သတင်း

ရက်လွန် နေထိုင်သော တရုတ်နိုင်ငံသား (၃)ဦးကို လ၀ကမှ ဖမ်းဆီး

ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့တွင် တရားမ၀င်နေထိုင်နေသည့် တရုတ်နိုင်ငံခြားသား (၃)ဦးကို ဇွန်လ (၅) ရက်နေ့ မြစ်ကြီးနား-ကန်ပိုင်တီလမ်း ဆဒုံးစစ်ဆေးရေးဂိတ်တွင် ၀ိုင်းမော်မြို့နယ် လူဝင်မှုကြီးကြပ်ရေးအဖွဲ့ မှ စစ်ဆေးဖမ်းဆီးထားကြောင်း သတင်းရရှိသည်။

ယင်းတရုတ်နိုင်ငံခြားသား ၃ ဦးမှာ နေထိုင်ခွင့်အမိန့် ခွင့်ပြုရက်ကာလ (၁)လ ကျော်ချိန်မှ ယခုလို အဖမ်းဆီး ခံရခြင်းဖြစ်ပြီး ယဉ်မောင်းလိုင်စဉ်မဲ့ကား မောင်းနှင်သူ ဦး ရန်မိုက်လွင်မှာ မြန်မာနိုင်ငံသား ဖြစ်ကြောင်း သိရသည်။

“ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးတွေအတွက် သစ္စာမရှိဘူးပေါ့။ ကားပေါ်မှာတော့ တရုတ် ၃ယောက် တင်ထား တယ်။ ဂိတ်မှာကျတော့ ဆင်းပြီးသတင်းပို့တယ်။ မပါတဲ့သဘာမျိုးပေါ့။ ဒါပေမဲ့ ကျနော်တို့ လ၀က စစ်ဆေးလိုက်တဲ့ချိန်မှာ တရုတ် ၃ ယောက်တွေ့တယ်။ သက်တမ်းကကျော်နေပြီဖြစ်တဲ့အတွက် လ၀က ကဖမ်းထားတယ်။” ဟု ၀ိုင်းမော်မြို့နယ် လူဝင်မှုကြီးကြပ်ရေးဌာန မှ ဆရာ အားဆီ ထံမှ သိရသည်။

“ခရီးသည် ၇ ယောက်ပါတာကို ၄ယောက်စာအတွက်ပဲ ဂိတ်ကိုပြတယ်။ စစ်ဆေးကြည့်တော့ နောက်လူ ၃ယောက်က ဘယ်သူလဲ မေးတော့ ကားသမားက သူ့သူငယ်ချင်းတွေပါ။ မကန (မြစ်ကြီးနား) က တိုင်းရင်းသား တွေပဲလို့ လိမ်တယ်။” ဟု ၄င်းက ကချင်သတင်းဌာန KNG ကို ဆက်ဆိုသည်။

ယခုကဲ့သို့ ကချင်ပြည်နယ်သို့ တရားမ၀င်နေထိုင်သည့် တရုတ်နိုင်ငံသားများ စစ်ဆေးဖမ်းဆီးခံရခြင်းသည် တစ်လကျော်အတွင်း ၂၂ ဦးခန့် ရှိနေပြီဖြစ်သည်။

မေလ ၁၂ ရက်နေ့က ဖမ်းဆီးအရေးယူခံထားရသည့် ဝိုင်းမော်မြို့နယ် အောင်မြင် (၂) ကျေး ရွာတွင် တစ်သျှူးငှက်ပျောစိုက်ရန် မြေဧက အသစ်ပြန်လည်ဖော်ထုတ်လာသည့် ဂျိန်းဖေါ့နဒီ ကုမ္မဏီမှ တာဝန်ရှိသည့် မန်နေဂျာအပါအဝင် တရုတ်နိုင်ငံသား ၅ ဦး နှင့် မေလ၂၅ ရက်နေ့ က ၀ိုင်းမော် သစ်တော ဦးစီးမှူးအဖွဲ့ နှင့် လ.၀.က အဖွဲ့တို့ ပူးပေါင်း၍ သွားရောက်ကွင်းဆင်း စစ်ဆေးခဲ့ရာ Nam Wa (နမ့်ဝါ)ကြိုးဝိုင်း၌ တရုတ်နိုင်ငံသား အမျိုးသား ၂ ဦး၊ ရွှေ ညောင်ပင်ရွာ အထက်၌ အမျိုးသား ၁ ဦး နှင့် အမျိုးသမီး ၁ ဦး၊ ၂၆ရက်နေ့၌ တရုတ်-မြန်မာနယ်စပ် ကန်ပိုင်တီမှ တရားမ၀င် ဖြတ်ကျော်လာသည့် တရုတ်နိုင်ငံသား ၁၀ ဦးတို့အား ၀ိုင်းမော်ရဲစခန်းမှ ဖမ်းဆီး အမှုဖွင့်ထားခြင်း ဖြစ်သည်။

Show More

Related Articles

Back to top button