,

Breaking News :

KNO ဥက္ကဋ္ဌ ဒူဝါဘောမ်ဝမ်လရော် ကွယ်လွန်

မချမ်းဘော့ဒေသခံများ၏ စိုက်ပျိုးမြေကို စစ်ကောင်စီအောက် ပြည်သူ့စစ်အဖွဲ့က ရွှေတူးရန် သတ်မှတ်ယူ

ရှမ်းမြောက်တွင် တိုက်ပွဲ ဆက်လက်ပြင်းထန်နေ

တရုတ်နယ်စပ်တိုက်ပွဲအတွင်း ဒေသခံတစ်ဦး လက်နက်ကြီးထိမှန် ဒဏ်ရာ ရ

မုံးကိုး နဲ့ တီးမ ကျေးရွာဘက် စစ်ကောင်စီ နဲ့ MNDAA ၊ KIA တို့ တိုက်ပွဲဖြစ်

အုပ်ချုပ်ရေးဒိုင်း ဘောလုံးပွဲကြောင့် နောင်မွန်တွင် Covid-19 ပိုးတွေ့ လူနာပိုများလာ

ဘွမ်ရာယန်စစ်ရှောင်စခန်းတွင် ကျန်းမာရေးနှင့် အစားအသောက်အကူညီများ ပြန်လည်လိုအပ်လာ

မြန်မာ-တရုတ် နယ်စပ်မှာ ပိတ်ထားတဲ့ ဂိတ်တွေကို ပြန်လည် ဖွင့်ဖို့ ဆိုင်းငံ့ထား

မြစ်ဆုံဒေသ စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှုကို ဒေသခံများ ကန့်ကွက်

ကသာမြို့နယ် ရပ်ကျေး အုပ်ချုပ်ရေးမှူး အများစု တာဝန်မှ နှုတ်ထွက်

ဖျက်သိမ်းလိုက်သော ကချင်ပြည်နယ်နေ့ မနောပွဲ အစား ဖေဖော်ဝါရီလတွင် ရိုးရာမနောပွဲ ပြန်လည် ပြုလုပ်မည်

မြစ်ကြီးနား မနောကွင်း

အမည်နာမ အငြင်းပွားမှုကြောင့် ဖျက်သိမ်းခဲ့ရသော (၇၂) ကြိမ်မြောက် ကချင်ပြည်နယ်နေ့ မနောပွဲတော်ကြီးကို ပြန်လည်အစားထိုးသည့် ‘ကချင်ရိုးရာ ယဉ်ကျေးမှု မနောပွဲတော်ကြီး’ ကို ဖေဖော်ရီလအတွင်း ၈ရက်ကြာ ပြန်လည် ပြုလုပ်မည်ဟု ကချင်ရိုးရာယဉ်ကျေးမှု တာဝန်ရှိသူများ ပြောပါသည်။

ကချင်မျိုးနွယ်စုအတွင်း အမည်နာမအငြင်းပွားမှုကြောင့် မနောပွဲ ရပ်ဆိုင်းခဲ့ရသော်လည်း ပွဲအတွက် ကြိုတင်ရယူထားသည့် လေလံများကို လျော်ကြေးအဖြစ် ပြန်လည်ပေးရသည့် အခြေအနေရှိလာသောကြောင့် မဖြစ်မနေ ပြန်လည် ပြုလုပ်ရခြင်း ဖြစ်သည် ဟု ကချင်ရိုးရာစာပေနှင့်ယဉ်ကျေးမှု ဗဟိုကော်မတီ၏ ဒု ဥက္ကဋ္ဌ ဦး Hpauwung Bawk Tawng က ယခုလို ပြောပါသည်။

