,

Breaking News :

တရားဝင်စာတင်ပြလာခြင်းမရှိသဖြင့် ဂါးရာယန်ဒေသခံများ နေရပ်ပြန်ရေးနောက်ကျနေ

သတင်းအမှား ဖြန့်ဝေပြောဆိုသည့် ၃ဦးကို KSPP တရားစွဲထား

KIO ဒု ဥက္ကဌ (ငြိမ်း) မှ အစိုးရ လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာသူ KSPP ပါတီ ဥက္ကဌ ဒေါက်တာမနမ်တူးဂျာ

ကချင်ပြည်နယ်တွင် ၃ ရက်အတွင်း ကိုဗစ်အတည်ပြုလူနာ ၁၂ ဦးထိတိုးလာ

Covid ကာလ မြစ်ကြီးနားမြို့တွင် စားသောက်ဆိုင် ၁၀၀ ကျော် ပြန်လည်ဖွင့်လှစ်ရန်စီစဉ်နေ

မြစ်ကြီးနား ကွာရန်တင်းစင်တာများအတွက် တစ်လ သိန်း ၁၅၀ ခန့် အသုံးပြုနေ

အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ပပျောက်ရေး လှုပ်ရှားမှု မြစ်ကြီးနားတွင် ပြုလုပ်

ဆန်ပြတ်လတ်နေသော ဆော့လော်မြို့နယ်အတွက် အစိုးရက ထောက်ပံ့ပေး

လူစားလှဲမောင်းခြင်းကြောင့် တရုတ်နယ်စပ် မြန်မာကားသမားများ အခက်အခဲတွေ့နေ

ဗန်းမော်မြို့ရှိစစ်ရှောင်များကို ဗန်းမော်မှ ထွက်ပြေးလာသူများမဟုတ်ကြောင်း လက်မှတ်ထိုးခိုင်း

ပြည်နယ်လွှတ်တော်အစည်းအဝေးအတွက် ကိုယ်စားလှယ်များ Quarantine ဝင်ရမည်

ကချင်ပြည်နယ်လွှတ်တော်

ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၁၉) ကြိမ်မြောက်ပုံမှန်အစည်းဝေးတက်ရောက်မည့် လွှွတ်တော်ကိုယ်စားလှယ်များ မေလ ၁၀ရက်မှ ၁၇ ရက်ထိ Quarantine ဝင်ရမည်ဖြစ်ကြောင်း ကချင်ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးထွန်းတင်ထံမှ သိရသည်။

“၁၈ မြို့နယ်ကလာကြတဲ့ကိုယ်စားလှယ်တွေဖြစ်တဲ့တွက် အဝေးကလာကြတဲ့သူတွေမို့ သူတို့မှာရောဂါအခြေနေ ဘယ်လိုရှိလဲဆိုတာ ကျနော်တို့ဘာမှမသိပါဘူး။ အဲကြောင့် ကျနော်တို့အနေနဲ့အားလုံးတွက် အကာကွယ်ဖြစ်မယ်လို့ ယူဆတဲ့tတွက် လုပ်ပေးတာဖြစ်ပါတယ်။ ဒီတစ်ခုထဲမဟုတ်ပါဘူး။ ပြည်ထောင်စုလွှတ်တော်၊အမျိုးသားလွှတ်တော်တွေမှာလည်း လွှတ်တော်ကို ၁၈ရက်နေ့လုပ်မယ် သူတို့ကို ၁၀ရက်နေ့ခေါ်ပြီးတော့ Qလုပ်မယ်လို့သိရပါတယ်။ အဲတိုင်းဘဲပြည်နယ်လွှတ်တော်မှာလည်းလုပ်တာဖြစ်ပါတယ်။” ဟု ကချင်ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးထွန်းတင်က ပြောသည်။

အဆိုပါ (၁၉) ကြိမ်မြောက်လွှတ်တော်အစည်းဝေးတွင် ၂၀၂၀-၂၀၂၁ အတွက် ဘတ်ဂျတ်အတည်ပြုဆွေးနွေးမည်ဖြစ်ပြီး ယခင်ပုံမှန်အစည်းဝေးကဲ့သို့ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များကို မေးခွန်းမေးမြန်းခြင်း ခွင့်ပြုမည် မဟုတ်ကြောင်း ၎င်းကဆက်ပြောသည်။

“အဓိကတော့ ဘတ်ဂျတ်ကိစ္စအဓိကသွားရမှာဖြစ်တဲ့တွက် မလုပ်မဖြစ်လို့ လုပ်ရတာဖြစ်တယ်။ မေးခွန်းတွေကိုကျတော့ နောက်လွှတ်တော်မှ ဦးစားပေးလုပ်မယ်။ ဒီလွှတ်တော်မှာကျတော့ ကန့်သတ်ချက်နဲ့အချို့ရွေးချယ်ထားတဲ့ မေးခွန်းတွေဘဲမေးခိုင်းမှာဖြစ်ပါတယ်။” ဟု ဦးထွန်းတင်က ပြောသည်။

နယ်မှရောက်ရှိလာမည့် လွှတ်တော်ကိုယ်စားလှယ်များတွက် Qကာလတွင်း အစားအသောက်များအား လွှတ်တော်ရုံးမှ စီစဉ်ပေးမည်ဖြစ်ပြီး Q နေရာသည် လွှတ်တော်ရိပ်သာတွင် ဖြစ်ကြောင်း သိရသည်။

“အန်တီတို့ နယ်ဝေးကလူတွေဆို ၉ရက်နေ့အရောက်လာရမယ်လို့ သိရပါတယ်။ ခုလတ်တလောအခြေနေမှာတော့ Covid-19 ဖြစ်နေပေမယ့်လည်း ဘတ်ဂျတ်ကိစ္စကအရေးကြီးတာဖြစ်တဲ့တွက် လွှတ်တော်ကနေ ဘတ်ဂျတ်အတည်မပြုပေးဘူးဆိုရင် ကချင်ပြည်နယ်ရဲ့လည်ပတ်နေတဲ့အုပ်ချုပ်မှု ယန္တရားက ရပ်ဆိုင်းသွားမယ်။” ဟု ကချင်ပြည်နယ်လွှတ်တော် ပြည်သူ့ငွေစာရင်းစစ်ကော်မတီဝင် ဆော့လော်မြိ့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခေါ်မာဝူက ပြောသည်။

လွှတ်တော်ကို အများဆုံး ၃ရက်သာ ကျင်းပမည်ဟု သိရသည်။

 

Read Previous

ကန်ပိုင်တီ Quarantine များကို မြစ်ကြီးနားသို့ ပြောင်းရွေ့ရန်စီစဉ်နေ

Read Next

COVID-19 ပညာပေး ပန်းချီရေးဆွဲသူ လူငယ် ၃ ဦးအမှု ကျေအေးမှု မရ

Leave a Reply

Your email address will not be published. Required fields are marked *