,

Breaking News :

စစ်တပ်ကိုဆန့်ကျင်သော ဆရာမ ဒေါ်လငန်လွမ်းနော အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာ

ဖားကန့်လမ်း အာဏာသိမ်းတပ် စစ်ကြောင်းကို KIA မိုင်းဖြင့် စောင့်ကြို တိုက်ခိုက်

သေနတ်ဖြင့် ပစ်ခံရသည့် မိုးမောက်မြို့နယ်အုပ်ချုပ်ရေးမှူးသေဆုံး

နမ္မတီး ဆီးဒင်ယန် စစ်တပ်စခန်းကို KIA တိုက်ခိုက်

ကချင်နှင့် စစ်ကိုင်းနယ်စပ်တွင် စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီး ထိခိုက် သေဆုံးမှု များပြား

ဝိုင်းမော် ခလရ ၅၈ တပ်ရင်းပစ်ခတ်ခံရမှု စစ်ကောင်စီဘက် ထိခိုက်သေဆုံးမှုရှိ

ဖျားနာမှုများလာသည့် ဗန်းမော်စစ်ရှောင်စခန်းကို Lock Down ချမှတ်

မိုင်ဂျာယန် ကိုဗစ်-၁၉ ကူးစက်ရောဂါအခြေအနေနှင့်ပတ်သက်ပြီး KIO တာဝန်ရှိသူဖြင့် မေးမြန်းခြင်း

ခေါင်လန်ဖူး တရုတ်နယ်စပ် ကျေးရွာတွင် ကိုဗစ်လက္ခာဖြင့် သေဆုံးသူများရှိနေ

လိုင်ဇာရှိ ပြည်သူများကို ကိုဗစ်-၁၉ ပိုးရှိ မရှိ စစ်ဆေးသွားမည်

ရခိုင်နှင့်ချင်းပြည်နယ်တွင် ထိုးစစ်ကြောင့်အရပ်သားများသေဆုံးနေမှုပေါ် ကချင်လူထု၏ အမြင်

ကချင်အတိုင်ပင်ခံအဖွဲ့၏ ထုတ်ပြန်ချက်

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်း အစိုးရတပ်မတော်နှင့် ရက္ခိုင်တပ် AA တို့ တိုက်ပွဲကြောင့် ပြည်သူများ၏ အသက်ဆုံးရှုံးမှုများဖြစ်ပေါ်နေသောကြောင့် စစ်ပွဲရပ်တန့်ရန် လိုအပ်ကြောင်း ကချင်လူထုဘက်မှလည်း ပြောဆိုနေကြသည်။

Covid-19 ကူးစက်ရောဂါကို ကာကွယ်တိုက်ဖျက်နေချိန် ပြည်တွင်းစစ်အားလုံးကို ရပ်တန့်ဖို့ ကုလသမ္မဂဘက်မှ ကြေငြာထားသည့်အညီ မြန်မာပြည်အနောက်ဘက်တွင်ဖြစ်ပွားနေသော အစိုးရမှ အင်တာနက်ဖြတ်တောက်မှုနှင့် တပ်မတော်၏ ထိုးစစ်ဆင်မှုများကို ရပ်တန့်ရန် ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့မှလည်း ဧပြီ ၂၅ ရက်နေ့တွင် သဘောထားထုတ်ပြန်ခဲ့သည်။

မြန်မာပြည်၏ နိုင်ငံရေးပြဿနာကို စစ်ရေးဖြင့် ဖြေရှင်းလို့မရကြောင်း ကချင်လူထု၏ အမြင်ကို ကချင်သတင်းဌာန KNG မှ ဖော်ပြထားပါသည်။

ဦးလွမ်းဇောင်း
ကချင်လူငယ်

ဦးလွမ်းဇောင်း

“စစ်ရေးနှင့် တိုက်ခိုက်ချေမှုန်းပြီး ဖြေရှင်းတဲ့နည်းနဲ့ အဖြေထွက်မယ်ဆို မြန်မာပြည်မှာ လွန်ခဲ့တဲ့ နှစ် ၇၀ ခန့်က ထွက်ခဲ့ပြီ။ ဒါပေမဲ့ ယနေ့ထိ နိုင်ငံရေးကို စစ်ရေးနှင့် ဖြေရှင်းနေတာ အဖြေမထွက်သေးဘူး။ ဒါကြောင့် စစ်ရေးနှင့် နိုင်ငံရေးကိုဖြေရှင်းနေမှုအပေါ် ကျွန်တော်တို့ လုံး၀ မယုံကြည်ဘူး။ အခု ရက္ခိုင်တော်လှန်ရေးအဖွဲ့နှင့် မြန်မာ့တပ်မတော်ကြား ဒေါ်အောင်ဆန်းစုကြည် က ကြားခံ လူကြီး လုပ်လို့ မရတော့ကြောင်း သူကအသိပေးလိုက်ပြီဖြစ်တဲ့တွက်ကြောင့် ရခိုင်နှင့် တပ်မတော်တွေကြား ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ အရေးတကြီး အမြန်ဆုံးလိုအပ်လိမ့်မယ်။ ပြီးရင် ပြည်သူတွေ ၊ ကလေးတွေ ၊ အမျိုးသမီးတွေ ၊ သက်ကြီးရွယ်အိုတွေ ရွာသူရွာသားတွေ ဒုက္ခရောက် ခံစားနေရတာကို အမြန်ဆုံးကာကွယ်ပေးရမယ်။ ဒီပြဿနာကိုဖြေရှင်းဖို့ ကြားခံလူကြီး အမြန်လိုအပ်နေတာ တွေ့ရတယ်။”

