သတင်း

နှစ်ဖက် တိုက်ပွဲရပ်ထားချိန် မြန်မာစစ်တပ် နှင့် မြောက်ပိုင်းအဖွဲ့ တိုက်ပွဲ ပြင်းထန်

နှစ်ဖက် စစ်တိုက်ပွဲရပ်ထားကြောင်း ထုတ်ပြန်ထားချိန် ရှမ်းပြည်မြောက်ပိုင်းတွင် မြန်မာစစ်တပ် နှင့် မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ ကြား ဇွန် (၃)ရက် ဗုဒ္ဓဟူးနေ့ တစ်နေ့လုံး တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားပါသည်။

မြန်မာ့တပ်မတော် တပ်မ (၈၈) နှင့် တပ်မ (၉၉) ပူးပေါင်းစစ်ကြောင်းများက စစ်မျက်နှာ သုံးဘက်မှ ကိုးကန့် MNDAA တပ်ရင်း (၅၀၁) နှင့် တအာင်း TNLA တပ်ရင်း (၃၃၅) တပ်ဖွဲ့များရှိသော တာမိုးညဲမြို့နယ်ခွဲ နယ်မြေအတွင်း ထိုးစစ်ဆင်တိုက်လာခြင်းကြောင့် နှစ်ဖက် တိုက်ပွဲဖြစ်ပွားရကြောင်း မူဆယ်မြို့နယ်မှ အမည်မဖော်လိုသူ ကချင်လွတ်လပ်ရေးတပ်မတော် KIA အရာရှိ တစ်ဦး ယခုလို ကချင်သတင်းဌာန KNG ကို ပြောသည်။

“ဒီကနေ့ (ဇွန် ၃) မနက် ၈နာရီကနေ တိုက်ပွဲ အတော်လေး ပြင်းပြင်းထန်ထန် ဖြစ်ပွားတယ်။ ကိုးကန့် တပ်မဟာ (၅၁၁) လက်အောက်ခံ တပ်ရင်း (၅၀၁) နဲ့ တအာင်း တပ်ရင်း (၃၃၅) တပ်တွေကို မြန်မာစစ်တပ်က သုံးနေရာကနေ လာဝိုင်းပြီး တိုက်ခိုက်ရာမှ ဒီညနေ ၅နာရီခွဲချိန်ထိ မုန်းဆီး (Mungji)ဗျူဟာကနေ့ လက်နက်ကြီး အကြိမ်ပေါင်း (၂၀)ကျော်ခန့် ပစ်ကူပေးတာနဲ့ ပြင်းထန်စွာ တိုက်ပွဲ ဖြစ်ပွားတာပါ။”

KIA တပ်မဟာ (၁၀) လက်အောက်ခံ တပ်ရင်း (၂) နယ်မြေ Kong Lim တောင်မှာ စခန်းချထားသော MNDAA နှင့် TNLA တပ်ဖွဲ့များကို မြန်မာစစ်တပ် တပ်မ (၈၈)နှင့် တပ်မ (၉၉) ပူးပေါင်းစစ်ကြောင်များ တာမိုးညဲ (Tamonye)၊ မုန်းဆီး (Mungji) နှင့် နမ်ဖတ်ကာ (Nampaka) စသည့် ဘက်သုံးဘက်မှ ထိုးစစ်ဆင်တိုက်ခိုက်ခြင်းကြောင့် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်ဟု KIA အရာရှိက ဆိုပါသည်။

တပ်မတော်က အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်သည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် ရဏ္ခိုင့်တပ်မတော် AA တပ်ဖွဲ့များရှိသောနေရာကလွဲပြီး ကျန်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များရှိသော နေရာ အားလုံးတွင် ယခု COVID-19 ကပ်ရောဂါ ကာကွယ်ကုသရေးကြိုးပမ်းနေသည့်ကာလ မေ (၁၀)မှ သြဂုတ် (၃၁)ရက်ထိ တဘက်သတ် တိုက်ပွဲရပ်ထားကြောင်း မေ (၉)ရက်နေ့ ကြေညာချက် ထုတ်ပြန်ခဲ့သည်။

သို့သော်လည်း ရှမ်းပြည်မြောက်ပိုင်း မြောက်ပိုင်းမဟာမိတ် နယ်မြေများတွင် တပ်မတော် စစ်ရေးလှုပ်ရှားမှုများသည် ဧပြီလကတည်းက ဆက်လက် ရှိနေဆဲဖြစ်သည်။

