သတင်း

နှစ်ပတ်အတွင်း ဒုတိယအကြိမ် မြန်မာစစ်တပ် နှင့် KIA တိုက်ပွဲ ဖြစ်ပွား

မြန်မာအစိုးရတပ် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြား နှစ်ပတ်အတွင်း ဒုတိယအကြိမ် တိုက်ပွဲသည် ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် ဇွန်လ(၁၇)၊ ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်။

ကွတ်ခိုင်မြို့ အနောက်မြောက်ဘက် KIA တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း (၈) နယ်မြေ Kaleng (ကာလိုင်)ကျေးရွာအုပ်စု Nawng Maw Bum (နောင်မော့တောင်)သို့ တပ်မတော်စစ်ကြောင်းများ စစ်ဆင်လှုပ်ရှားလာသောကြောင့် KIA ဘက်က ခုခံယင်း တိုက်ပွဲဖြစ်ပွားရကြောင်း KIA တပ်မဟာ (၄) အရာရှိ တစ်ဦး ယခုလို အတည်ပြုပြောပါသည်။

“မြန်မာစစ်တပ် ထိုးစစ်ဆင်လာတာကတော့ သုံး၊ လေးရက်လောက်ရှိပြီ၊ သုံးနေရာ ကနေ မိမိသို့ စခန်းဆီ တက်လာတာပါ။ တပ်မ (၈၈) နဲ့ တခြားတပ်ရင်းတွေ ပူးပေါင်းတဲ့ စစ်ကြောင်းတွေ စုစုပေါင်း အင်အား ၄၀၀ လောက်ရှိမယ်” ဟု သူက ကချင်သတင်းဌာန KNG ကို ဗုဒ္ဓဟူးနေ့ ပြောပါသည်။

ယခုတိုက်ပွဲသည် KIA တပ်ရင်း (၈) လက်အောက် Kaleng တိုက်နယ်ရုံးကို လုံခြုံရေးပေးသော KIA အထူးလှုပ်ရှားရေးတပ်ရင်း (Mobile Battalion) (၂၉) နှင့် ‘နယ်မြေရှင်းလင်းရေးခေါင်းစဉ်’ ဖြင့် ထိုးစစ်ဆင်လာသော မြန်မာစစ်တပ်နှင့်တိုက်ပွဲဖြစ်ပွားခြင်း ဖြစ်သည်ဟု အထက် KIA အရာရှိက ဆက်ဆိုသည်။

လွန်ခဲ့သော တစ်ပတ်ကျော်မှာလည်း မူဆယ်မြို့နယ်အတွင်း KIA တပ်မဟာ (၆) လက်အောက်ခံ တပ်ရင်း (၉) အခြေစိုက်စခန်း Htan Hpa Bum (ထန်းဖါတောင်) ကို မြန်မာစစ်တပ် တပ်မ (၈၈) နှင့် တပ်မ (၉၉) ပူးပေါင်းစစ်ကြောင်းမှ ဇွန်လ (၆)ရက် မှ (၇) ရက် ထိ နှစ်ရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ပြီး သိမ်းပိုက်ခဲ့သည်။

COVID-19 ကမ္ဘာ့ကပ်ရောဂါကာလ တပ်မတော်က ၎င်းတို့ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသော ရခိုင် AA အဖွဲ့နှင့်ဖြစ်ပွားနေသော စစ်ပွဲမှလွှဲပြီး ကျန် တနိုင်ငံလုံး အတိုင်းအတာကို မေလ (၁၀)ရက်မှ သြဂုတ်လ (၃၁)ရက်ထိ စစ်ပွဲ ရပ်ထားကြောင်း ကြေညာထားချိန် ရှမ်းပြည်မြောက်ပိုင်းမှာ KIA အဖွဲ့ကို ‘နယ်မြေရှင်းလင်းရေး ခေါင်းစဉ်’ သတ်ကာ လိုက်လံ တိုက်ခိုက်မှုများ ပြုလုပ်နေခြင်းလည်း ဖြစ်သည်။

 

…Zawgyi….

