Breaking News :

ပိုးတွေ့လူနာတည်းခိုခဲ့သော မြစ်ကြီးနား အေးချမ်းသာတည်းခိုခန်း နှင့်ဆက်စပ်ခဲ့သူ ၂၀ ဦးကို Quarantine ထားရှိ

ကျေးရွာနယ်နမိတ်ထိ ရွှေတူးဖော်လာမည်ကို ဆွမ်ပရာဘွမ်ဒေသခံများစိုးရိမ်

ကချင်ပြည်နယ်လိပ်စာဖြင့် ထပ်တိုးပိုးတွေ့လူနာ ၂ ဦးမှာ မန္တလေးနှင့် နေပြည်တော်တွင်အသွားအလာကန့်သတ်ခံထားရသူများဖြစ်

ဖားကန့်တွင် မဲဆွယ်စည်းရုံးမှုများ ရပ်နားထား

ပြည်နယ်တွင်းမှ ဖားကန့်သို့ဝင်လာသူများ ကွာရန်တင်းဝင်ရမည်

ပြည်တွင်းစစ်များ ရပ်တန့်ရန် ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့တောင်းဆို

ငြိမ်းချမ်းရေးအတွက် ဘယ်လိုလွှတ်တော်ကိုယ်စားလှယ်များကို​ ရွေးချယ်ကြမလဲ

Covid-19 ကြောင့် ကျောက်မျက်ရတနာများ ထက်ဝက်ဈေးဖြင့် ရောင်းချနေရ

ဖားကန့်တွင် Covid-19 အတည်ပြုလူနာ ၄ ဦး ထပ်တိုး

ကချင်ပြည်နယ်အတွင်း ခရီးသွားလျှင် သိထားသင့်သည့်အကြောင်းအရာများ

ကန်ပိုင်တီ Quarantine များကို မြစ်ကြီးနားသို့ ပြောင်းရွေ့ရန်စီစဉ်နေ

ကန်ပိုင်တီ နယ်စပ်ဂိတ်

တရုတ်နယ်စပ် ကန်ပိုက်တီနယ်စပ်တွင်ထားရှိသော Quarantine များကို မြစ်ကြီးနားသို့ ရွှေ့ပြောင်းရန် ပြည်နယ်အစိုးရက စီစဉ်နေကြောင်း သိရသည်။

လက်ရှိ Quarantine များကို ထားရှိသောနေရာတွင် မိုးရာသီဝင်လျှင် မလုံခြုံတော့သဖြင့် မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့သို့ ရွှေ့ပြောင်းထားရန် လိုအပ်ကြောင်း ကချင်ပြည်နယ် လူဝင်ကြီးကြပ်ရေးနှင့် လူ့စွမ်းအားရင်းမြစ်ဝန်ကြီးက ပြောသည်။

“Quarantine တွေကို ထားဖို့ ပြည်နယ်အစိုးရက လုပ်ပေးနိုင်တာက အဆောက်အဦးဘဲ လုပ်ပေးနိုင် တယ်။ အဆောက်အဦးဆိုပေမယ့်လည်း မိုးကာနဲ့ဘဲ အဖြစ်သဘော ဆောက်ထားပေးတယ်။ နောက် ပြည်တော်ပြန် အလုပ်သမားတွေအတွက် ကျန်မာရေးဆိုလည်း စိတ်ပူရတယ်။ ကန်ပိုက်တီဆိုရင်လည်း ကချင်ပြည်နယ်မှာ အခြားဒေသတွေနဲ့မတူဘဲ အလွန်အေးတဲ့ဒေသဖြစ်တယ်။ အခုဆိုမိုးရာသီချိန်ရောက်လာပြီ။ အကယ်၍များ မထင်မှတ်ဘဲ လေမုန်တိုင်းတွေ လာမယ်ဆိုရင် စိုးရိမ်စရာရှိပါတယ်။ ဒါကြောင့် ရွှေ့ပြောင်းနေထိုင်သင့်နေတယ်” ဟု သူကပြောသည်။

သို့သော်လည်း ယခုချိန်ထိ Quarantine များကို နေရာရွှေ့ပြောင်းရန် ညွန်ကြားမှုမရရှိသေးကြောင်း သူက ဆက်လက်ပြော ဆိုသည်။

လက်ရှိ ကန်ပိုက်တီတွင် ၂၁ရက် Quarantine ခံယူနေသည့် ပြည်တော်ပြန်အလုပ်သမား ၄၀၀ကျော်ရှိနေပြီး ထိုသူများကို မြစ်ကြီးနား သတ်မှတ်နေရာများသို့ ရွေ့ပြောင်းရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

