Covid-19 Reportingသတင်း

အခြေခံလူတန်းစားများကို ဒုတိယအကြိမ်ပြန်လည်ထောက်ပံ့မည်

Covid-19 ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား ပြည်ထောင်စုမှ ဒုတိယအကြိမ် ထပ်မံထောက်ပံ့မည်ဖြစ်ကြောင်း သိရသည်။

ဧပြီလ အတွင်း ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစားများအား ပထမအကြိမ်အဖြစ် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန် စသည့် အခြေခံစားသောက်ကုန် ၅မျိုး ထောက်ပံ့ပေးခဲ့ပြီး ဒုတိယအကြိမ်အဖြစ် ယခုမေလတွင် ဒုတိယအကြိမ်ပြန်လည်ထောက်ပံ့မည်ဟု ညွန်ကြားရေးမှူး ဦးဇော်ဇော်က ပြောသည်။

“ အရင်တစ်ခေါက်တော့ စားသောက်ကုန်ထောက်ပံ့တယ်။ ဒါပေမယ့်ဒီတစ်ခေါက်မှာတော့ စားသောက်ကုန်မဟုတ်တော့ဘူး ငွေသားထောက်ပံ့မှာဖြစ်တယ်။ လောလောဆယ် အိမ်ထောင်စုတစ်စုကို ဘယ်လောက်ထောက်ပံ့မယ်ဆိုတာတော့ အတိအကျ မသိရသေးဘူး။ ဒီမေလ ၁၅ရက်နေ့ကနေစပြီးတော့ ၃၁ရက်တွင်း ထောက်ပံ့သွားမယ်။” ဟု ပြောသည်။

သင်္ကြန်ကာလအတွင်း ပထမအကြိမ်ထောက်ပံ့ရာတွင် ပြည်နယ်အစိုးရအနေဖြင့် ငွေကျပ်သန်းပေါင်း ၁.၅ ဘီလီယံ ထောက်ပံ့ပေးခဲ့ပြီး အိမ်ထောင်စု ၉ သောင်းကျော်ကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

“အရင် တစ်ခေါက်တော့ အိမ်ထောင်စု စုစုပေါင်း ၉သောင်းကျော်ထောက်ပံ့ပြီးဖြစ်တယ်။ ဒါပေမယ့်အဲထောက်ပံ့တဲ့ချိန်မှာ မရလိုက်တဲ့အိမ်ထောင်စုတွေ ဥပမာ အဲစာရင်းကောက်နေတဲ့ချိန် ခရီးလွန်နေတာတွေ၊ အိမ်မှာမရှိဘဲသော့ခတ်ထားတဲ့သူ မရလိုက်တဲ့သူတွေကို နောက်ထပ်ပြန်စီစစ်ပြီးတော့ ကောက်လိုက်တဲ့ချိန်မှ ဒီတစ်ခေါက်တော့ အိမ်ထောင်စု စုစုပေါင်း ၁သိန်းကျော်ရှိတယ်။ အဲစာရင်းတိုင်းဘဲဆက်ပြီးထောက်ပံ့ပေးမယ်” ဟု ဦးဇော်ဇော် ကထပ်မံ ပြောဆိုသည်။

ကူးစက်မှုမြင့်မားနေသည့် Covid-19 ကာကွယ်တားဆီးရန်တွက် အသွားအလာကန့်သတ်မှုကို ပြည်ထောင်စုအစိုးရက ဧပြီ ၃၀အထိ ပထမအကြိမ်သတ်မှတ်ခဲ့ပြီးနောက် မေလ ၁၃ ရက်နေ့တွင် နောက်ထပ် မေလ ၃၁ ရက်နေ့အထိ ပြန်လည်တိုးမြင့်ခဲ့သည်။

 

Show More

Related Articles

Back to top button