Breaking News :

ရှဒူးဇွပ်(Ja Htu Zup)ကျေးရွာ ရေဘေးဒဏ်ထပ်မံကြုံတွေ့နေရ

ရှမ်းမြောက် Howa Bum တောင်ပေါ် မြန်မာ စစ်တပ် နှင့် KIA တိုက်ပွဲ ဖြစ်ပွား

Covid-19 ကာလ ကိုယ်စားလှယ်လောင်းများ ကန့်သတ်ချက်ဖြင့် မဲဆွယ်နေရ

ပိုးတွေ့လူနာတည်းခိုခဲ့သော မြစ်ကြီးနား အေးချမ်းသာတည်းခိုခန်း နှင့်ဆက်စပ်ခဲ့သူ ၂၀ ဦးကို Quarantine ထားရှိ

ကျေးရွာနယ်နမိတ်ထိ ရွှေတူးဖော်လာမည်ကို ဆွမ်ပရာဘွမ်ဒေသခံများစိုးရိမ်

ကချင်ပြည်နယ်လိပ်စာဖြင့် ထပ်တိုးပိုးတွေ့လူနာ ၂ ဦးမှာ မန္တလေးနှင့် နေပြည်တော်တွင်အသွားအလာကန့်သတ်ခံထားရသူများဖြစ်

ဖားကန့်တွင် မဲဆွယ်စည်းရုံးမှုများ ရပ်နားထား

ပြည်နယ်တွင်းမှ ဖားကန့်သို့ဝင်လာသူများ ကွာရန်တင်းဝင်ရမည်

ပြည်တွင်းစစ်များ ရပ်တန့်ရန် ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့တောင်းဆို

ငြိမ်းချမ်းရေးအတွက် ဘယ်လိုလွှတ်တော်ကိုယ်စားလှယ်များကို​ ရွေးချယ်ကြမလဲ

မိုင်းရှင်းလင်းရေး လုပ်ဆောင်ပေးရန် နမ်ဆန်ယန်ဒေသခံများ တောင်းဆို

နမ်ဆန်ယန်ကျေးရွာအဝင်

ပထမဆုံး စစ်ရှောင်နေရပ်ပြန် နမ်ဆန်ယန်ကျေးရွာတွင် လွတ်လပ်စွာ လုပ်ကိုင်စားသောက်နိုင်ရန် အစိုးရတပ်နှင့် KIA စသော နှစ်ဖက်တပ်များ ညှိ့နှိုင်းဆွေးနွေးမှုပြုလုပ်ကာ မိုင်းရှင်းလင်းရေးအမြန်လုပ်ဆောင်စေလိုကြောင်း ဒေသခံများ တောင်းဆိုနေကြသည်။

အစိုးရ၏တစ်ဖက်သတ်အစီစဉ်ဖြင့် နမ့်ဆန်ယန်ကျေးရွာတွင် ၁နှစ်ကျော် ပြန်လည်အခြေချနေထိုင်ခဲ့သော ဒေသခံတစ်ဦးက တောင်ယာလုပ်ငန်းဖြင့် ရပ်တည်နိုင်ရန် မိုင်းရှင်းလင်းစေလိုကြောင်း ပြောသည်။

“ဖြစ်နိုင်ရင်တော့ စစ်တပ် ၂ဖက် အမြန်ညှိနှိုင်းပြီး မိုင်းရှင်းစေချင်တယ်။ သွားရလာရတဲ့အပိုင်းမှာ တော်တော် အခက်အခဲရှိနေတယ်။ ပြီးရင် တောင်ယာ လုပ်ငန်းတွေ လုပ်ကိုင်မယ်ဆိုရင်လည်း ကန့်သတ်နယ်မြေတွေဖြစ်နေတယ်။ ကိုယ်က ကချင်လူမျိုး ဖြစ်နေတဲ့အတွက် တောင်ယာအခင်းတွေဘဲ လုပ်ကိုင်စားသောက်ချင်တယ်။ အခု တောင်ယာခုတ်မယ့်နေရာဘက်မှာက မိုင်းတွေက ရှိနေတယ်”ဟု ဒေသခံ ဒေါ်နန်တောင် ပြောသည်။

