သတင်း

မြန်မာစစ်တပ် နှင့် KIA မူဆယ်မြို့နယ်အတွင်း တိုက်ပွဲ ဖြစ်ပွား

ကာလ အတန်ကြာ တိုက်ပွဲဖြစ်ပွားမှု မရှိသော်လည်း မြန်မာစစ်တပ် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြား ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်တွင် ဇွန် (၆)ရက်နေ့ ည ၇နာရီကျော်ကနေ တိုက်ပွဲ (၂)ကြိမ် ဖြစ်ပွားခဲ့သည်ဟု KIA ဘက်က အတည်ပြုပြောပါသည်။

KIA တပ်မဟာ (၆)လက်အောက်ခံ တပ်ရင်း (၉)တပ်ဖွဲ့များ အခြေချနေသည့် Htan Hpa Bum (ထန်ဖာတောင်)၊ Layan Kawng (လယန်းကုန်း)သို့ အမည်မသိ တပ်မတော် စစ်ကြောင်း တစ်ကြောင်း ချီတက်လာသောကြောင့် KIA ဘက်မှခုခံတိုက်ခိုက်ရာမှ ည တိုက်ပွဲ ဖြစ်ပွားခြင်း ဖြစ်သည်။

“မိမိတို့ KIA တပ်ရင်း (၉)တပ်ဖွဲ့တွေ ရှိတဲ့နေရာသို့ Hu Hpyet (ဟူးဖြတ်) ဘက်ကနေ တပ်မတော် စစ်ကြောင်း တက်လာတာကြားတော့ စောင့်ကြည့်နေချိန် ထွက်ပေါ်လာလို့ ခုခံတိုက်ခိုက်ရာမှ တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့တယ်” ဟု KIA တပ်မဟာ (၆) အရှိ တစ်ဦး ကချင်သတင်းဌာန KNG ကို ပြောသည်။

ယခုချိန် ယင်း နယ်မြေတွင် မြန်မာစစ်တပ် တပ်မ (၈၈) နှင့် တပ်မ (၉၉) စစ်ကြောင်းများ စစ်ရေးလှုပ်ရှားလျက်ရှိကြောင်း ဒေသခံများ ဆိုပါသည်။

ယင်းတိုက်ပွဲတွင် မြန်မာစစ်တပ်ဘက်က ထိခိုက် သေဆုံးမှု ရှိ မရှိ မသိရသော်လည်း KIA ဘက်က ထိခိုက်မှု မရှိကြောင်း တပ်မဟာ (၆) အရာရှိက ဆိုပါသည်။

နိုင်ငံအတွင်း COVID-19 ကမ္ဘာ့ ကပ်ရောဂါ ကာကွယ်ကုသနေသည့် ကာလ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသော ရခိုင် AA အဖွဲ့များရှိသည့် နယ်မြေများကလွဲပြီး ကျန်ဒေသ အားလုံးတွင် သြဂုတ်လကုန်ထိ စစ်ပွဲ ရပ်ထားကြောင်း တပ်မတော်က မေလ (၉)ရက်နေ့ ကြေညာချက် ထုတ်ပြန်ခဲ့ပါသည်။

သို့သော်လည်း ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြောက်ပိုင်းမဟာမိတ် လေးဖွဲ့မှ ကိုးကန့် MNDAA နှင့် တအာင်း (ပလောင်) TNLA တပ်ဖွဲ့များကို တပ်မတော် စစ်ကြောင်းများ ထိုးစစ်ဆင်နေဆဲဖြစ်သောကြောင့် တိုက်ပွဲများ နေစဉ်လိုလို ဖြစ်ပွားနေခြင်းလည်းဖြစ်သည်။

 

