရင်း ၁၁ ဘက်သွားတဲ့လမ်းကို တားဆီးပိတ်ပင်ထိန်းချုပ်ချင်တာကြောင့် ဖြစ်နိုင်တယ်လို့လည်း တော်လှန်ရေးတပ်တွေက သုံးသပ်နေကြပါတယ်။ ခရိုင် ၄ ခု၊ လူဦးရေ ၁ သန်းကျော်ရှိတဲ့ ကချင်ပြည်နယ်မှာ ဖုန်း၊ အင်တာနက်လိုင်းပြတ်တောက်နေတာ တစ်လကျော်ရှိလာပြီဖြစ်ပါတယ်။ By – Zami
Read More » -
May- 2024 -17 Mayသတင်း
ကားတိုက်ခံရတဲ့ လူနာသေဆုံး
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ မေလ ၁၆ ရက်ည ကားတိုက်ခံရတဲ့ အမျိုးသားတစ်ဦး ဆေးရုံတင်ထားရာ ဒီမနက်ဆုံးသွားပြီဖြစ်တယ်လို့ ချီဆောင်ခြင်းလူမှုကယ်ဆယ်ရေး အသင်းတွေ ဆီကနေသိရပါတယ်။ မေလ ၁၆ ရက် မနေ့ည ၈နာရီခွဲဝန်းကျင် အေးမြသာယာဈေးအနီး ရှမ်းရွာလမ်းကနေ ဈေးဘက်…
Read More » -
Sep- 2023 -8 Septemberသတင်း
စဗျစ်ခူးရွာကို ရွာလုံးကျွတ်ပြောင်းရွှေ့ပြီး ကျောက်စိမ်းတူးဖို့ စီစဉ်နေ
ဖားကန့်မြို့နယ် အေးမြသာယာအုပ်စု စဗျစ်ခူးမှော်ကျေးရွာတစ်ရွာလုံးကိုပြောင်းရွှေ့ပြီး ကျောက်စိမ်းတူးဖော်ဖို့ စီစဉ်နေကြတယ်လို့ စဗျစ်ခူးကျေးရွာက ပြည်သူတွေ ပြောပါတယ်။ စက်တင်ဘာ လဆန်းကပိုင်းကစပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၆ ဦးဆောင်ပြီး အိမ်တန်ဖိုးအမျိုးအစားအလိုက် A,B,C ခွဲပြီး ညှိနှိုင်းနေဆဲဖြစ်တယ်လို့ စဗျစ်ခူးကျေရွာက…
Read More » -
Mar- 2023 -15 Marchသတင်း
ဖားကန့်တွင် ပြည်သူ ၆ ဦး ထပ်မံ ဖမ်းဆီးခံရ
ဖားကန့်မြို့နယ် အေးမြသာယာအုပ်စု သောင်းချိုရပ်ကွက်တွင် ယနေ့ နံနက် အရပ်သားပြည်သူ ၆ ဦးကို စစ်ကောင်စီတပ် ထပ်မံ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ နံနက် ၅ နာရီဝန်းကျင် စစ်အင်အား ၂၀ ဝန်းကျင်ရှိသည့်…
Read More » -
Jun- 2022 -9 Juneသတင်း
လသားအရွယ် ကာကွယ်ဆေးထိုးပြီး ပြန်လာသော မိသားစုဝင် ၃ ဦး ကား ကျင်းထဲ ပြုတ်ကျ သေဆုံး
ဖားကန့်မြို့နယ် အေးမြသာယာ ကျောက်စိမ်းလုပ်ကွက်ဟောင်းကျင်းထဲတွင် အိမ်စီးကားတစ်စီး ပြုတ်ကျခဲ့ရာ လသားအရွယ် ကလေးငယ်တစ်ဦးအပါအဝင် မိသားစုဝင် ၃ ဦး ထိုနေရာတွင် သေဆုံးသွားကြောင်း သိရသည်။ ဖြစ်စဉ်သည် ယနေ့ နံနက် ၉နာရီခွဲတွင် မှော်မောင်းလျှံကျေးရွာမှ ဖားကန့်ပြည်သူ့ဆေးရုံသို့ လသားအရွယ်…
Read More » -
May- 2022 -17 Mayသတင်း
ဖားကန့်မြို့တွင်း စစ်ကောင်စီတပ်သားများ မိုင်းခွဲခံရသဖြင့် ထိခိုက်မှုရှိနိုင်
ဖားကန့်မြို့ အေးမြသာယာ ကျောက်ဝိုင်းအနီးတွင် မတ် ၁၆ ရက်နေ့ညက စစ်ကောင်စီတပ်သားများ လမ်းလျှောက် လှည့်လှည်စဉ် မိုင်းပေါက်ကွဲခဲ့ပြီး ထိခိုက်မှုရှိနိုင်ကြောင်း ဒေသခံများထံမှ သိရသည်။ ယင်းပေါက်ကွဲမှုမှာ ယမန်နေ့ ည ၉ နာရီ မိနစ်လေးဆယ်ခန့်တွင် ဖြစ်ပွားခဲ့ပြီး…
Read More »