Quarantine ဝင်နေသူများကို ပြည်နယ်အစိုးရထောက်ပံ့ရန်အစီစဉ် မရှိသေး
ပြည်တော်ပြန် ၂၁ရက် Quarantine ဝင်နေသည့်သူများကို ပြည်နယ်အစိုးရဘတ်ဂျက်ဖြင့် ကူညီထောက်ပံ့ရန် အစီအစဉ်မရှိသေးသဖြင့် အလှူရှင်များဖြင့်သာ ဆက်လက်ရပ်တည်သွားရမည်ဟု သိရသည်။

တိုင်းနှင့်ပြည်နယ်အသီးသီးတွင် Quarantine ဝင်နေသူများကို မိမိစရိတ်များဖြင့်သာ ဝင်ရမည်ဟု ပြည်ထောင်စုမှ ညွန်ကြားထားသဖြင့် သက်ဆိုင်ရာ ပြည်နယ်အစိုးရမှ ထောက်ပံ့ရန် အစီစဉ် မရှိဟု လဝက ဝန်ကြီး ဦးဇော်ဝင်း ပြောသည်။

“Quarantine ဝင်မည်သူများကို ကူညီထောက်ပံ့ကျွေးမွေးဖို့က မရှိသေးပါဘူး။ လောလောဆယ်တော့ အလှူရှင်တွေရဲ့အလှူငွေတွေနဲ့ဘဲ ကျွေးထားပါတယ်။ ကချင်ပြည်နယ်က Quarantine စင်တာ ကြည့်မယ်ဆိုရင် ၂၀၀ကျော်ရှိတယ်။ တကယ်လို့လူဦးရေအရကျွေးမယ်ဆိုရင် အင်မတန်မှ ဝန်ထုတ်ဝန်ပိုးဖြစ်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ မြစ်ကြီးနားမြို့အတွင်းက စရင်းဆိုတောင်မှ လူဦးရေ ၂၅၀ကျော်ရှိနေတယ်။ အဲ့ဒါက မေလ၁၁ ကနေ မေလ ၃၁ရက်အထိ ကျွေးမယ့်အစီအစဉ်မှာကိုက ဆန်ထောက်ပံ့မယ်ဆိုရင် ၆၃အိပ်ဖြစ်တယ်။ ငွေဆိုရင် သိန်း ၁၁၀ကျော်ကုန်မယ်။ တကယ်လို့ငွေကြီးဘဲ ဆိုရင် ငွေပေါင်း သိန်း ၁၅၀ကျော်ကုန်မယ်။ အဲ့ကြောင့် ကချင်ပြည်နယ်အတိုင်းအတာနဲ့ ပေးရမယ်ဆိုရင် ဘယ်လိုမှ မတတ်နိုင်ဘူး။ ပြီးရင် တိုင်းနဲ့ပြည်နယ် ၁၄ခုလုံးမှာလည်း ပြည်ထောင်စုကနေ ညွန်ကြားထားတယ်။ Quarantine ဝင်မယ့်သူတွေဟာ မိမိစရိတ်နဲ့ဘဲ ဝင်ရမယ်လို့ ညွန်ကြားထားတယ် ဖြစ်တယ်” ဟု ပြောဆိုသည်။

ကချင်ပြည်နယ်အတွင်း ပြည်တော်ပြန် Quarantine ၄၀၀၀ကျော်ရှိနေပြီး လူဦးရေအလွန်များပြာသည့်အတွက် ပြည်နယ်အစိုးရအနေဖြင့် တာဝန်မယူနိုင်သေးကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ကချင်ပြည်နယ်အတွင်း Quarantine စင်တာ ၂၆၀ခန့်ရှိနေပြီး တရုတ်ပြည် လွယ်ဂျယ်ဂိတ်နှင့် ကန်ပိုက်တည် ဘက်မှ ပြန်လာသည့် ကချင်ပြည်နယ်ပြည်တွင်းနှင့် ပြည်ပ စုစုပေါင်း ၅၃၄၆ ဦး ရှိနေပြီဟု ပြည်နယ်အစိုးရထံမှ သိရသည်။

 

0 Reviews

Write a Review

Read Previous

COVID-19 ကြောင့် အောင်မြင်သာ ဒေသခံများ စားဝတ်နေရေးခက်ခဲလာ

Read Next

ပြည်နယ်လွှတ်တော်အစည်းအဝေးအတွက် ကိုယ်စားလှယ်များ Quarantine ဝင်ရမည်

Leave a Reply

Your email address will not be published. Required fields are marked *