သတင်း

ကချင်တော်လှန်ရေးနေ့ အခမ်းအနားဆုတောင်းပွဲ မြစ်ကြီးနားတွင်ပြုလုပ်

(၆၀) ကြိမ်မြောက် ကချင်လွတ်လပ်ရေးတပ်မတော် KIA တော်လှန်ရေးနေ့အထိမ်းအမှတ်ဖြစ် ကချင်လူထုဆုတောင်းပွဲကို မြစ်ကြီးနားမြို့ နောင်နန်း ဂျော်ဘွမ်ဆုတောင်းတောင်တွင် ပြုလုပ်ခဲ့သည်။

အဆိုပါ အထိမ်းအမှတ်ဆုတောင်းပွဲကို ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ WMR ဦးဆောင်ပြီး ဘာသာရေးခေါင်းဆောင်များပါဝင်ကာ လူထု ၄ ထောင်ခန့်ဖြင့် ပြုလုပ်ခဲ့သည်။

“တော်လှန်ရေးကာလ ကြာရှည်လာတဲ့တွက်ကြောင့် ဘယ်သူ့စိတ်ထဲမှာမဆို စိတ်ဓါတ်ကျတာတွေရှိမှာဘဲ။ ဒါကလ့ူသဘာဝစိတ်ကြောင့်ပေါ့။ ဒီလိုချိန်မှာကျွန်တော်တို့က ပန်းတိုင်မရောက်သေးတဲ့တွက် စိတ်ဓါတ်ခွန်အားတွေထည့်ထားပြီး ဆက်လက်လုပ်ဆောင်သွားရအုံးမယ်ဆိုတာသိထားရမယ်” ဟု ပွဲဖြစ်မြောက်ရေးတာဝန်ခံ ဆရာလုံအောင် ပြောသည်။

အစီစဉ်တွင်အထူးသဖြင့် တော်လှန်ရေးခရီးစဉ်အတွက် ဆုတောင်းခဲ့ပြီး၊ လူငယ်များ၏ ပြဇတ်၊ သီချင်းတင်ဆက်ခြင်းတို့ ပါဝင်ခဲ့သည်။

ကချင်အမျိုးသားတို့လွတ်လပ်ရေးဟုဆိုရာတွင် လက်နက်ကိုင်တော်လှန်ရေးသာ မဟုတ်ဘဲ ၊ မိမိလုပ်ဆောင်နေသော အမျိုးသားတာဝန်၊ ကိစ္စမှန်သမျှ စုပေါင်းပါဝင်မှုတို့သည် တော်လှန်ရေးဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်။

ယနေ့ကျရောက်သော ကချင်တော်လှန်ရေးနေ့အခမ်းအနားကို KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့တွင်လည်း ပြုုလုပ်ခဲ့ပါသည်။

ကချင်မျိုးနွယ်စုကြား အချင်းချင်းဆက်သွယ်ရာတွင် အခြားသော ဘာသာစကားမသုံးစွဲရန် KIO ဥက္ကဌပြော

Show More

Related Articles

Back to top button