,

Breaking News :

လုံးခင်းတွင် ဖုန်းဆိုင်တစ်ခု ဓါးပြတိုက်ခံရပြီး ငွေကျပ် သိန်း ၅၀ ဖိုးလုယူသွား

အင်ဂန်းကျေးရွာ နေအိမ်မီးလောင်ပြီး ကလေးငယ်နှင့် သက်ကြီးရွယ်အို စုစုပေါင်း ၇ ဦးသေဆုံး

ဖုန်အိန်ယာန်တွင် KIO ရွှေတူးဖော်မည့်အပေါ် ဒေသခံပြည်သူများ ကန့်ကွက်နေ

ဖားကန့်လမ်းတွင် ဒေသခံအမျိုးသား ၅၀ ဦးကို စစ်ကောင်စီဖမ်းဆီးထား

အွန်လိုင်း ငွေလိမ်လုပ်ငန်းမှာ လူကုန်ကူးခံနေရတဲ့ လူငယ်များ

နေအိမ် အလုံး ၅၀၀ ကျော်ကို KIA နှင့် PDF အဖွဲ့များ မီးရှို့ဖျက်ဆီးလိုက်သည်ဆိုသော သတင်းအမှား

အင်းတော် ရဲစခန်းရှေ့ဖြတ်သွားသည့် အသက် ၆၀ ကျော် ပြည်သူတစ်ဦး ပစ်ခတ်ဖမ်းဆီးခံရ

ရွှေဘိုတွင် တစ်ရက်အတွင်း ကျေးရွာ ၃ ရွာမှ လူနေအိမ် ၁၇၀ ခန့် မီးရှို့ခံရ

ကန့်ဘလူမြို့နယ်တွင် စစ်ဘေးရှောင်ရင်း မြွေကိုက်ခံရသူ ၃၉ ဦးရှိလာ

ဖားကန့်တွင် စစ်ဆေးရေးတင်းကြပ်နေသည့် စစ်ကေင်စီအဖွဲ့ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခံရ

စစ်ရှောင်များ ရောက်လာချိန် အစိုးရ ဆေးရုံနှင့် ဆေးပေးခန်း ပိတ်ထား

shahtu-zup-Kachin-State

ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်းဒေသတွင် လတ်တလော အစိုးရတပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA တိုက်ပွဲကြောင့် စစ်ပြေး ဒုက္ခသည်များ ထွက်ပေါ်လာချိန် ဒေသတွင်း အစိုးရ ဆေးရုံ၊ ဆေးပေးခန်းများ ပိတ်ထားပါသည်။

ဖားကန့်မြို့နယ်၊ ဝရာဇွပ်တိုက်နယ်၊ လီဒိုလမ်းမပေါ်ရှိ ရှထူးဇွပ် (Shahtu Zup) ကျေးရွာတွင် အနီး သြဂုတ် ၃ ရက်မှ စတင်ဖြစ်ပွားလာသော တိုက်ပွဲကြောင့် စစ်ရှောင်အရပ်သားပြည်သူများဝင်ရောက်လာချိန် ၎င်းဒေသရှိ တိုက်နယ်ဆေးရုံနှင့် ကျေးလက်ဆေးပေးခန်းများ ပိတ်ထားသည်ကို မျက်မြင်တွေ့ရှိရသည်။

ထိုသို့ပိတ်ထားရခြင်း အကြောင်းရင်းကို မသိရသေးပါ။ ပိတ်ထားသည်မှာ ရက်သတ္တပတ်ကြာပြီဖြစ်ကြောင်း နယ်ခံများ ပြောပြချက်အရ သိရသည်။

ကျေးလက်ဆေးပေးခန်းနှင့် တိုက်နယ်ဆေးရုံ ပိတ်ထားသည့်အတွက် ဝင်ရောက်လာသော ပြင်းထန်ဖျားနာ စစ်ရှောင်လူနာများအား ထိုနေရာမှ (၃၄)မိုင် ဝေးကွာသည့် တနိုင်းဆေးရုံသို့ မဖြစ်မနေ ပို့ဆောင် ကုသနေရသည်ကို တွေ့ရသည်။

လူနာရှင်တစ်ဦးက “တိုက်နယ်ဆေးရုံရောက်သွားတော့ ဝင်းတံခါးမကြီးက သော့ခတ်ထားတယ်၊ ဝင်လို့ မရဘူး” ဟု ပြောပြသည်။ ၎င်းတို့ လူနာ အမျိုးသားအား ၎င်းတို့နေထိုင်ရာမှ ထမ်းထုတ်လာရာ တညနှင့် တရက်ကြာ လမ်းခရီးတွင် ပိတ်မိနေကြောင်း လူနာရှင်ပြောပြချက်အရ သိရသည်။

သြဂုတ်လ နောက်ဆုံး ရက်သတ္တပတ်မှ စတင်လာသော စစ်ပွဲကြောင့် အရပ်သားပြည်သူများသည် လီဒိုလမ်း အနောက်ဖက်ခြမ်းရှိ ရှထူးဇွပ် (Shahtu Zup) ကျေးရွာအုပ်စုအတွင်းရှိ ရွာ (၄)ရွာနှင့် ရွှေမှော် (၂၄)ခုမှ အရပ်သားပြည်သူများ ရှထူးဇွပ် (Shahtu Zup) ကျေးရွာအတွင်းသို့ စစ်ရှောင်လာကြခြင်းဖြစ်သည်။

ဗုဒ္ဓဘာသာ ဘုန်ကြီးကျောင်း (၂) ကျောင်း၊ ခရစ်ယာန်ဘုရားကျောင်း (၃) ကျောင်းတို့တွင် စစ်ရှောင်ပြည်သူများ အများစု မှီခိုနေကြကာ ဒေသခံများက အစားအသောက် နေရာထိုင်ခင်းအတွက် ပြင်ဆင်ပေးနေကြသည့် အပြင် အလှူရှင်အဖွဲ့စည်းများလည်း ဝင်ရောက်ကူညီလာကြသည်။

၎င်းနေရာ (၅)ခုတွင် စစ်ရှောင်ပြည်သူ လူဦးရေ စုစုပေါင်း ၁၀၀၀ ခန့် ရောက်ရှိနေသည့်အပြင် ထိုစခန်းများ ပြင်ပတွင်လည်း ဆွေမျိုးနီးစပ်ရာ ဝင်ရောက်ခိုလှုံနေကြသည်။

ရှထူးဇွပ် (Shahtu Zup) ဒေသမှ ထွက်ခွာသွားသော စစ်ရှောင် ကျပန်း ရွှေမှော် အလုပ်သမားများ ကိုလည်း ယနေ့အထိ မြင်တွေ့နေရသည်။

ရှထူးဇွပ် (Shahtu Zup) ကျေးရွာတွင် ခန့်မှန်းခြေ အိမ်ခြေ ၇၀၀ ခန့်ရှိသည်။ ပြင်ပ ဆေးပေးခန်း (၃)ခု ရှိကြောင်းလည်း သိရသည်။

Read Previous

ပစ်သတ်ခံရသော ကချင်ကျောင်းသား အမှု သက်သေများကို စတင် စစ်ဆေး

Read Next

ကချင် ပြည်သူများကို သွေးစုပ်နေသော တရုတ် သစ်သျှူး ငှက်ပျော အန္တရယ်