ဝိုင်းမော်မှာ ငှက်ဖျားအဖြစ်များလာပြီး သေဆုံးသူ ၃ ဦးအထိရှိလာ

ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာ ဦးနှောက်ငှက်ဖျားရောဂါဖြစ်သူများလာပြီး သေဆုံးသူ  ဦးအထိ ရှိလာပြီဖြစ်တယ်လို့ ဝိုင်းမော်အခြေစိုက် လူမှုကယ်ဆယ်ရေးအသင်းတွေထံက သိရပါတယ်။

ငှက်ဖျားရောဂါဖြစ်ပွားမှုတွေဟာ ပြီးခဲ့တဲ့ မေလကတည်းက စတင်ဆိုးရွားလာခဲ့တာဖြစ်ပြီး တစ်လကျော်အတွင်း သေဆုံးသူ  ဦးအထိ ရှိလာခဲ့ပါတယ်။ 

ဒါ့အပြင် နောက်ထပ် လူနာ  ဦးကိုလည်း အရေးပေါ်အခြေအနေနဲ့ မြစ်ကြီးနားဆေးရုံကြီးကို ပြောင်းရွှေ့ကုသထားရတယ်လို့ လူမှုကယ်ဆယ်ရေးအသင်းတစ်ခုက အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ဦးနှောက်ထဲ ပိုးဝင်ပြီး သေဆုံးတာတွေတော့ ရှိတယ်။တစ်ချို့ မြစ်ကြီးနားပို့ထားတဲ့လူနာတွေကတော့ အခြေအနေ မသိရသေးပါဘူးလို့ သူက ဆိုပါတယ်။

ငှက်ဖျားရောဂါဖြစ်ပွားသူတွေထဲမှာ အသက်  နှစ်မှ  နှစ်အရွယ် ကလေးငယ်တွေကနေ သက်ကြီးရွယ်အိုတွေအထိ ပါဝင်နေတယ်လို့ သိရပါတယ်။

လတ်တလော ဝိုင်းမော်မြို့ထဲမှာ ငှက်ဖျားလူနာစုစုပေါင်းလူနာ  ၂၀ ခန့်အထိ ရှိလာပြီး ပျောက်ကင်းသွားသူတစ်ချို့ရှိသလို အသစ်ထပ်မံကူးစက်သူတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ တွေ့ရတဲ့ ငှက်ဖျားပိုးတွေထဲမှာ PF (Plasmodium falciparum) နဲ့ PV (Plasmodium vivax) ပိုးတွေ ပါဝင်ပြီး PF နဲ့ PV ပိုးရောစပ်ကူးစက်မှုတွေကိုလည်း အများဆုံးတွေ့ရတယ်လို့ သိရပါတယ်။

PF ပိုးကတော့ ပြင်းထန်ပြီး သေဆုံးနိုင်ချေမြင့်မားကာ ၈၀ ရာခိုင်နှုန်းအထိ အန္တရာယ်ရှိနိုင်တယ်လို့ ဆေးဝါးဆိုင်ရာ ကူညီပေးနေသူတွေထံက သိရပါတယ်။

ဒါကြောင့် ဆရာဝန်တစ်ဦးဖြစ်တဲ့ ဆရာ Jacob က ကြိုတင်ကာကွယ်မှုအနေနဲ့ ပတ်ဝန်းကျင်သန့်ရှင်းရေးပြုလုပ်ခြင်း၊ ရေဝပ်နိုင်တဲ့နေရာတွေကို ရှင်းလင်းခြင်း၊ ခြင်ဆေးဖြန်းခြင်းတို့ကို လုပ်ဆောင်သင့်ကြောင်း အကြံပြုထားပါတယ်။

ငှက်ဖျားဖြစ်လာပြီး အချိန်ကြာသွားရင် ပိုးက ပိုဆိုးလာနိုင်ပါတယ်။ ဖြစ်လာပြီဆိုရင် ချက်ချင်းစစ်ဆေးပြီး လိုအပ်တဲ့ ဆေးကုသမှုခံယူတာ အကောင်းဆုံးပါပဲ” လို့ သူက ပြောပါတယ်။

ငှက်ဖျားကူးစက်စေတဲ့ ခြင်တွေဟာ နေ့ဘက်မှာလည်း ကိုက်တတ်တာကြောင့် ခြင်ကိုက်မခံရအောင် သတိထားရန်လိုအပ်ပြီး ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနဲ့ နာတာရှည်ရောဂါရှိသူများအနေနဲ့ ပိုမိုဂရုစိုက်သင့်ကြောင်းလည်း သူက ဆက်လက်ပြောကြားထားပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ ၂၀၂၅ ဒေတာအရ မြန်မာနိုင်ငံမှာ ငှက်ဖျားကူးစက်ခံရသူ ၁၂၆,၀၀၀ ကျော်ရှိပြီး ကချင်ပြည်နယ်မှာ အများဆုံးဖြစ်နေတယ်လို့ သိရပါတယ်။

By – Hope

Show More

Leave a Reply

Back to top button