,

Breaking News :

အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ပပျောက်ရေး လှုပ်ရှားမှု မြစ်ကြီးနားတွင် ပြုလုပ်

ဆန်ပြတ်လတ်နေသော ဆော့လော်မြို့နယ်အတွက် အစိုးရက ထောက်ပံ့ပေး

လူစားလှဲမောင်းခြင်းကြောင့် တရုတ်နယ်စပ် မြန်မာကားသမားများ အခက်အခဲတွေ့နေ

ဗန်းမော်မြို့ရှိစစ်ရှောင်များကို ဗန်းမော်မှ ထွက်ပြေးလာသူများမဟုတ်ကြောင်း လက်မှတ်ထိုးခိုင်း

တရားမဝင် တရုတ်နိုင်ငံသား ၄ ဦးကို ဝိုင်းမော်တွင် ဖမ်းဆီး

စာချုပ် ချပြဖို့ထက် စီမံကိန်းအပြီးတိုင် ရပ်ဆိုင်းပေးရန်လိုလားကြောင်း မြစ်ဆုံဒေသခံများတောင်းဆို

၁၉၄၇ ပင်လုံသဘောတူညီချက်နှင့်အညီ ဖက်ဒရယ်ဒီမိုကရေစီ လိုလားကြောင်း KSPP အကြောင်းပြန်

တနိုင်း တရုန်(Tarung) ချောင်းကူးတံတား ည ၆ နာရီ ဂိတ်ပိတ်မှုကို ဒေသခံများမလိုလား

မြန်မာစစ်တပ် နှင့် KIA ရှမ်းမြောက် ၂နေရာမှာ တိုက်ပွဲ ဖြစ်ပွား

ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီများ ဘာကြောင့် မျှော်မှန်းသလောက် အနိုင်မရခဲ့တာလဲ။

ကချင်ပြည်နယ် နယ်နမိတ်အတွင်းထိ တရုတ်ကားများဝင်ရောက်မှုကို တားဆီးခြင်းမပြုရန် ပြည်နယ်အစိုးရပြော

ကန်ပိုင်တီ ကုန်ကားများအဖွဲ့

ကချင်ပြည်နယ်အတွင်းသို့ နယ်စပ်ဂိတ်မှဝင်ရောက်လာသော တရုတ်တစ်သျှူးငှက်ပျောကားများနှင့် ကုန်ကားများကို တားဆီးခြင်း မပြုရန် ကချင်ပြည်နယ်အစိုးရအဖွဲ့ညွန်ကြားရေးမှူး ဦးဇော်ဇော်က ပြောသည်။

ကိုရိုနာဗိုင်းရပ်စ်ကာလဖြစ်နေသော်လည်း မေလ ၁၃ ရက်တွင် တရုတ် တစ်သျှူးငှက်ပျောတင်ကုန်ကားကြီး ၄ စီး နယ်စပ်ဂိတ်မှတဆင့် ဝင်ရောက်လာသဖြင့် အရပ်ဖက်ပြည်နယ်မော်တော်ယာဉ်အသင်းက သွားရောက်တားဆီးခဲ့ချိန် ၎င်းတို့ကို နောက်ထပ် တရားမဝင် တားမြစ်ခြင်းများမပြုလုပ်ရန် သတိပေးထားသည်ဟု ပြည်နယ် ညွန်ကြားရေးမှူး ဦးဇော်ဇော်က ပြောသည်။

“ တစ်ကယ်တော့အဲလိုတားဆီးလို့မရဘူး။ မူလကတည်းကနေ သူတို့နိုင်ငံကယာဉ်မောင်း တွေနဲ့မြန်မာနိုင်ငံ ယာဉ်မောင်းတွေနဲ့ကွာခြားတယ်။ နောက်ယာဉ်ရဲ့ ကြံ့ခိုင်မှုလည်း ကွာခြားတယ်။ တင်တဲ့စနစ်ကလည်း ကွာခြားတယ်။ သူတို့ယာဉ်မောင်းတွေကို သူတို့က ပြီးခဲ့တဲ့လ ၁၉ရက်နေ့က ဆရာတို့သွားတဲ့ချိန်မှာ ကုန်လာတင်ကြတယ်။ ယာဉ်မောင်းတွေက ကားပေါ်ကမဆင်းရဘူး လုံးဝချိတ်ပိတ်ထားတယ်။ အပေါ့ပါးသွားတာကအစ ကားပေါ်မှာသွားတယ်။ ရေသောက်မယ် စား စရာတွေဆိုလည်း ကားပေါ်မှာဘဲ လှမ်းပေးတယ်။ အဲလောက်ထိစည်းကမ်းရှိတယ်။ ဆရာတို့ယာဉ်မောင်းတွေကျတော့ ပေါ့ဆကြတယ်။ အဲတော့ နဂိုမူလကတည်းကနေ တရုတ်ယာဉ်မောင်းနဲ့ဘဲ ပို့နေကြတာဆိုတော့ ဒီ Covid-19 ဖြစ်လာတဲ့ခိုက်တန့်မှာ ဟိုဘက်ကယာဉ်မောင်းတွေ မဝင်လာနိုင်တဲ့ချိန်မှာ ဒီဘက်ကနေမြန်မာနိုင်ငံက ကားတွေ ပြည်မက ကားတွေဝင်လာတော့ အောက်ပိုင်းမှာစည်းကမ်းမလိုက်နာကြတဲ့ချိန်ကျတော့ တစ်ဖက်က ထောက်စရာတွေဖြစ်လာတယ်။” ဟု ဦးဇော်ဇော်က ပြောသည်။

