သတင်း

ကချင်မျိုးနွယ်စုကြား အချင်းချင်းဆက်သွယ်ရာတွင် အခြားသော ဘာသာစကားမသုံးစွဲရန် KIO ဥက္ကဌပြော

ကချင်မျိုးနွယ်စုများကြား အချင်းချင်းဆက်သွယ်ပြောဆိုရာ၌ တပါးအမျိုးသား ဘာသာစကားကို အသုံးမပြုရန် ယနေ့ ကျရောက်သော (၆၀) ကြိမ်မြောက် ကချင်တော်လှန်ရေးနေ့တွင် KIO ဗဟိုကော်မတီ ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ပြောဆိုခဲ့သည်။

ကချင်မျိုးနွယ်စုများကြား အချင်းချင်းဆက်သွယ်ပြောဆိုရာ၌ တပါးအမျိုးသား ဘာသာစကားကို အသုံးမပြုရန် ယနေ့ ကျရောက်သော (၆၀) ကြိမ်မြောက် ကချင်တော်လှန်ရေးနေ့တွင် KIO ဗဟိုကော်မတီ ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ပြောဆိုခဲ့သည်။

၁၉၆၁ ဖေဖော်ဝါရီ ၅ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သော ကချင်လွတ်လပ်ရေးတပ်မတော် KIA ၏ (၅၉) နှစ်ပြည့်အခမ်းအနား လိုင်ဇာမြို့တွင် ပြုလုပ်ချိန် ပြောဆိုခဲ့ခြင်းဖြစ်သည်။

ကချင်မျိုးနွယ်စုများကြား ပြည်နယ် အမည်နာမနှင့်ပတ်သက်ပြီး အငြင်းပွားမှုကြောင့် လွန်ခဲ့သည့် (၇၂)နှစ်ပြည့် ကချင်ပြည်နယ်နေ့ကိုပင် ဖျက်သိမ်းခဲ့ရသည်။

ထို့ကြောင့် ကချင်အမျိုးသားသီးခြား လွတ်လပ်ရေးဆိုသည့်ပန်တိုင်ဖြင့်ဝေးကွာနေပြီး လက်ရှိပိုင်ဆိုင်ထားသေား ‘ကချင်ပြည်နယ်’ ကချင်လို ‘Jinghpaw Mung’ ဟူသောနာမည်ကိုပင် လက်လွတ်ရမည်လား သို့မဟုတ် တပါးအမျိုးသားများ ထပ်မံမည့်ပေးသော နာမည်ကိုသာ ယူရမည့်လား ဆိုသည့်အခြေအနေမဖြစ်အောင် စည်းလုံးကြရန် တိုက်တွန်းခဲ့သည်။

လွတ်လပ်ရေးကို ဗမာနှင့်အတူမယူဘဲ သီးခြားနောက်ကျမှ စောင့်ယူရန် ဗြိတိသျှအစိုးရတို့ကမ်းလှမ်းခဲ့သော်လည်း စိတ်ရှည်သည်းခံမှု နည်းပါးခဲ့သည့် ခေါင်းဆောင်တို့ ဆုံးဖြတ်ချက်ကြောင့် ယနေ့အဖြစ်ကြုံရသည်ကို ပညာယူပြီး လက်ရှိနိုင်ငံရေးအခြေအနေကို စိတ်ရှည်စွာဖြင့် စောင့်ကြည့်ရန် ပြောဆိုခဲ့သည်။

၂၀၁၁ ခုနှစ် လူထုတစ်ပိုင်းအစိုးရတက်လာချိန် ကချင်ဒေသ တိုက်ပွဲများပြန်လာဖြစ်ပွားလာသည်ပြီး၊ ငြိမ်းချမ်းရေးလုပ်ငန်းကိုလည်း အခြားသော တိုင်းရင်းသားလူမျိုးများနည်းတူ ပြုလုပ်ခဲ့သည်။ သို့သော်လည်း တစ်နိုင်ငံအပစ်အခတ်ရပ်စဲရေးစာချုပ် NCA နှင့် အနှစ်သာရ ပြည့်စုံမှုမရှိဘဲ အလုပ်မဖြစ်ခဲ့ကြောင်း ဖော်ပြခဲ့သည်။

သို့သော်လည်း KIO သည် ငြိမ်းချမ်းရေးပြုလုပ်နိုင်ရန် ပစ်ခတ်တိုက်ခိုက်မှုများကို အမြဲရပ်စဲထားကြောင်း ပြောဆိုခဲ့သည်။

 

Show More

Related Articles

Back to top button