သတင်း

ကချင်လူထုမူးယစ်တိုက်ဖျက်ရေးနေ့ကို အိမ်တွင်းဆုတောင်းခြင်းအစီစဉ်ဖြင့်သာ ပြုလုပ်ခဲ့ရ

နှစ်စဉ် ဧပြီလ ၂၅ ရက်နေ့သည် ကချင်လူထုမူးယစ်တိုက်ဖျက်ရေးနေ့ (Anti-Drug Day) ဖြစ်သော်လည်း ယခုနှစ်တွင် Covid-19 ရောဂါအခြေအနေကြောင့် လူထုဆုတောင်းပွဲမပြုလုပ်နိုင်ဘဲ မိမိအိမ်တွင်သာ ဆုတောင်းခြင်းဖြင့် ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

ကချင်ပြည်နယ်တွင် ဆိုးရွားလာသော မူးယစ်ဆေးဝါးအန္တရယ်ကိုတိုက်ဖျက်ရန် ကချင်ခရစ်ယာန်အသင်းတော်အခြေပြု လူထုမူးယစ်တိုက်ဖျက်ရေးအဖွဲ့ Pat Jasan ကို ၂၀၁၄ တွင်ဖွဲ့စည်းခဲ့သည်မှာ ယနေ့ ၆ နှစ်ပြည်ခဲ့ပြီ ဖြစ်သည်။

၂၀၁၄ မှစပြီး ဘိန်းခင်းဖျက်ဆီးခြင်း၊ ရပ်ကွက်မြို့ရွာအထိ ဘိန်းသုံးစွဲ ရောင်းဝယ်သူများကို ပညာပေးခြင်းစသည့်လုပ်ငန်းများ လုပ်ဆောင်ခဲ့ပြီး အထိမ်းအမှတ်နေ့ရောက်တိုင်း လူထုဆုတောင်းပွဲများကို ပြုလုပ်လေ့ရှိသည်။

“ဒီနှစ်က လူစုလူဝေးနှင့်ကျင့်ပဖို့ မဖြစ်နိုင်တော့ပေမဲ့ အားလုံးကိုယ်ရှိတဲ့အရပ်ကနေမှ မူးယစ်ဆေးကျေးကျွန်ဘ၀ မှ လွတ်မြောက်နိုင်ဖို့ နှင့် အခုဖြစ်ပွားနေတဲ့ Covid-19 ရောဂါမှ လွတ်မြောက်နိုင်ဖို့ အထူးဘဲဆုတောင်းကြဖို့ အဓိက ထုတ်ပြန်ထားတာဖြစ်တယ်” ဟု တနိုင်းအခြေပြု လူထုမူးယစ်တိုက်ဖျက်ရေးအဖွဲ့မှ ဆရာနော်တောင် ပြောသည်။

စတင်ဖွဲ့စည်းချိန်မှစပြီး မူးယစ်တိုက်ဖျက်ရေး စတင်လုပ်ဆောင်ခဲ့ရာတွင် အောင်မြင်မှုများရရှိခဲ့သလို အခက်အခဲများလည်း ရှိခဲ့သည်ဟု သိရသည်။

ကချင်ပြည်နယ်တွင် မူးယစ်တိုက်ဖျက်ရေးကို လူထုအဖွဲ့အစည်းများလုပ်နေသော်လည်း ပိုမိုထိရောက်ရန် အစိုးရကိုယ်တိုင်ပါဝင် လုပ်ဆောင်ရမည်ဟု ဆရာနော်တောင်မှ ပြောသည်။

ကချင်ဒေသများတွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအစီစဉ်ကို လာမည့်နှစ်များတွင် ပိုမိုလုပ်ဆောင်နိုင်ရေး ဆုတောင်းပေးဖို့ ယနေ့ ကချင်လူထုမူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ PJS က ထုတ်ပြန်ထားပါသည်။

 

Show More

Related Articles

Back to top button