,

Breaking News :

စစ်ကောင်စီက အရပ်သားတည်နေရာကို လက်နက်ကြီးဖြင့် ပစ်မှတ်ထား ပစ်ခတ်ခဲ့ဟု KIO ပြော

ဝိုင်းမော် ၅၈ တပ်ရင်းမှ တစ်ဖက်သတ် ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းသာဖြစ်ကြောင်း KIA ပြော

အာဏာသိမ်းစစ်အုပ်စုမှ ‘အိမ်စောင့်အစိုးရ’ ပြင်ဆင်ဖွဲ့စည်းမှုအပေါ် ကချင်တက်ကြွလှုပ်ရှားသူများ၏ အသံ

လိုင်ဇာမြို့တွင် ကိုဗစ်-၁၉ ရောဂါဖြင့် ပထမဆုံး အမျိုးသမီးတစ်ဦး သေဆုံး

ဝိုင်းမော် အာဏာသိမ်းစစ်တပ်မှ ကျေးရွာများဘက်သို့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့

စစ်တပ်ကိုဆန့်ကျင်သော ဆရာမ ဒေါ်လငန်လွမ်းနော အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာ

ဖားကန့်လမ်း အာဏာသိမ်းတပ် စစ်ကြောင်းကို KIA မိုင်းဖြင့် စောင့်ကြို တိုက်ခိုက်

သေနတ်ဖြင့် ပစ်ခံရသည့် မိုးမောက်မြို့နယ်အုပ်ချုပ်ရေးမှူးသေဆုံး

နမ္မတီး ဆီးဒင်ယန် စစ်တပ်စခန်းကို KIA တိုက်ခိုက်

ကချင်နှင့် စစ်ကိုင်းနယ်စပ်တွင် စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီး ထိခိုက် သေဆုံးမှု များပြား

AA ရှိသော KIO နယ်မြေ တိုက်ခိုက်ခံရမည်ဟု မြန်မာအစိုးရတပ် သတိပေး

KIA စစ်ရေးပြ၊ လိုင်ဇာမြို့၊ ကချင်ပြည်နယ်

အကြမ်းဖက်အဖွဲ့ အဖြစ် ကြေညာခံထားရသော ရက္ခိုင့်တပ်မတော် AA ရှိသော ကချင်လွတ်လပ်ရေးအဖွဲ့ KIO နယ်မြေတွင် ပြင်းထန်စွာ တိုက်ခိုက်မှုခံရမည်ဟု သတိပေးထားကြောင်း ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့မှ သိရသည်။

ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနား အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ)တိုင်းမှူး ဗိုလ်ချုပ် တေဇကျော် က ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ Peace-talk Creation Group မှတဆင့် KIO ကို သတိပေးခြင်းဖြစ်သည်။

“ဒီကိစ္စနဲ့ ပတ်သက်လို့ ကျနော်တို့ PCG ကို မပခ တိုင်းမှုးကနေ ဒီလ ၂၀ ရက်နေ့မှာ ခေါ်ယူ အသိပေးတာရှိပါတယ်။ AA ကို အကြမ်းဖက်အဖွဲ့လို့ ကြေညာလိုက်ပြီဖြစ်တဲ့အတွက် KIO နယ်မြေမှာ AA ရှိတဲ့အတွက် AA ကိုတိုက်ဖို့ ရှိလာတယ်။ ဒါကြောင့်မို့ AA တွေကို အမြန် ဖယ်ထုတ်လိုက်ပါ ဆိုပြီးတော့ အသိပေးတာမျိုး ရှိပါတယ်” ဟု မြစ်ကြီးနား အခြေစိုက် PCG မှ Duwa Lamai Gum Ja (ဒူဝါ လမိုင် ဂွမ်ဂျာ) ပြောပါသည်။

မြန်မာအစိုးရက KIO နယ်မြေထဲမှာပဲ AA ရှိသည်ဟု ထင်မြင်ထားနေသော်လည်း AA ဌာနချုပ်သည် ‘ဝ’ ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် UWSA ဌာနချုပ် Pangsang (ပန်ဆိုင်း)မှာ အခြေစိုက်ထားကြောင်း Duwa Lamai Gum Ja ဆက်ဆိုသည်။

“KIO နယ်မြေမှာ သူတို့ (AA)တပ်စွဲပြီး ဌာနချုပ်လုပ်တာ မရှိပါဘူး။ စစ်သားတွေ နည်းနည်းပါးပါး ရှိတာ လောက်ပါပဲ။  ဒါပေမယ့် သူတို့ အဓိက ဌာနချုပ် အနေနဲ့ အခြေစိုက်တာကတော့ Pangsang (ပန်ဆိုင်း)မှာ ဖြစ်ပါတော့ KIO ကိုပဲ အစိုးရ ဖိအားပေး ပြောဆိုနေပေမယ့်လည်း ‘ဝ’ ဘက်မှာ ရှိတဲ့ အဖွဲ့တွေနဲ့ပါ ပတ်သက်နေပါတယ်။”

