Covid-19 Reportingသတင်း

Face Shield မျက်နှာကာများကို ဗန်းမော်လူငယ်များကိုယ်တိုင်ပြုလုပ်

ကချင်ပြည်နယ် တရုတ်နယ်စပ်တစ်လျှောက်ရှိ ဆေးရုံများတွင်အသုံးပြုနိုင်ရန် Covid-19 ကူးစက်ရောဂါကာကွယ်ရေး မျက်နှာကာ Face Shield အခု ၅၀၀၀ခန့်ကို ဗန်းမော်မြို့ရှိ လူငယ်များကိုယ်တိုင်လက်မှုပြုလုပ်ကာ ယခုလအတွင်း သွားရောက်လှူဒါန်းရန် စီစဉ်နေကြောင်း သိရသည်။

ဗန်မော်မြို့ရှိ လူငယ်များက မျက်နှာကာ Face Shield များကို လက်မှုပညာဖြင့်ကိုယ်တိုင်ပြုလုပ်ကာ ဗန်မော်ပြည်သူ့ဆေးရုံကြီးအပါအဝင် လိုင်ဇာနှင့်မိုင်ဂျာယန်အတွင်းရှိ ဆေးရုံများသို့ ပို့ရန် ဦးစားပေးထုတ်လုပ်နေခြင်းဖြစ်သည်ဟု သိရသည်။

“ကျနော်အနေနဲ့ ကိုဗစ်-၁၉ ကာကွယ်နိုင်တဲ့ မျက်နှာကာကို လက်မှုပညာနဲ့ ပြုလုပ်ပြီး လှူဒါန်းဖို့ စီစဉ်နေတယ်။ အဓိကတော့ ရှေ့တန်းမှာ ကာကွယ်ပေးနေတဲ့ ဆေးဆရာဝန်တွေ လုံခြုံဖိုဖြစ်တယ်။ ဒီပစ္စည်းတွေဝယ်သုံးဖို့ဆိုရင်လည်း အပြင်မှာဈေးကြီးတယ်။ ဝယ်သုံးဖို့ဆိုရင်တောင် ဈေးကွက်မှာ မရှိတော့ဘူး။ နောက်တစ်ခြား နှာခေါင်းပိတ် (Mask) တွေက သီးခြားအဖွဲ့အစည်းတွေ လှူဒါန်းပေးတာလို့ သိရတယ်။ ပြီးရင် အခုဖြစ်နေတဲ့ ရောဂါက အရမ်းဆိုးရွားတဲ့နေရာတွေမှာဆိုရင် Mask ဘဲတပ်ပြီး မှဘဲ ကာကွယ်လို့မရတော့ဘူး” ဟု Face Shield ပြုလုပ်နေသော ကိုအောင်မျိုးဆန့် ပြောသည်။

မျက်နှာကာ Face Shield များကို ဗန်းမော်ပြည်သူ့ဆေးရုံကြီးအတွက် အခု ၁၀၀ ၊ နယ်စပ်တစ်လျှောက် ဆေရုံကြီး ၆ခုအတွက် တစ်နေရာတွင် တစ်ထောင်ကျော်ခန့် လှူဒါန်းပေးမည်ဖြစ်ကြောင်း သူကပြောဆိုသည်။

ထို့အပြင် ဗန်းမော်နှစ်ခြင်းအသင်းတော် လူငယ်များကလည်း စုပေါင်းပြီး မြို့အတွင်း ပိုးသတ်ဆေးဖျန်းသည့် လုပ်ငန်းများ၊ ကိုဗစ်-၁၉ ကာကွယ်အသုံပြုပစ္စည်းများ ထောက်ပံ့မှုများနှင့် ပါဝင်လှုပ်ရှားမှုများ ဆောင်ရွက်ပေးနေကြောင်း သိရှိရပါသည်။

 

Related Articles

Back to top button