Covid-19 Reportingသတင်း

COVID-19 ရောဂါကာကွယ်ရေး စေတနာ့ဝန်ထမ်းများ ထပ်မံ လိုအပ်

ကချင်ပြည်နယ် မြစ်ကြီးနားအတွင်း ပြည်တော်ပြန်များကို Quarantine ထားရှိနေရာများတွင် စေတနာ့ဝန်ထမ်းအဖြစ် လုပ်အားပေးရန် လူအင်အား လိုအပ်နေသည်ဟု Kachin State Covid-19 Prevention Network မှ သိရသည်။

“ကျမတို့က မြို့တွင်းမှာရှိတဲ့ Quarantine စင်တာနဲ့ ရပ်ကွက်တွေမှာ ဆေးဖျန်တာ လုပ်တယ်။ အခုနောက်ပိုင်းက လူအင်အား ပိုလိုအပ်လာတာပေါ့။ Quarantine စင်တာက ၄ခုရှိတယ်။ တစ်နေရာမှာက ၂ယောက်စီထားပေးတယ်။ ဆေးဖျန်တဲ့အပိုင်းဆိုရင်လည်း တစ်ဖွဲ့မှာ ၄ယောက်လောက် လိုတယ်။ အဲ့ဒီလူတွေဘဲ နေ့တိုင်းလုပ်လို့မရဘူး။ ညဆိုရင်လည်း တအားနက်တဲ့အထိ လုပ်ရတဲ့အတွက် အိပ်ရေးပျက်တာတွေဖြစ်တာပေါ့။ ပြီးရင်အခုဆို Volunteer လုပ်တဲ့ ကာလဆို တစ်လလောက်ရှိသွားပြီ။ အဲ့တော့ ဆေးဖျန်းတဲ့ ပထမအသုတ်ကို ပြန်နားခိုင်းရတယ်။ အဲ့တော့ လူအင်အားနည်းသွားတာပေါ့။ လူအင်အားက ၃၀လောက်ဘဲရှိတယ်။ အခုဆို ၁၀ယောက်လောက်ဘဲ ကျန်တော့တယ်” ဟု Kachin State Covid-19 Prevention Network မှ မ ဆိုင်းနူးပန် ပြောသည်။

အစိုးရ သတ်မှတ်ထားသည့် ပြန်တော်ပြန် Quarantine စင်တာများအပြင် ရပ်ကွက်အတွင်း ရောဂါကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ဖို့ စေတနာ့ဝန်ထမ်း ၆၀ ကျော် လိုအပ်နေသည်ဟု ထပ်မံ ပြောဆိုသည်။

ထို့အကြောင့် Volunteer အဖြစ်ပါဝင်လိုသူများကို လူမှုကွန်ယက်မှ တဆင့်ခေါ်ယူသွားမည်ဟု သိရသည်။

ပြည်နယ်အတွင်း ပြည်တော်ပြန်များနှင့် Quarantine ဝင်နေသူများကို အစိုးရမဟုတ်သော အရပ်ဖက်အဖွဲ့အစည်းများ၏ စေတနာ့ဝန်ထမ်းအင်အားဖြင့် ရောဂါကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေကြသည်။

 

Show More

Related Articles

Back to top button