“ကချင်ပြည်နယ်နေ့ကို ‘Jinghpaw Mungdaw Nhtoi’ လို့ မရေးရင် မနောပွဲ မကျင်းပရဘူးလို့ လူငယ်တစ်ချို့က လူအင်အားကြီးကြီးနဲ့ ဖျက်မယ်လို့ ပြောကြတယ်။ ပြီးရင် ကချင်ပြည်နယ် ဝန်ကြီးချုပ်ကိုလည်း သွားပြောကြတယ်တဲ့။ အဲ့တော့ ဝန်ကြီးချုပ်က နောက်ဆုံးမှာတော့ ကျနော်တို့ လူမျိုးအချင်းချင်းကြားမှာသာမက သီးခြားလူမျိုးစုကြားမှာလည်း မြင်မကောင်းစရာတွေ ဖြစ်လာနိုင်တယ် ဆိုပြီး သူတို့လိုချင်တဲ့ အမည်နာမ အသုံးပြုပြီး ကချင်ပြည်နယ်နေ့ ကို တစ်ရက်သာ ပြုလုပ်ခဲ့တာဖြစ်တယ်။ အဲ့ကြောင့် ကျနော်တို့ WHG စီစဉ်ထားတဲ့အတိုင်း ဖြစ်မလာခဲ့ဘူး။ ကျနော်တို့က ဒီမနောပွဲလုပ်ဖို့ ငွေကြေးလေးလံတွေ ရရယူထားတာဖြစ်တယ်။ နောက်ဆုံးပွဲမဖြစ်တော့ လေလံငွေကြေးတွေကို ဘယ်သူဆပ်ပေးမှာလဲ။ အစိုးရကလည်း ဆပ်ပေးမှာမဟုတ်ဘူး။ ကျနော်တို့လည်း ဒီလောက်များတဲ့ ငွေတွေမဆပ်နိုင်ဘူး။ အဲ့တော့ ကျနော်တို့က ပြည်ထောင်စုနေ့ကျရောက်တဲ့ ဖေဖော်ဝါရီလမှာ ကျင်းပဖို့ ဆုံးဖြတ်ခဲ့တာပါ။” ဟု ပြောဆိုခဲ့ပါသည်။

သို့သော်လည်း မနောပွဲနာမည်ကို ‘ပြည်ထောင်စုနေ့ မနောပွဲ’ အဖြစ်မဟုတ်ဘဲ ကချင်ရိုးရာမနောပွဲအဖြစ်သာ ပြုလုပ်သွားမည်ဟု ပြောပါသည်။

ဖေဖော်ဝါရီလ ၅ ရက်နေ့မှ ၁၂ရက်အထိ ကျင်းပသွားရန် စီစဉ်နေပြီး ၊ ဈေးရောင်းပွဲတော်များ၊ အားကစားပြိုင်ပွဲများ ပါဝင်ကာ မနောအကဖြင့် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါသည်။

အဆိုပါ မနောပွဲကျင်းပနိုင်ရန်အတွက် ကချင်မျိုးနွယ် ၆ မျိုးမှ တစ်ဖွဲ့လျှင် မြန်မာကျပ်ငွေ သိန်း၁၀၀ ထုတ်ကာ ပြုလုပ်သွားမည့်အကြောင်း ဦး Hpauwung Bawk Tawng ထံမှသိရပါသည်။

ဇန်နဝါရီလ ၁၀ ရက်နေ့ ကျရောက်သော (၇၂) ကြိမ်မြောက်ကချင်ပြည်နယ်နေ့ကို ပြည်နယ်အစိုးရဦးဆောင်မှုဖြင့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်လည်း တက်ရောက်ကာ တစ်ရက်သာ မနောပွဲဖြင့် ပြုလုပ်ခဲ့ကြပါသည်။

 

Read Previous

NLD တိုင်းရင်းကော်မတီ ဥက္ကဋ္ဌ ကချင်လူမျိုး ခန့်ထားခြင်းပေါ် KSPP ဝေဖန်

Read Next

မြစ်ဆုံစီမံကိန်း ဖျက်သိမ်းပေးရန် တရုတ်သမ္မတကို ကချင်အဖွဲ့စည်းများ တောင်းဆို

Leave a Reply

Your email address will not be published. Required fields are marked *