,

Breaking News :

ခရီးမှပြန်လာသော မချမ်းဘော့ လူငယ် ၂ ဦး မသင်္ကာမှုဖြင့် ဖမ်းဆီးခံရ

ဖားကန့် မြေပြိုမှု ထိခိုက်သေဆုံးသူ ၁၂ ဦးထိရှိလာ

အာဏာသိမ်းပြီးနောက် KIA နှင့် နီးစပ်လာသူများ အမည်စာရင်းကို စစ်ကောင်စီက ကောက်ခံနေ

စစ်အင်အားသယ်လာသည့် သင်္ဘောတစ်စီး ရွှေကူ ဒုတိယမြစ်ကျဉ်းတွင် ထပ်မံ ပစ်ခတ်ခံရ။

လီဒိုလမ်းပေါ်က လူငယ် ၂၉ ဦး တနိုင်း ဒကစ တွင် ဖမ်းဆီးခံရ

မံစီမြို့နယ် မဒန်ယန်ကျေးရွာအနီး တိုက်ပွဲပြင်းထန်၊ စစ်တပ်ဘက်က လေယာဉ် ၅ စီးဖြင့် သွားရောက်ပစ်ခတ်

မြစ်ကြီးနား KBZ ဘဏ် (၁)ရှေ့ပေါက်ကွဲမှုကို ဗီဒီယိုရိုက်ကူးသူ ဖမ်းဆီးခံရ

မံစီမြို့နယ်  KIA တပ်ရင်း ၁၅ နှင့် ၂၇ တို့တွင် တိုက်ပွဲပြင်းထန်

မိုင်းနင်းသေဆုံးခဲ့သော သားအမိ ၂ ဦးကို မသင်္ကာကြောင်း စစ်တပ်ဘက်က စွပ်စွဲခဲ့

စင်းခန်းကျေးတွင် တာဝန်ကျသည့် စစစ(စုံစမ်းစစ်ဆေးရေး) တစ်ဦး အသတ်ခံရ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ထုတ်ပြန်ချက်အပေါ် ကချင်လူထု၏အမြင်များ

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်း တာဝန်ထမ်းဆောင်နေသော တပ်မတော်သား အရာရှိ၊ စစ်သည်များအားလုံးကို အသိအမှတ်ပြု ချီးကျူးဂုဏ်ပြပါကြောင်း နိုိင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး၏ ဧပြီ ၂၁ ရက်ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ဝေဖန်မှုများစွာရှိနေသည်။

ယခုချိန်သည် မြန်မာနိုင်ငံသာမက တစ်ကမ္ဘာလုံးတွင် Covid-19 ကူးစက်ရောဂါကို ကာကွယ်တိုက်ဖျက်နေချိန် တိုင်းရင်းသား ဒေသထိုးစစ်ပြုလုပ်နေမှုကို အားပေးနေသည်ဟု ပြောဆိုနေကြပါသည်။ ထိုအထဲ ကချင်လူထုတချို့၏ သုံးသပ်ချက်များကို မေးမြန်းထားပါသည်။

သိက္ခာတော်ရ ဆရာ ခလမ်ဆမ်ဆွမ်
KBC ဥက္ကဌ

Rev.Dr. Hkalam Sam Son

“အခုလို ကျွန်တော်တ့ို တိုင်းရင်းသားတွေနေတဲ့ နေရာမှာ ဒီလို နှိပ်စက် ၊ပစ်သတ်မှုတွေကို ကောင်းကောင်း မလေ့လာဘဲ စစ်ပွဲဖြစ်နေမှုအပေါ် ချီးကျူးဂုဏ်ပြုတယ် ဆိုတာ သူကသဘောတူပါဝင်ပေးတဲ့ဘက် ဖြစ်လာတယ်။ ပြည်သူတွေ မဲပေးတယ်ဆိုတာ စစ်အုပ်ချုပ်ရေးကို အလိုမရှိလို့ ပေးတာဟုတ်တယ်။ အခုသူက ဒီလို မြောက်ပေးတယ်ဆိုတာ သူ့အတွက် ၂၀၂၀ ရွေးကောက်ပွဲမှာ ကောင်းတဲ့ဘက်ကို ရောက်ဖို့ရန်တော့ ခက်ခဲလိမ့်မယ်လို့ ယူဆတယ်”