….zawgyi…

ျမန္မာစစ္တပ္ ႏွင့္ KIA မူဆယ္ျမိဳ႕နယ္အတြင္း တိုက္ပြဲ ျဖစ္ပြား

June 6, 2020/ Kachin News Group

ကာလ အတန္ၾကာ တိုက္ပြဲျဖစ္ပြားမႈ မရိွေသာ္လည္း ျမန္မာစစ္တပ္ ႏွင့္ ကခ်င္လြတ္လပ္ေရးတပ္မေတာ္ KIA ၾကား ရွမ္းျပည္နယ္ေျမာက္ပိုင္း မူဆယ္ျမိဳ႕နယ္တြင္ ဇြန္ (၆)ရက္ေန႔ ည ၇နာရီေက်ာ္ကေန တိုက္ပြဲ (၂)ၾကိမ္ ျဖစ္ပြားခဲ့သည္ဟု KIA ဘက္က အတည္ျပဳေျပာပါသည္။

KIA တပ္မဟာ (၆)လက္ေအာက္ခံ တပ္ရင္း (၉)တပ္ဖြဲ႔မ်ား အေျခခ်ေနသည့္ Htan Hpa Bum (ထန္ဖာေတာင္)၊ Layan Kawng (လယန္းကုန္း)သို႔ အမည္မသိ တပ္မေတာ္ စစ္ေၾကာင္း တစ္ေၾကာင္း ခ်ီတက္လာေသာေၾကာင့္ KIA ဘက္မွခုခံတိုက္ခိုက္ရာမွ ည တိုက္ပြဲ ျဖစ္ပြားျခင္း ျဖစ္သည္။

“မိမိတို႔ KIA တပ္ရင္း (၉)တပ္ဖြဲ႔ေတြ ရိွတဲ့ေနရာသို႔ Hu Hpyet (ဟူးျဖတ္) ဘက္ကေန တပ္မေတာ္ စစ္ေၾကာင္း တက္လာတာၾကားေတာ့ ေစာင့္ၾကည့္ေနခ်ိန္ ထြက္ေပၚလာလို႔ ခုခံတိုက္ခိုက္ရာမွ တိုက္ပြဲ ၂ ၾကိမ္ ျဖစ္ပြားခဲ့တယ္” ဟု KIA တပ္မဟာ (၆) အရိွ တစ္ဦး ကခ်င္သတင္းဌာန KNG ကို ေျပာသည္။

ယခုခ်ိန္ ယင္း နယ္ေျမတြင္ ျမန္မာစစ္တပ္ တပ္မ (၈၈) ႏွင့္ တပ္မ (၉၉) စစ္ေၾကာင္းမ်ား စစ္ေရးလႈပ္ရွားလ်က္ရိွေၾကာင္း ေဒသခံမ်ား ဆိုပါသည္။

ယင္းတိုက္ပြဲတြင္ ျမန္မာစစ္တပ္ဘက္က ထိခိုက္ ေသဆုံးမႈ ရိွ မရိွ မသိရေသာ္လည္း KIA ဘက္က ထိခိုက္မႈ မရိွေၾကာင္း တပ္မဟာ (၆) အရာရိွက ဆိုပါသည္။

ႏိုင္ငံအတြင္း COVID-19 ကမၻာ့ ကပ္ေရာဂါ ကာကြယ္ကုသေနသည့္ ကာလ အၾကမ္းဖက္အဖြဲ႔အျဖစ္ သတ္မွတ္ထားေသာ ရခိုင္ AA အဖြဲ႔မ်ားရိွသည့္ နယ္ေျမမ်ားကလြဲၿပီး က်န္ေဒသ အားလုံးတြင္ ၾသဂုတ္လကုန္ထိ စစ္ပြဲ ရပ္ထားေၾကာင္း တပ္မေတာ္က ေမလ (၉)ရက္ေန႔ ေၾကညာခ်က္ ထုတ္ျပန္ခဲ့ပါသည္။

သို႔ေသာ္လည္း ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္ ေျမာက္ပိုင္းမဟာမိတ္ ေလးဖြဲ႔မွ ကိုးကန္႔ MNDAA ႏွင့္ တအာင္း (ပေလာင္) TNLA တပ္ဖြဲ႔မ်ားကို တပ္မေတာ္ စစ္ေၾကာင္းမ်ား ထိုးစစ္ဆင္ေနဆဲျဖစ္ေသာေၾကာင့္ တိုက္ပြဲမ်ား ေနစဥ္လိုလို ျဖစ္ပြားေနျခင္းလည္းျဖစ္သည္။

Show More

Related Articles

Back to top button