“ဒီ တပ်မ (၉၉) တပ်ဖွဲ့တွေက ကျနော်တို့ မူဆယ်၊ ကွတ်ခိုင် မြို့နယ်တွေမှာ လှုပ်ရှားမှုတွေ ထူးထူးခြားခြားနဲ့ အရပ်သားတွေကို ဖမ်းဆီးမေးမြန်းတာတွေ၊ ဒေသခံနေအိမ်တွေထဲဝင်စီးပြီး ပစ္စည်းတွေ လုယူခြင်း စတာတွေ ပိုပိုလုပ်လာတာကတော့ ပြီးခဲ့တဲ့ ဧပြီလ (၂၃)ရက် လောက်ကနေ စလာတာ ဖြစ်ပါတယ်” လုံခြုံရေးအရ အမည်မဖော်လိုသူ မူဆယ် ဒေသခံ တစ်ဦး ပြောပါသည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် ညီနောင်သုံးဖွဲ့ ဖြစ်သည့် ရခိုင် AA၊ ကိုးကန့် MNDAA နှင့် တအာင်း (ပလောင်) TNLA ကလည်း ဇွန် (၁)ရက်မှ သြဂုတ် (၃၁)ရက်ထိ နောက်ထပ် (၃)လ တဘတ်သတ် အပစ်ရပ်ထားကြောင်းကို ဇွန် (၁)ရက်၊ တနင်္လာနေ့ ကြေညာချက် ထုတ်ပြန်ပါသည်။

Covid-19 ကမ္ဘာ့ ကပ်ရောဂါ ဖြစ်ပွားနေသည့်ကာလ တပ်မတော်၏ ထိုးစစ်ရပ်ထားခြင်း ထုတ်ပြန်ချက်သည် သဘောရိုး မဟုတ်ဘဲ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်သည့် AA ကို တိုက်ခိုက်ချေမှုန်းရန် ရည်ရွယ်ခြင်းသာဖြစ်ကြောင်း အထက် KIA အရာရှိက ဝေဖန်ပါသည်။

 

…..Zawgyi……

ႏွစ္ဖက္ တိုက္ပြဲရပ္ထားခ်ိန္ ျမန္မာစစ္တပ္ ႏွင့္ ေျမာက္ပိုင္းအဖြဲ႔ တိုက္ပြဲ ျပင္းထန္

ႏွစ္ဖက္ စစ္တိုက္ပြဲရပ္ထားေၾကာင္း ထုတ္ျပန္ထားခ်ိန္ ရွမ္းျပည္ေျမာက္ပိုင္းတြင္ ျမန္မာစစ္တပ္ ႏွင့္ ေျမာက္ပိုင္းမဟာမိတ္ တိုင္းရင္းသားေတာ္လွန္ေရးတပ္ဖြဲ႔ ၾကား ဇြန္ (၃)ရက္ ဗုဒၶဟူးေန႔ တစ္ေန႔လုံး တိုက္ပြဲ ျပင္းထန္စြာ ျဖစ္ပြားပါသည္။

ျမန္မာ့တပ္မေတာ္ တပ္မ (၈၈) ႏွင့္ တပ္မ (၉၉) ပူးေပါင္းစစ္ေၾကာင္းမ်ားက စစ္မ်က္ႏွာ သုံးဘက္မွ ကိုးကန္႔ MNDAA တပ္ရင္း (၅၀၁) ႏွင့္ တအာင္း TNLA တပ္ရင္း (၃၃၅) တပ္ဖြဲ႔မ်ားရိွေသာ တာမိုးညဲျမိဳ႕နယ္ခြဲ နယ္ေျမအတြင္း ထိုးစစ္ဆင္တိုက္လာျခင္းေၾကာင့္ ႏွစ္ဖက္ တိုက္ပြဲျဖစ္ပြားရေၾကာင္း မူဆယ္ျမိဳ႕နယ္မွ အမည္မေဖာ္လိုသူ ကခ်င္လြတ္လပ္ေရးတပ္မေတာ္ KIA အရာရိွ တစ္ဦး ယခုလို ကခ်င္သတင္းဌာန KNG ကို ေျပာသည္။

“ဒီကေန႔ (ဇြန္ ၃) မနက္ ၈နာရီကေန တိုက္ပြဲ အေတာ္ေလး ျပင္းျပင္းထန္ထန္ ျဖစ္ပြားတယ္။ ကိုးကန္႔ တပ္မဟာ (၅၁၁) လက္ေအာက္ခံ တပ္ရင္း (၅၀၁) နဲ႔ တအာင္း တပ္ရင္း (၃၃၅) တပ္ေတြကို ျမန္မာစစ္တပ္က သုံးေနရာကေန လာ၀ိုင္းျပီး တိုက္ခိုက္ရာမွ ဒီညေန ၅နာရီခြဲခ်ိန္ထိ မုန္းဆီး (Mungji)ဗ်ဴဟာကေန႔ လက္နက္ၾကီး အၾကိမ္ေပါင္း (၂၀)ေက်ာ္ခန္႔ ပစ္ကူေပးတာနဲ႔ ျပင္းထန္စြာ တိုက္ပြဲ ျဖစ္ပြားတာပါ။”