မိုင်းရှင်းလင်းရေး ကိစ္စနဲ့ပတ်သက်ပြီး ‘ကချင်ပြည်နယ်အတွင်း မိုင်းရှင်းလင်းရေး လုပ်ဆောင်ရန်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA အနေဖြင့် အပစ်ရပ်စဲရေး NCA လက်မှတ်ရေးထိုးပြီးမှသာ နှစ်ဖက်ညှိနှိုင်းလုပ်ဆောင်ရမည်ဖြစ်သည်’ ဟု ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး နေလင်းထွန်း လွန်ခဲ့သည့်ဖေဖော်ဝါရီလ လွှတ်တော်အစည်းအဝေးတွင် ဖြေကြားခဲ့ဖူးသည်။

သို့သော်လည်း စားဝတ်နေရေးအခြေအနေအရ NCA လက်မှတ် အပေါ်အခြေမခံဘဲ ဒေသခံများ၏ တောင်းဆိုမှုကို ဦးစားပေးသင့်ကြောင်း နမ်ဆန်ယန်တွင်ပြန်လည်အခြေချနေထိုင်သူ ဆရာမ ခေါန်ရာ ယခုလိုပြောဆိုသည်။

“ကျမတို့ ဆန္ဒအရပြောရမယ်ဆိုရင် NCA လက်မှတ်ထိုးဖို့ဆိုတာ အကြာကြီး စောင့်ရအုံးမယ်ထင်တာဘဲ။ အခုက စားဝတ်နေရေးအတွက် အင်မတန်မှ ခက်ခဲနေတယ်။ အဲ့ကြောင့် NCA လက်မှတ် မထိုးသေးရင်လည်း မိုင်းရှင်းလင်းရေးကို လုပ်ပေးစေချင်တယ်။ ဒါကြောင့် လက်ရှိအခြေအနေအရဆိုရင် ၂ဖက်တပ် ဆွေးနွေးပြီး မိုင်းရှင်းလင်းရေး လုပ်ပေးဖို့တောင်းဆိုချင်တယ်”ဟု ပြောသည်။

လွန်ခဲ့သော ဖေဖော်ဝါရီလ ၁၄ရက်နေ့ နမ့်ဆန်ယန်ကျေးရွာသားတစ်ဦး ရွာအနီးငါးဖမ်းရှာထွက်ရာ မြေမြုပ်မိုင်းနင်းမိသဖြင့် ခြေထောက်တစ်ဖက် ဖြတ်ရလိုက်ရသည့် အခြေအနေအထိ ဖြစ်ခဲ့ရကြောင်း သိရသည်။

ကချင်ပြည်နယ်တွင် စစ်ရှောင်များအား ပြန်လည်နေရာချထားရေးနှင့် နေရပြန်ပို့ရေးအစီစဉ် အစိုးရတွင်ရှိသော်လည်း မိုင်းရှင်းလင်းရေးနှင့် ပတ်သက်ပြီး တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့အနေဖြင့် မည်သည့်အချိန်မှ ဆွေးနွေးမည်ကို မသိရသေးသည့်အခြေအနေတွင် နမ်ဆန်ယန် ဒေသခံများကို ဦးစားပေး မိုင်းရှင်းလင်းပေးစေလိုကြောင်း နမ်ဆန်ယန် နေရပ်ပြန်နိုင်ရေးကို ဦးဆောင်ပေးခဲ့သူ ဦးဖော်လားဂမ်ဖန် ပြောဆိုသည်။

နမ့်ဆန်ယန်ကျေးရွာတွင် စစ်ရှောင် အိမ်ထောင်စု ၉၈စုနှင့် လူဦးရေ ၅၀၀ကျော် နေရပ်ပြန်အခြေချနေသည်မှာ ၁၄လခန့် ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

အစိုးရမဟုတ်သော ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဦးဆောင်ပြီး ကျေးရွာ ၁၀ ရွာမှ အိမ်ထောင်စု ၅၀၀ ခန့်ကို နေရပ်ပြန်ပို့ရန် ပြန်လည် စီစဉ်နေပြီဟု သိရသည်။

 

0 Reviews

Write a Review

Read Previous

အပြည်ပြည်ဆိုင်ရာမြစ်ချောင်းအင်းအိုင်နေ့ မြစ်ဆုံဒေသခံများ ပြုလုပ်

Read Next

တရုတ်နယ်စပ်ဂိတ်များပိတ်ရန် ပြည်နယ်အစိုးရတွင်အခွင့်မရှိ၊ ဝင်ထွက်သွားလာမှု ပိုမိုများပြားလာ

Leave a Reply

Your email address will not be published. Required fields are marked *