မေလ ၁၃ ရက်နေ့ ဝင်လာသည့်တရုတ်တစ်သျှူးငှက်ပျောတင်ကားများသည် တရုတ်နိုင်ငံဘက်မှ ကျန်းမာရေးနှင့်သက်ဆိုင်သည့် စစ်ဆေးမှုများပြုလုပ်ပြီးမှဝင်လာသူများဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

ပထမအသုတ်တွင် မော်တော်ယာဉ်အစီးပေါင်း ၉၀ကျော် ဝင်မည်ဖြစ်ပြီး ဒုတိယအသုတ်တွင် အစီးပေါင်း ၂၀၀ ထပ်ဝင်မည်ဟု ဦးဇော်ဇော်က ဆက်ပြောသည်။

ကိုဗစ်ကာလတွင် နယ်စပ်နှစ်ဖက်တွင် ကားအစီး ၂၀၀ ကျော်စီ အသုံးပြုကြရန် နှစ်နိုင်ငံ နယ်စပ်ကုန်ကားများအသင်းက သဘောတူညီခဲ့သော်လည်း ယခုလိုဖြစ်လာမှုသည် မျှတမှုမရှိကြောင်း ကချင်ပြည်ဘက်ခြမ်း ကားပိုရှင် ကိုအောင်စည်က ပြောသည်။

“ခုဖြစ်နေတာက ၂နိုင်ငံကုန်သွယ်မူစနစ်မှာ မမျှသတဲ့ပုံစံဖြစ်နေတယ်။ မမျှတဘူးဆိုတာတော့ မြေပြင်မှာ အားလုံးမျက်မြင်ကိုယ်တွေ့ဘဲ။ ဒီကိုဗစ်ဖြစ်နေချိန်မှာ မဖြစ်ခင်ကတည်းက တရုတ်ဘက်ကတော့ အလွယ်တစ်ကူလာလို့ရတဲ့ အနေထားမှာရှိနေတယ်။ ပြောထားတာက ဟိုဘက်ဒီဘက်စာရင်းအတည်ဖြစ်မှဆိုတော့ ကျနော်တို့ဘက်ကအဆင်သင့်မဖြစ်ခင် သူတို့ဘက်ဝင်လာတာဆိုတော့ ကားသမားတွေအနေနဲ့ကိုယ်တွေကျတော့ ဘာမှမလုပ်ရမကိုင်ရနဲ့ ဆိုတော့ ကားသမားတွေလည်း တစ်မျိုးဖြစ်သွားကြတာပေါ့။ ဒါလေးကိုတော့ ပြန်ကြည့်ပေးစေချင်တယ်။” ဟု ပြောသည်။

နယ်စပ်တစ်ဖက်တွင် ကားအစီး ၂၀၀ ကျော်စီအသုံးပြုကာ ပူးတွဲလုပ်ဆောင်ရန် လွန်ခဲ့သည့် ဧပြီ ၂၅ ရက်တွင် နှစ်နိုင်ငံကြား သဘောတူမှုများရှိခဲ့သော်လည်း ရုတ်တရက် တရုတ်ကားများဝင်ရောက်လာသည့်အတွက် တားမြစ်ရခြင်းဖြစ်သည်ဟု မြန်မာပြည်ဘက်ခြမ်း နယ်စပ် ကုန်စည်ပို့ဆောင်ရေးအကျိုးဆောင်အဖွဲ့မှ ဒု ဥက္ကဌ ဒေါ်တူးက ပြောသည်။

လက်ရှိ မြန်မာကားအစီးပေါင်း ၂၄၆စီး ရှိကာ ယာဉ်မောင်းများကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနမှ တောင်းဆိုထားသည့် ကားစာရင်းနှင့် နေထိုင်မှုမှန်ကန်ကြောင်း စာရင်းအချက်လက်များကို တင်နေဆဲဖြစ်ကြောင်း ပြောဆိုသည်။

ကချင်ပြည်နယ်ဘက်ခြမ်းအထိ တရုတ်ပြည်မကားများ ဝင်ရောက်ကာ ကုန်ပစ္စည်းတင်ဆောင်မှုရှိနေသဖြင့် ကချင်ပြည်နယ်ရှိ နယ်စပ်ကားသမားများ အခက်အခဲ ရှိနေသည်ဟု ပြောသည်။

သို့သော် နှစ်နိုင်ငံကုန်စည်စီးဆင်းမှုအဆင်ပြေစေရန်တွက် နိုင်ငံတော်မှခွင့်ပြုထားသော တရုတ်ကားများ ကချင်ပြည်နယ်အတွင်း ဝင်ရောက်မှုကို တရားမဝင်တားဆီးခြင်းများမပြုရန် ပြည်နယ် ညွှန်ကြားရေးမှူး ဦးဇော်ဇော်က ပြောသည်။

 

Contact Us Form

 

Read Previous

Covid-19 ရောဂါကာကွယ်ရေးအတွက် KIO နှင့် ပြည်နယ်အစိုးရ ပထမအကြိမ်တွေ့ဆုံ

Read Next

လီဒိုလမ်းတွင် အစိုးရမှလယ်ယာမြေဖော်ထုတ်ပေးရာတွင် ကျေးရွာ ၂ ခုကြား အငြင်းပွားဖွယ်ရှိနေ

Leave a Reply

Your email address will not be published. Required fields are marked *