KIA တပ္မဟာ (၁၀) လက္ေအာက္ခံ တပ္ရင္း (၂) နယ္ေျမ Kong Lim ေတာင္မွာ စခန္းခ်ထားေသာ MNDAA ႏွင့္ TNLA တပ္ဖြဲ႔မ်ားကို ျမန္မာစစ္တပ္ တပ္မ (၈၈)ႏွင့္ တပ္မ (၉၉) ပူးေပါင္းစစ္ေၾကာင္မ်ား တာမိုးညဲ (Tamonye)၊ မုန္းဆီး (Mungji) ႏွင့္ နမ္ဖတ္ကာ (Nampaka) စသည့္ ဘက္သုံးဘက္မွ ထိုးစစ္ဆင္တိုက္ခိုက္ျခင္းေၾကာင့္ တိုက္ပြဲျပင္းထန္စြာျဖစ္ပြားခဲ့သည္ဟု KIA အရာရိွက ဆိုပါသည္။

တပ္မေတာ္က အၾကမ္းဖက္အဖြဲ႔အျဖစ္ သတ္မွတ္သည့္ ေျမာက္ပိုင္းမဟာမိတ္အဖြဲ႔၀င္ ရဏၡိဳင့္တပ္မေတာ္ AA တပ္ဖြဲ႔မ်ားရိွေသာေနရာကလြဲၿပီး က်န္တိုင္းရင္းသားေတာ္လွန္ေရးအဖြဲ႔မ်ားရိွေသာ ေနရာ အားလုံးတြင္ ယခု COVID-19 ကပ္ေရာဂါ ကာကြယ္ကုသေရးၾကိဳးပမ္းေနသည့္ကာလ ေမ (၁၀)မွ ၾသဂုတ္ (၃၁)ရက္ထိ တဘက္သတ္ တိုက္ပြဲရပ္ထားေၾကာင္း ေမ (၉)ရက္ေန႔ ေၾကညာခ်က္ ထုတ္ျပန္ခဲ့သည္။

သို႔ေသာ္လည္း ရွမ္းျပည္ေျမာက္ပိုင္း ေျမာက္ပိုင္းမဟာမိတ္ နယ္ေျမမ်ားတြင္ တပ္မေတာ္ စစ္ေရးလႈပ္ရွားမႈမ်ားသည္ ဧၿပီလကတည္းက ဆက္လက္ ရိွေနဆဲျဖစ္သည္။

“ဒီ တပ္မ (၉၉) တပ္ဖြဲ႔ေတြက က်ေနာ္တို႔ မူဆယ္၊ ကြတ္ခိုင္ ျမိဳ႔နယ္ေတြမွာ လႈပ္ရွားမႈေတြ ထူးထူးျခားျခားနဲ႔ အရပ္သားေတြကို ဖမ္းဆီးေမးျမန္းတာေတြ၊ ေဒသခံေနအိမ္ေတြထဲ၀င္စီးၿပီး ပစၥည္းေတြ လုယူျခင္း စတာေတြ ပိုပိုလုပ္လာတာကေတာ့ ၿပီးခဲ့တဲ့ ဧၿပီလ (၂၃)ရက္ ေလာက္ကေန စလာတာ ျဖစ္ပါတယ္” လုံျခံဳေရးအရ အမည္မေဖာ္လိုသူ မူဆယ္ ေဒသခံ တစ္ဦး ေျပာပါသည္။

ေျမာက္ပိုင္းမဟာမိတ္အဖြဲ႔၀င္ ညီေနာင္သုံးဖြဲ႔ ျဖစ္သည့္ ရခိုင္ AA၊ ကိုးကန္႔ MNDAA ႏွင့္ တအာင္း (ပေလာင္) TNLA ကလည္း ဇြန္ (၁)ရက္မွ ၾသဂုတ္ (၃၁)ရက္ထိ ေနာက္ထပ္ (၃)လ တဘတ္သတ္ အပစ္ရပ္ထားေၾကာင္းကို ဇြန္ (၁)ရက္၊ တနလၤာေန႔ ေၾကညာခ်က္ ထုတ္ျပန္ပါသည္။

Covid-19 ကမၻာ့ ကပ္ေရာဂါ ျဖစ္ပြားေနသည့္ကာလ တပ္မေတာ္၏ ထိုးစစ္ရပ္ထားျခင္း ထုတ္ျပန္ခ်က္သည္ သေဘာ႐ိုး မဟုတ္ဘဲ အၾကမ္းဖက္အဖြဲ႔အျဖစ္ သတ္မွတ္သည့္ AA ကို တိုက္ခိုက္ေခ်မႈန္းရန္ ရည္ရြယ္ျခင္းသာျဖစ္ေၾကာင္း အထက္ KIA အရာရိွက ေ၀ဖန္ပါသည္။

Show More

Related Articles

Back to top button