ဒေါ်ဆန်ထွယ်
ကချင်အမျိုးသမီးအစည်းအရုံးထိုင်းနိုင်ငံ KWAT

ဒေါ်ဆန်ထွယ်

“တိုင်းရင်းသားဒေသကို ထိုးစစ်ဆင်တာရပ်ပြီး၊ လူ့အသက်ကို မတိုက်ခိုက်ဘဲ စုဆောင်းခေါ်ဆောင်သွားမှုတွေ ရပ်ရမယ်။ ရောဂါကာကွယ်မှုကို ဘယ်လိုစုပေါင်းပြီး ပံ့ပိုးပေးကြမယ်ဆိုတာ၊ စစ်တပ်မှာ သုံးနေတဲ့ ငွေကို ကျန်းမာရေးဌာနဘက်ကို ဘယ်လောက်ပါဆင့်တိုးပြီး သုံးမယ်စသဖြင့်။”

ဆရာတန်ဂွန်း
ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့

ဆရာတန်ဂွန်း

“ဘယ်တော်လှန်ရေးအဖွဲ့ကိုမဆို မြန်မာပြည်ရဲ့ နိုင်ငံရေးပြသနာက စစ်မှန်တဲ့ ပြည်ထောင်စု မဖြစ်လာတဲ့ပြသနာဖြစ်တယ်လို့ အားလုံးက နားလည်ထားပြီးသားဖြစ်တယ်။ ဟိုဘက်တစ်မျိုး ဒီဘက်တစ်မျိုး၊ ဟိုဘက်ကို တိုက်ခိုက်လိုက် ဒီဘက်ကို ငြိမ်းချမ်းလိုက် တစ်မျိုးမျိုး လုပ်တဲ့နည်းက အဖြေမှန်ရမဲ့နည်း မဟုတ်ဘူးလို့ မြင်တယ်။”

ဒေါ်နန်ပူ
ထွယ်ဂျဲန်ဒါဖွံ့ဖြိုးရေးအဖွဲ့

“စစ်ပွဲကို သူတို့ကဘဲ ဖြစ်ပွားအောင် လုပ်နေတယ်။ ပဠိပက္ခကို သူတို့ကဘဲဖြစ်စေတယ်လို့ ကျွန်တော်တို့ မြင်တယ်။ ဒါကြောင့် ကျွန်တော်တို့ ငြိမ်းချမ်းရေးရဖို့ ပိုခက်ခဲသွားပြီ။ AA ဘက်ကလည်း ပိုစိတ်နာပြီး ဒီပြည်သူတွေလည်း ပိုထိခိုက်နစ်နာတော့ စစ်ပွဲ စတင်စေခဲ့တဲ့ အစိုးရနှင့် အစိုးရတပ်တွေကို ဘယ်လိုမှ အကောင်းဘက်ကို မမြင်နိုင်တော့ဘူး။ ဒါကြောင့် စစ်ရေးနှင့်ပတ်သက်ပြီး နိုင်ငံကို ပြန်တည်ထောင်မယ်။ ပြည်သူတွေရဲ့ ယုံကြည်မှုရဖို့ ပိုခက်ခဲသွားတဲ့ဘက် ရောက်သွားတယ်။ ဒီလိုတွေကြောင့် အခုလက်ရှိအစိုးရနှင့် အစိုးရတပ်တွေရဲ့ လှုပ်ရှား လုပ်ဆောင်မှုတွေက ကျွန်တော်တို့ နိုင်ငံကို ပိုပြီး ဒုက္ခရောက်စေတယ်။ ပြည်သူတွေရဲ့ ဒုက္ခဆင်းရဲမှုတွေကို ပိုဖြစ်စေတယ်လို့ တွေ့ရတယ်။ ဒီမိုကရေစီ နိုင်ငံဖြစ်လာဖို့အတွက် ကြိုးစားမှုက မဖြစ်လာဘဲ ပိုဝေးသွားသလို တွေ့ရတယ်။”

 

Read Previous

“ဗဟိုထိန်းချုပ်မှု မဖြစ်သင့်တော့ဘူး။” အင်တာဗျူး

Read Next

လွယ်ဂျယ်နယ်စပ်ဂိတ်မှဝင်လာသော တရုတ်ပြည်တော်ပြန် ၄ ထောင်နီးပါးရှိလာ

Leave a Reply

Your email address will not be published. Required fields are marked *