PCG မှတဆင့် မပခ သို့ ပေးပို့သော် မတ်လ (၂၆) KIO အဖွဲ၏ စာထဲတွင် “bilateral အပစ်ရပ် လက်မှတ်ထိုးနိုင်ဖို့ ကြိုးစားချိန်မှာ အခု ဖြစ်ပွားနေတဲ့ coronavirus ရောဂါကြောင့် အစိုးရနဲ့ မတွေ့ဆုံ နိုင်တာဖြစ်တယ်၊ လက်မှတ် မရေးထိုးချင်တဲ့ သဘော မရှိပါဘူး။ ဒီလို အခြေအနေမှာ AA ကို အကြမ်းဖက်အဖွဲ့လို့ ကြေညာတာဟာ ပြဿနာကို အဖြေရှာတဲ့ နည်းလမ်း မမှန်ဘူး” ဆိုပြီးတော့ KIO ဘက်က တုန့်ပြန်ထားတာ ရှိပါသည်ဟု သူက ဆိုပါသည်။

မြန်မာအစိုးရ နှင့် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ဖြစ်ကြသော ကချင် KIO၊ ရခိုင် AA၊ ကိုးကန့် MNDAA နှင့် တအာင်း TNLA တို့ကြား နှစ်ဦးနှစ်ဖက် အပစ်ရပ်ကိစ္စ ပုံမှန် ဆွေးနွေးနေခြင်းသည် တရုတ် နှစ်သစ်ကူးမတိုင်မီ Wuhan မှ စတင် ဖြစ်ပွားလာသော coronavirus ရောဂါကြောင့် ဖေဖေါ်ဝါရီလ ကတည်းက ရပ်ဆိုင်းနေခြင်းဖြစ်သည်။

မတ်လအတွင်း နှစ်ဖက် ပြန်လည် တွေ့ဆုံနိုင်ရန် ညှိနှိုင်းမှုများရှိသော်လည်း တွေ့ဆုံမည့် နေရာ သဘော မတူနိုင်သေးသောကြောင်း သိရသည်။ မြောက်ပိုင်းအဖွဲ့က လုံခြုံရေးကြောင့် တရုတ်ပြည်တွင် တွေ့ဆုံရန် တင်ပြထားပြီး အစိုးရဘက်က တရုတ်ပြည်တွင် coronavirus စိုးရိမ်ရသောကြောင့် ပြည်တွင်းမှာ ကျိုင်းတုံ သို့မဟုတ် မြစ်ကြီးနား တွင် တွေ့ဆုံလိုကြောင်း Duwa Lamai Gum Ja ဆိုပါသည်။

အပစ်ရပ် လက်မှတ်ရေးထိုးနိုင်ရေး ဆွေးနွေးနေချိန်မှာ မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင် AA ကို အစိုးရဘက်က အကြမ်းဖက်အဖွဲ့ အဖြစ် ကြေညာလိုက်ခြင်း နှင့် coronavirus ကူးစက်မှုကာကွယ်ရန် ဧပြီလ ၃၀ ထိ လူစုလူဝေး မပြုလုပ်ရန် အစိုးရ၏ ထုတ်ပြန်ထားချက်ကြောင့်လည်း ဧပြီလ နောက်ပိုင်းမှ နှစ်ဖက် တွေ့ဆုံနိုင်မည်ဖြစ်သည်ဟု Duwa Lamai Gum Ja က သုံးသပ်ပါသည်။

ယခုချိန် တကမ္ဘာလုံး coronavirus ကပ်ရောဂါ ခံစားနေချိန်မှာ တပ်မတော်မှ AA ကို အကြောင်းပြုပြီး KIO ဌာနချုပ် Laiza ကို စစ်ရေးအရ ပြန်လည် တိုက်ခိုက်ခြင်း မလုပ်သင့်ကြောင်း၊ စစ်ရေးနှင့် ပြဿနာ မဖြေရှင်းသင့်ကြောင်းကို မပခ တိုင်းမှူး ဗိုလ်ချုပ် တေဇကျော်နှင့်မတ်လ (၂၈)ရက်နေ့ မြစ်ကြီးနားမြို့တွင် ထပ်မံတွေ့ဆုံစဉ် PCG က တိုက်တွန်းခဲ့ကြောင်း Duwa Lamai Gum Ja က ကချင်သတင်းဌာန KNG ကို ပြောပါသည်။

 

Read Previous

မူးယစ်ဆေးဝါးနှင့်ဆက်စပ်ပြီး KDA ဌာနချုပ်နှင့် ထိပ်ပိုင်းခေါင်းဆောင်များကို မြန်မာစစ်တပ် ထိန်းချုပ်

Read Next

ကိုရိုနာဗိုင်းရပ်ကို ဘယ်လိုကာကွယ်မလဲ၊ တပတ်အတွင်း ကချင်သတင်းများ

Leave a Reply

Your email address will not be published. Required fields are marked *