Covid-19 Reportingသတင်း

လူနာအမှတ်စဉ် ၂၄၅ နှင့်ထိတွေ့ခဲ့သူ မြစ်ကြီးနား စီတာပူရပ်ကွက်မှ လူ ၈ ဦးကို နေအိမ်တွင်စောင့်ကြည့်ထား

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်မှ ပိုးတွေ့လူနာအမှတ် ၂၄၅ နှင့် ထိတွေ့ခဲ့သော ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်မှ လူ ၈ ဦးကို နေအိမ်တွင်စောင့်ကြည့်ထားသည်ဟု သက်ဆိုင်ရာဌာနမှ သိရသည်။
ဆီဆိုင်မြို့နယ်မှ အသက် ၃၀ အရွယ် အမျိုးသားလူနာအမှတ်စဉ် ၂၄၅ သည် ကချင်ပြည်နယ် မြစ်ဆုံအထက်နေရာတစ်ခုတွင် အလုပ်လုပ်ရာမှာပြန်လာစဉ် မေလ ၁၉ ရက်နေ့က မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ မောင်တိုင်းကားဝပ်ရှော့မှ ဝန်ထမ်း(၅)ဦးနှင့် ဝပ်ရှော့ပ်ဆိုင်နားရှိ လက်ရာထမင်းဆိုင်မှ ဝန်ထမ်း ၃ဦးတို့ဖြင့် ထိတွေ့ခဲ့သည်ဟု ဆိုသည်။

“တယန်ဇွပ် ၄၂ မိုင်မှာ ကျောက်လာထုတ်နေတဲ့သူဖြစ်တယ်။ မနေ့ကမြို့နယ်အုပ်ချုပ်ရေးမှူး အဖွဲ့တွေနဲ့သွားပြီစစ်ဆေးတယ် ခရိုင်အဖွဲ့လည်းသွားတယ်။ မလိခမြစ်ဘေးမှာတဲထိုးပြီးတော့ သီးခြားထုတ်တာလွန်ခဲ့တဲ့ ၂လောက်က ရွာကလူတွေနဲ့တော့ အဆက်စပ်မရှိဘူး။ တစ်ခါတစ်လေဆိုင်ကယ်ဈေးသည်တွေနဲ့ဘဲ ဝယ်စားတာဘဲရှိတယ်။ အဲမှာလုပ်တဲ့အဖွဲ့တွေကလည်း ကျောက်ပတောင်းအဖွဲ့တွေနဲ့ ဆီဆိုင်ကလူနဲ့တစ်ဖွဲ့ထဲ။ ” ကချင်ပြည်နယ် Covid-19 ထိန်းချုပ်ရေးနဲ့အရေးပေါ် တုံ့ပြန်ရေးကော်မတီထံမှ ဒုညွှန်ကြားရေးမှူး ဦးတင်လှိုင် က ပြောသည်။

ပိုးတွေ့လူနာအမှတ် ၂၄၅ နှင့်ထိတွေ့ခဲ့သည့် အဆိုပါ ၈ဦးသည် ကျန်းမာရေးအခြေနေကောင်းမွန်ကြောင်း လက်ရှိအချိန်တွင် စီတာပူရပ်ကွက်အုပ်ချုပ်ရေးပိုင်းမှ တာဝန်ယူစောင့်ကြည့်ပေးနေပြီး ၎င်းတို့ကိုဆေးစစ်မည် မစစ်မည်ကို စောင့်ကြည့်မည်ဟု ထပ်မံပြောသည်။

အဆိုပါပိုးတွေ့လူနာအမှတ် ၂၄၅ သည် တယန်ဇွပ်ရွာနဲ့ ၂မိုင်ကျော်ခန့်ဝေးသည့် တောထဲတွင်ကျောက်ထုတ်ခဲ့ခြင်းဖြစ်ပြီး ရွာထဲမှလူများနဲ့ထိတွေ့မှု မရှိဘဲ ၎င်းတို့လုပ်ငန်းခွင်ထဲ၌သာ သီးခြားနေထိုင်သူများဖြစ်ကြောင်း သက်ဆိုင်ရာဌာမှသိရသည်။

“လောလောဆယ်တော့ အဲကားဝပ်ရှော့ဆိုင်နဲ့ထမင်းဆိုင်တွေကို ပိတ်ခိုင်းထားတယ်။ ပြီးတော့ လူတွေအားလုံးကိုလည်း အပြင်မထွက်ဖို့ Home Quarantine ထားထားတယ်။ ကျန်တာတော့ ဘာထူးထူးခြားခြားမရှိပါဘူး။ ဆိုင်တွေအားလုံးကို Lock Down ချထားတာပေါ့”ဟု စီတာပူအုပ်ချုပ်ရေးမှူး ဦးဇော်အောင်က ပြောသည်။

ပိုးတွေ့လူနာ ၂၄၅ သည်လက်ရှိ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ စဝ်စံထွန်း ပြည်သူ့ဆေးရုံတွင် ဆေးကုခံယူနေသည်ဟု ကျန်းမာရေးဌာန၏ ထုတ်ပြန်ချက်မှ သိရသည်။

ဇွန်လ ၁၁ရက်နေ့ထိ ကချင်ပြည်နယ်တွင် ပိုးတွေ့လူနာ ၂ဦးရှိခဲ့ပြီး ပထမဆုံးပိုးတွေ့လူအမှတ် ၁၄၄သည် ဆေးရုံဆင်းပြီဖြစ်ကာ
ဒုတိယ ပိုးတွေ့လူနာဖြစ်သည့် လွယ်ဂျယ်ဂိတ်မှတရုတ်ပြည်တော်ပြန်များကို ကျန်းမာရေးစစ်ဆေးပေးနေသည့်ဝန်ထမ်းဖြစ်သူ လူနာအမှတ်၂၄၉ ကို လက်ရှိ ဗန်းမော်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီဟု သိရသည်။

Show More

Related Articles

Back to top button