ႏွစ္ပတ္အတြင္း ဒုတိယအၾကိမ္ ျမန္မာစစ္တပ္ ႏွင့္ KIA တိုက္ပြဲ ျဖစ္ပြား

June 17, 2020/ Kachin News Group

ျမန္မာအစိုးရတပ္ ႏွင့္ ကခ်င္လြတ္လပ္ေရးတပ္မေတာ္ KIA ၾကား ႏွစ္ပတ္အတြင္း ဒုတိယအၾကိမ္ တိုက္ပြဲသည္ ရွမ္းျပည္နယ္ေျမာက္ပိုင္း ကြတ္ခိုင္ျမိဳ႕နယ္တြင္ ဇြန္လ(၁၇)၊ ဗုဒၶဟူးေန႔ နံနက္ပိုင္းက ျဖစ္ပြားခဲ့သည္။

ကြတ္ခိုင္ျမိဳ႕  အေနာက္ေျမာက္ဘက္ KIA တပ္မဟာ () လက္ေအာက္ခံ တပ္ရင္း () နယ္ေျမ Kaleng (ကာလိုင္)ေက်းရြာအုပ္စု Nawng Maw Bum (ေနာင္ေမာ့ေတာင္)သို႔ တပ္မေတာ္စစ္ေၾကာင္းမ်ား စစ္ဆင္လႈပ္ရွားလာေသာေၾကာင့္ KIA ဘက္က ခုခံယင္း တိုက္ပြဲျဖစ္ပြားရေၾကာင္း KIA တပ္မဟာ () အရာရိွ တစ္ဦး ယခုလို အတည္ျပဳေျပာပါသည္။

ျမန္မာစစ္တပ္ ထိုးစစ္ဆင္လာတာကေတာ့ သုံး၊ ေလးရက္ေလာက္ရိွၿပီ၊ သုံးေနရာ ကေန မိမိသို႔ စခန္းဆီ တက္လာတာပါ။ တပ္မ (၈၈) နဲ႔ တျခားတပ္ရင္းေတြ ပူးေပါင္းတဲ့ စစ္ေၾကာင္းေတြ စုစုေပါင္း အင္အား ၄၀၀ ေလာက္ရိွမယ္ဟု သူက ကခ်င္သတင္းဌာန KNG ကို ဗုဒၶဟူးေန႔ ေျပာပါသည္။

ယခုတိုက္ပြဲသည္ KIA တပ္ရင္း () လက္ေအာက္ Kaleng တိုက္နယ္ရုံးကို လုံျခံဳေရးေပးေသာ KIA အထူးလႈပ္ရွားေရးတပ္ရင္း (Mobile Battalion) (၂၉) ႏွင့္နယ္ေျမရွင္းလင္းေရးေခါင္းစဥ္ျဖင့္ ထိုးစစ္ဆင္လာေသာ ျမန္မာစစ္တပ္ႏွင့္တိုက္ပြဲျဖစ္ပြားျခင္း ျဖစ္သည္ဟု အထက္ KIA အရာရိွက ဆက္ဆိုသည္။

လြန္ခဲ့ေသာ တစ္ပတ္ေက်ာ္မွာလည္း မူဆယ္ျမိဳ႕နယ္အတြင္း KIA တပ္မဟာ () လက္ေအာက္ခံ တပ္ရင္း () အေျခစိုက္စခန္း Htan Hpa Bum (ထန္းဖါေတာင္) ကို ျမန္မာစစ္တပ္ တပ္မ (၈၈) ႏွင့္ တပ္မ (၉၉) ပူးေပါင္းစစ္ေၾကာင္းမွ ဇြန္လ ()ရက္ မွ () ရက္ ထိ ႏွစ္ရက္ၾကာ ထိုးစစ္ဆင္တိုက္ခိုက္ၿပီး သိမ္းပိုက္ခဲ့သည္။

COVID-19 ကမၻာ့ကပ္ေရာဂါကာလ တပ္မေတာ္က ၎တို႔ အၾကမ္းဖက္အဖြဲ႔အျဖစ္ သတ္မွတ္ထားေသာ ရခိုင္ AA အဖြဲ႔ႏွင့္ျဖစ္ပြားေနေသာ စစ္ပြဲမွလႊဲၿပီး က်န္ တႏိုင္ငံလုံး အတိုင္းအတာကို ေမလ (၁၀)ရက္မွ ၾသဂုတ္လ (၃၁)ရက္ထိ စစ္ပြဲ ရပ္ထားေၾကာင္း ေၾကညာထားခ်ိန္ ရွမ္းျပည္ေျမာက္ပိုင္းမွာ KIA အဖြဲ႔ကိုနယ္ေျမရွင္းလင္းေရး ေခါင္းစဥ္သတ္ကာ လိုက္လံ တိုက္ခိုက္မႈမ်ား ျပဳလုပ္ေနျခင္းလည္း ျဖစ္သည္။

Show More

Related Articles

Back to top button