 

ဒူဝါ ကွမ်ကရောင်အောင်ခမ်း
Kachin State People’s Party ဒု ဥက္ကဌ

ဦးကွမ်ကရောင်အောင်ခမ်း

“ဒီအချိန်က ဘယ်လိုပဲဖြစ်ဖြစ် ငြိမ်းချမ်းရေးကို လုပ်ရမှာ။ အခုလိုစာထုတ်တာတွေ့ရတော့ ကျနော်တို့လည်း အရမ်းအံ့သြတယ်။ ငြိမ်းချမ်းရေးကမလုပ်။ အခုဆို ကပ်ရောဂါကြောင့် ဘယ်အချိန် ဘာဖြစ်မလဲဆိုပြီး ရောဂါကာကွယ်ရေးတွေ လုပ်နေရတာ။ အခုလိုတွေ့ရတော့ မလုပ်သင့်တဲ့အရာလည်း ဖြစ်တယ်။”

 

စားဂျီ
Kachin Development Networking Group

ကိုစာဂျီ

“အကြမ်းဖက်ဟုတ် မဟုတ်ဆိုတာ လူထုက သိပါတယ်။ ကိုယ့်လူမျိုးမတူတဲ့သူတွေကို အမျိုးမတူ ကိုယ့်ရန်သူ ဒို့ရန်သူ ဆိုတဲ့ နည်းနဲ့ မျက်စိပိတ်လုပ်တာက အထင်သေးတဲ့သဘောဖြစ်တယ်။ ကိုယ့်ယုံကြည်ချက်နှင့်ကိုယ် AA သာမက အခြားဘယ်တိုင်းရင်းသားမဆို ကိုယ့်လူမျိုးတွေအတွက် ရပ်တည်နေမှုသာဖြစ်တယ်။ လူမျိုးမတူ၊ ခံယူချက်မတူ၊ နိုင်ငံရေးဖြေရှင်းချက်မပေးဘဲ ရန်သူ၊ အကြမ်းဖက်တွေဆိုပြီး ရခိုင်တစ်ခုသာ မဟုတ်ဘဲအားလုံးကို ဒီလိုဘဲ ခေါ်တဲ့သဘောဖြစ်တယ်။”

 

ဆရာမ ဒေါ်ခေါန်ဂျာ
Kachin Peace Network

ဒေါ်ခေါ်န်ဂျာ

“ခုလိုအချိန်မှာ ဘယ်စစ်တပ်မဆို စစ်ပွဲတွေ ရပ်ဆိုင်းပြီး Covid-19 ရောဂါကိုအားလုံးပူးပေါင်း ကူညီပြီး ကာကွယ်ရမဲ့အချိန်ဖြစ်တယ်။ ဒီလိုစစ်ပွဲတွေကြောင့် နှစ်နာဆုံးရှုံးရတဲ့ ပြည်သူတွေဘက် ရပ်တည်ပြီး စစ်ပွဲငြိမ်းအောင် ပြောရမဲ့အစား လုပ်သင့်တဲ့ဘက်ကို လက်တွေ့မလုပ်ဘဲ တစ်ဖက်ကို စစ်ဖြစ်အောင် နှိုးဆော်အားပေးနေသလို ဖြစ်တဲ့အတွက် အဆင်မပြေဘူးလို့ ပြောချင်တယ်။”

 

Read Previous

Covid-19 ကာကွယ်ရေး KIO နယ်မြေရှိ စစ်ရှောင်စခန်းများကို အဝင်အထွက်ပိတ်

Read Next

KIO Covid-19 ကာကွယ်ရေးကော်မတီဖြင့် ဆက်သွယ်မေးမြန်းခြင်း

Leave a Reply

Your email address will not be published. Required fields are marked *