,

Breaking News :

စစ်ကောင်စီ ဖမ်းဆီးသွားသည့် ဆားလင်းကြီး PDF ရဲဘော် ၂ဦး သတ်ဖြတ်ခံရ

ဖားကန့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဟိန်းမင်း၏ နေအိမ် ချိတ်ပိတ်ခံရ

ကသာမြို့နယ် တွင် PDF ပူးပေါင်းတပ်ဖွဲ့များ ကျပ်သိန်း ၃၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီး

ရဝမ် လူငယ်အသင်း ဥက္ကဋ္ဌ ဦးဖုန်ရော့ဖီနန်ကို စစ်ကောင်စီ မှ ထောင်ဒဏ် ၁၀ နှစ် ချမှတ်

ပူတာအိုတွင် အရေပြားရောဂါတစ်မျိုးကြောင့် နွား ကူးစက်သေဆုံးမှု များလာ

အဝေးပြေး ယာဥ်စီးခနှုန်းထား ကျပ် ၇၀၀၀ ထပ်မံ တိုးမြင့်ကောက်ခံမည်

ရှမ်းမြောက်တွင် ကြက်သွန်ဖြူကုန်တင်ကား တိမ်းမှောက်ပြီး ၁ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရ

ဗန်းမောက်နယ် ကျောက်အိုင်ကျေးရွာမှ ဒေသခံ ပြည်သူ ၃၀ ကျော် ဖမ်းဆီးခံထားရ

အင်းတော် လူနေအိမ်အလုံး ၁၀၀ ကျော်ကို စစ်ကောင်စီတပ် မွှေနှောက်ဖျက်ဆီးခဲ့

ဖားကန့်မြို့တွင်း နေရာအချို့တွင် ယခုရက်ပိုင်း Mytel အင်တာနက်လိုင်း ပြန်ရနေ

ငြိမ်းချမ်းရေးအတွက် KIO ဆက်လက် ပူးပေါင်းဆောင်ရွက် သွားမည်

ငြိမ်းချမ်းရေးတည်ဆောက်ရန်အတွက် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး အောင်မြင်သည်အထိ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) က ယနေ့ ကျရောက်သော (၆၈) ကြိမ်မြောက် ပြည်ထောင်စုနေ့တွင် ကြေငြာချက်ထုတ်ပြန်လိုက်သည်။

KIO အနေဖြင့် နှစ်ပေါင်းများစွာ ကြုံတွေ့ခဲ့ကြသော နိုင်ငံရေး ပဋိပက္ခများ အဆုံးသတ်ကာ တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးတည်ဆောက်ရန်အတွက် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) က တွေ့ဆုံ ညှိနှိုင်းလျက်ရှိသော တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး အောင်မြင်သည်အထိ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

“ဒီပြည်ထောင်စုနေ့ကို ကျနော်တို့ တိုင်းရင်းသားတွေကလည်း အလေးထားပါတယ်။ အလေးထားလို့ ဒီလို နေ့ထူးနေ့မြတ် ပြည်ထောင်စုနေ့ကို ကျနော်တို့ ကေအိုင်အိုရဲ့ နိုင်ငံရေးလမ်းကြောင်း သွားနေတဲ့ သဘောထားကို သိရှိအောင် ထုတ်ပြန်ရတဲ့သဘောပါ” ဟု KIO ၏ ပြောရေးဆိုခွင့်ရှိသူ ဦးလာနန် က ပြောသည်။

ထို့ပြင် တောင်းတန်းဒေသနှင့် မြေပြန့်ဒေသ ပူးပေါင်းရေးကို အခြေခံကာ ချုပ်ဆိုခဲ့ကြသော ပင်လုံစာချုပ်မှ အစပြုခဲ့သည့် (၆၈) ကြိမ်မြောက် ပြည်ထောင်စုနေ့ မြောက်ခဲ့ပြီး တိုင်းရင်းသားအချင်းချင်း အပြန်အလှန် ယုံကြည် လေးစားကာ ထာဝစဉ် လက်တွဲ၍ ပြည်ထောင်စုအတွင်း ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ရေးဆိုသည့် ပင်လုံ စိတ်ဓါတ်ကို အခြေခံလျက် နိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တို့ ကြိုးစား ဆောင်ရွက်နေသော ငြိမ်းချမ်းရေးဆွေးနွေးမှုများ အောင်မြင်စွာ လျှောက်လှမ်းနိုင်မည်ဟု အလေးအနက် ယုံကြည်ကြောင်း ဖော်ပြထားသည်။

KIO သည် သမ္မတ ဦးသိန်းစိန်၏ ပြည်ထောင်စုနေ့ ဖိတ်ကြားမှုကို လက်ခံ ရရှိသော်လည်း ငြိမ်းချမ်းရေး သဘောတူညီချက် စာချုပ်ချုပ်ဆိုရမည်ဟူသော အဆိုပြုချက်အား သဘောမတူသဖြင့် မတက်ရောက်ခြင်း ဖြစ်သည်ဟု ဦးလာနန်က ပြောသည်။

“ကျနော်တို့ ကေအိုင်အို အဖွဲ့အစည်းကတော့ NCCT ကနေပြီး လုပ်နေတဲ့ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲမှ တစ်ပါး တခြားသော ငြိမ်းချမ်းရေးဆိုတဲ့ အမြင်ကွဲစေနိုင်တဲ့ သဘောတူစာချုပ်တွေကို ချုပ်ဆိုဖို့ သဘောထား မရှိပါဘူး” ဟု သူက ပြောသည်။

ထို့ပြင် နေပြည်တော်တွင် ရောက်ရှိနေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် အစိုးရတို့ ငြိမ်းချမ်းရေး သဘောတူညီချက် စာချုပ်ချုပ်ဆိုခြင်းသည် လက်ရှိ NCCT လုပ်ဆောင်နေသော တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆွေးနွေးမှု ဖျက်ဆီးလာနိုင်သဖြင့် စိုးရိမ်နေသည်။

ပြည်ထောင်စုနေ့ အခမ်းအနား တက်ရောက်သည့်အဖွဲ့များက ပြည်ထောင်စုနေ့တွင် ငြိမ်းချမ်းရေးနှင့် အပစ်အခတ် ရပ်စဲရေး ဆက်လက် လုပ်ဆောင်သွားမည့် စာချုပ်ကို လက်မှတ်ရေးထိုးကြမည် ဖြစ်ကြောင်း သိရသည်။

အစိုးရက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (၁၆) ဖွဲ့ကို ဖိတ်ကြားခဲ့သော်လည်း KIA အပါအဝင် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) နှင့် တအောင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့ သုံးဖွဲ့ တက်ရောက်ခြင်း မရှိခဲ့ပေ။

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်တွင် ပင်လုံစာချုပ်ကို ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် ကချင်၊ ချင်း၊ ရှမ်း တိုင်းရင်းသားခေါင်းဆောင်များက တိုင်းရင်းသားအားလုံး တန်းတူညီမျှ အခွင့်အရေး ရရှိရန် လက်မှတ် ရေးထိုးခဲ့ကြသည်။

Read Previous

ကချင်လူ့အခွင့်အရေး ချိုးဖောက်မှု ဖော်ထုတ်နေသူများ အား အစိုးရစစ်တပ် ခြိမ်းခြောက်မှုရှိနေ

Read Next

ဌာနချုပ်လိုင်ဇာ အနီးသို့ အစိုးရတပ်များ လက်နက်ကြီးများ ပစ်ခတ်

Leave a Reply

Your email address will not be published.