Breaking News :

ပူတာအိုခရိုင်တွင် တပ်မတော်သားသီးသန့် မဲရုံ ၁ ရုံအပါ တပ်မဲရုံ ၄ ရုံသာရှိ

နယ်လှည့်ဆေးကုမှုကို ပိတ်ပင်မှုကြောင့် ကျေးလက်ပြည်သူများ၏ ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှု ထိခိုက်မည်ကိုစိုးရိမ်

ရှဒူးဇွပ်(Ja Htu Zup)ကျေးရွာ ရေဘေးဒဏ်ထပ်မံကြုံတွေ့နေရ

ရှမ်းမြောက် Howa Bum တောင်ပေါ် မြန်မာ စစ်တပ် နှင့် KIA တိုက်ပွဲ ဖြစ်ပွား

Covid-19 ကာလ ကိုယ်စားလှယ်လောင်းများ ကန့်သတ်ချက်ဖြင့် မဲဆွယ်နေရ

ပိုးတွေ့လူနာတည်းခိုခဲ့သော မြစ်ကြီးနား အေးချမ်းသာတည်းခိုခန်း နှင့်ဆက်စပ်ခဲ့သူ ၂၀ ဦးကို Quarantine ထားရှိ

ကျေးရွာနယ်နမိတ်ထိ ရွှေတူးဖော်လာမည်ကို ဆွမ်ပရာဘွမ်ဒေသခံများစိုးရိမ်

ကချင်ပြည်နယ်လိပ်စာဖြင့် ထပ်တိုးပိုးတွေ့လူနာ ၂ ဦးမှာ မန္တလေးနှင့် နေပြည်တော်တွင်အသွားအလာကန့်သတ်ခံထားရသူများဖြစ်

ဖားကန့်တွင် မဲဆွယ်စည်းရုံးမှုများ ရပ်နားထား

ပြည်နယ်တွင်းမှ ဖားကန့်သို့ဝင်လာသူများ ကွာရန်တင်းဝင်ရမည်

မံစီတွင် လေထိုးသေနတ်များ ဖျက်ဆီးမှု ကလေးများ၏တီထွင်မှုကို ဖျက်ဆီးခြင်းဟု ဝေဖန်နေ

ကလေးများပြုလုပ်သော လေထိုးတံ သေနတ်

ကချင်ပြည်နယ် မံစီမြို့နယ်တွင် ကလေးငယ်များပြုလုပ်သော လေထိုးသေနတ်ကို ဖျက်ဆီးလိုက်ခြင်းမှာ ကလေးများ၏ တီထွင်မှုကို ဖျက်ဆီးလိုက်ခြင်းဖြစ်သည်ဟု ဝေဖန်မှုများ ရှိနေသည်။

ကချင်ပြည်နယ် မံစီမြို့နယ်တွင် ကလေးငယ်များပြုလုပ်သော လေထိုးသေနတ်ကို ဖျက်ဆီးလိုက်ခြင်းမှာ ကလေးများ၏ တီထွင်မှုကို ဖျက်ဆီးလိုက်ခြင်းဖြစ်သည်ဟု ဝေဖန်မှုများ ရှိနေသည်။

၁၃ နှစ်အောက် ကလေးငယ်များကိုယ်တိုင် ဆိုင်ကယ်လေထိုးတံအခွံ နှင့် ဆေးဖြန်းပုံးမှ ပိုက်နှင့်သံချောင်း တို့ကိုပေါင်းစပ်ပြီး သစ်သားကို သေနတ်ပုံစံပြုလုပ်ပြီးနောက် စက်ဘီးဝင်းရိုးရှိ သံဘောဖြင့် ပစ်ခတ်နိုင်အောင် ပြုလုပ်ထားသည့် လေသေနတ်များဖြစ်သည်ဟု သိရသည်။

မံစီမြို့နယ်အတွင်း ကလေးငယ်များ လေထိုးတံ သေနတ်များ ပြုလုပ်ကိုင်ဆောင် ကစားနေကြသည်ကိုတွေ့ရှိရသည့်အတွက် မလိုလားအပ်သော ဖြစ်စဉ်များ ဖြစ်ပွားမှုမရှိစေရန် မြို့နယ်အုပ်ချုပ်ရေးမှုး၏ လမ်းညွှန်မှုဖြင့် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များက လိုက်လံသိမ်းဆည်းခဲ့ခြင်းဖြစ်ပြီးနောက် လမ်းကြိတ်စက်ဖြင့် ဖေဖော်ဝါရီလ ၃ ရက်နေ့ ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း မံစီမြို့နယ် အစိုးရပြန်ကြားရေးဌာနသတင်းစာမျက်နှာတွင် ဖော်ပြထားသည်။

အဆိုပါသတင်းအောက် မှတ်ချက်ပြုချက်တွင်လည်းကောင်း၊ ဖေ့စ်ဘုတ် စာမျက်နှာများတွင်လည်းကောင်း ယခုလိုဖျက်ဆီးလိုက်မှုသည် ကလေးများတီထွင်မှုကို ဖျက်ဆီးရာကျကြောင်း ရေးသားနေကြသည်ကို တွေ့ရပါသည်။

ထို့အပြင် ယခုလေထိုးတံ သေနတ်ကို မံစီရှိကလေးများသာ တီထွင်အသုံးပြုနေကြပြီး နယ်မြေချင်းထိစပ်သော ဗန်းမော်နှင့် မိုးမောက်ရှိ ကလေးများကိုင်ဆောင်သည်ကိုပင် မတွေ့ရသေးကြောင်း အမည်မဖော်လိုသူ မံစီဒေသခံတစ်ဦးပြောသည်။

မြို့နယ်ရဲတပ်ဖွဲ့မှုး ရဲမှူးခင်မောင်ချိုမှ အဆိုပါ သေနတ်ဖျက်ဆီးမှုကို လာရောက်ကြည့်ရှုသည့် ကျောင်းသားများကို လေထိုးတံသေနတ်များ ကိုင်ဆောင်ခြင်းကြောင့်ဖြစ်ပေါ်လာတတ်သည့်အန္တရာယ်များနှင့် ညှိစွန်းနိုင်သည့်ဥပဒေအကြောင်းကို ရှင်းလင်းဟောပြောပြီးနောက် သိမ်းဆည်းရမိသည့် လေထိုးသေနတ် (၃၄)လက်ကို ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်ဟု မြို့နယ်ပြန်ကြားရေးဌာန ဖော်ပြချက်တွင် တွေ့ရသည်။

ထို့အပြင် ဆက်လက်ပြုလုပ်သုံးစွဲပါက ဥပဒေနှင့်အညီ အရေးယူမည့်အကြောင်း ဖော်ပြထားသည်။

 

0 Reviews

Write a Review

Read Previous

ကချင်တော်လှန်ရေးနေ့ အခမ်းအနားဆုတောင်းပွဲ မြစ်ကြီးနားတွင်ပြုလုပ်

Read Next

ကချင်တော်လှန်ရေးနေ့အစီစဉ်ပါဝင်သူ ၂ ဦး ရဲစခန်းတွင် စစ်ဆေးခံနေရ

Leave a Reply

Your email address will not be published. Required fields are marked *