ငြိမ်းချမ်းရေးဆွေးနွေးမှုသတင်း

မူးယစ်ဆေးဝါးနှင့်ဆက်စပ်ပြီး KDA ဌာနချုပ်နှင့် ထိပ်ပိုင်းခေါင်းဆောင်များကို မြန်မာစစ်တပ် ထိန်းချုပ်

မြန်မာစစ်တပ်က ၎င်းလက်အောက် ကောင်းခါးပြည်သူ့စစ် ခေါ် ယခင် ကချင်ကာကွယ်ရေးတပ်မတော် (KDA) နယ်မြေမ ယခု မတ်လ လဆန်းပိုင်းမာ မူးယစ်ဆေးဝါးနင့် ထုတ်လုပ်စက်များ မြောက်များစွာ ဖမ်းဆီးရမိပြီးနောက် KDA ဌာနချုပ် Kawnghka င့် ထိပ်ပိုင်းခေါင်းဆောင်များကို ထိန်းချုပ်လိုက်ကြောင်း သိရသည်။

မ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ အရေ့ဘက် KDA ဌာနချုပ် Kawnghka င့် ၎င်း၏ တပ်မဟာ () ဌာနချုပ် Loi Hkang တို့ကို မြန်မာစစ်တပ် တပ်မ (၉၉) စစ်ကြောင်းများ သံချပ်ကားများနင့်တက်လာပြီး ထိန်းချုပ်လိုက်ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦး ကချင်သတင်းဌာန KNG သို့ပြောသည်။

သူတို့(တပ်မတော်)က KDA ကို ဖျက်စီးချင်တဲ့သဘောရိတယ်။ တပ်မဟာ () နယ်မြေကို ဒီနေ့ (မတ်လ ၂၅) ာ ထိန်းချုပ်ထားပြီးတော့ လက်နက်အားလုံးကိုလည်း သိမ်းယူသွားတယ်။ ခေါင်းဆောင်တွေကိုလည်း ခေါ်သွားပြီ။ ဒါကြောင့် အခု Loi Hkang ဘက်မာဆို KDA တံဆိပ်ပါတဲ့ အကျီတွေ မဝတ်ဖို့ ညွန်ကြားထားတယ်လို့ သိရတယ်။ ဖျက်စီးလိုက်တဲ့ ပုံပေါက်နေပြီ။

ဆက်လက်ပြီး Ja Yang နယ်မြေဘက်မာ အခြေစိုက်သော KDA တပ်မဟာ ()ဘက်သို့ တပ်မတော် စစ်ကြောင်းများ ဝင်ရောက်လာစဉ် မတ်လ (၂၆)ရက်နေ့ ကိုးကန့်တပ် MNDAA တပ်မဟာ (၂၁၁)လက်အောက် တပ်ရင်း (၂၀၄)တပ်ဖွဲ့နင့် နေ့လည် ၁နာရီမ ညနေပိုင်းထိ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်ဟု ဒေသခံများပြောသည်။

ထိုတိုက်ပွဲတွင် ကိုးကန့်ဘက် KDA တပ်ရင်းဖွဲ့များပါဝင်မုရိမရိကို မသိရသေးပါ။ အစောပိုင်းက တော်မတော် စစ်ကြောင်းများ ထိုနယ်မြေသို့ တက်မလာရန် KDA တပ်မဟာ ()ဘက်မ သတိပေးမု ရိကြောင်း ဆိုပါသည်။

Kawnghka ပတ်ဝန်းကျင်မ ဖမ်းမိသော ကျပ်ငွေ ၉၁ ဘီလီယံ ကျော် တန်ဖိုးရိသော မူးယစ်ဆေးနင့် မူးယစ်ဆေးဝါး ထုတ်လုပ်စက်ရုံများကို နိုင်ငံတကာ စစ်သံမူးများ၊ နိုင်ငံတကာမူးယစ်တိုက်ဖျက်ရေးအဖွဲ့နင့် သတင်းမီဒီယာများကို ထိုနေရာသို့ တပ်မတော် ရဟတ်ယာဉ်များဖြင့် ခေါ်ယူကာ မတ်လ ()ရက်နေ့ သတင်းစာရင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

၎င်းအစီစဉ်သို့ The United States Drug Enforcement Administration Thailand’s Office of the Narcotics Control Board China’s National Narcotics Control Commission င့် Australia Federal Police တို့လည်း ပါဝင်တက်ရောက်ခဲ့သည်။

၁၉၉၁ ခုနှစ် ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ ခွဲထွက်ကာ Kachin Defense Army ကချင်ကာကွယ်ရေးတပ်မတော် အဖြစ် ရပ်တည်ရာမှ ၂၀၁၀ တွင် ကောင်းခါးပြည်သူ့စစ် အဖြစ် အသွင်ပြောင်းလဲခဲ့သည်။

သို့သော်လည်း လက်ရှိ KDA တွင် တရားဝင်အင်အား ၃၀၀၀ ခန့်ရှိပြီး တရားမဝင် ကိန်းဂဏန်းက ၁၀၀၀၀ ခန့်ရှိနိုင်သည်ဟု ဒေသခံများ ခန့်မှန်းပါသည်။ ၎င်းတွင် ထိပ်ပိုင်းခေါင်းဆောင်အဆင့်မှ အောက်ခြေ စစ်သားအဆင့်အထိ တရုတ်လူမျိုး အများအပြားပါဝင်ကြောင်း သိသည်။

တပ်မတော်ဘက်ကတော့ KDA ကို အပြီးအပိုင် ဖျက်သိမ်းပြီး လက်နက် (၁၀)လက်ထက် မများသော လူအင်အားဖြင့် ကောင်းခါးပြည်သူ့စစ်အဖွဲ့ ကို ပြန်လည် ဖွဲ့စည်းရန် ကြိုးစားနေကြောင်း ဒေသခံများမှ သိသည်။

Show More

Related Articles

Back to top button