သတင်း

ဟူးကောင်းချိုင့်ဝှမ်းမှ ယုဇနကုမ္ပဏီ အမြန်ဆုံးထွက်သွားရန် သတိပေး

ရန်ကုန်အခြေစိုက် ဦး ဌေးမြင့် ပိုင် ယုဇနကုမ္ပဏီ က ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်းဒေသတွင် မတရားသိမ်းယူထားသည့် မူရင်းဒေသခံများ၏ လယ်ယာမြေများကို မူရင်းဒေသခံများကို ခြွင်းချက်မရှိ ကောင်းမွန်စွာပြန်အပ်ပြီး ထွက်သွားရန် ကချင်အမျိုးသားအစည်းအရုံး KNO အဖွဲ့မှ သတိပေးထားကြောင်း ဆိုပါသည်။

KNO (Kachin National Organization) က ဦး ဌေးမြင့်ထံ လိပ်မူသော အိပ်ဖွင့်ပေးစာကို ဇူလိုင်လ (၈)ရက် ရက်စွဲဖြင့် အသိပေးခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့အနေနဲ့ ဒီ ယုဇန ဦး ဌေးမြင့် ကုမ္ပဏီနဲ့ ဒီ တခြား စစ်အစိုးရနဲ့ ဆက်သွယ်ပြီးတော့ ပြည်သူလူထုတွေရဲ့ နယ်မြေတွေကို မတရား သိမ်းထားတဲ့ ကုမ္ပဏီ၊ လူတစ်ခု၊ အဖွဲ့တွေ အားလုံးကို ကျွန်တော်တို့က ထွက်သွားဖို့၊ ကချင်ပြည်နယ်ကနေ ထွက်သွားဖို့ အမိန့်ထုတ်တဲ့ ထုတ်ပြန်ချက်ဖြစ်ပါတယ်” ဟု ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့မှ KNO နိုင်ငံခြားရေးရာ ပြောခွင့်ရ Hkanhpa Shadan က ကချင်သတင်းဌာန KNG ကို ပြောပါသည်။

တပ်မတော် အကာအကွယ်ပေးမှုအောက် ဦး ဌေးမြင့်ပိုင် ယုဇန ကုမ္ပဏီက ဟူကောင်းချိုင့်ဝှမ်း သို့ ၂၀၀၆ ခုနှစ်တွင် ဝင်လာပြီး ဒေသခံများ၏ လယ်ယာမြေ ဧက ၄သိန်းကျော်ကို သိမ်းယူထားကြောင်း မြစ်ကြီးနားအခြေစိုက် ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက် KDNG (Kachin Development Networking Group) က ဆိုပါသည်။

ထို့ကြောင့် ယုဇန ကုမ္ပဏီက ဟူးကောင်းဒေသ မတရား မြေသိမ်းမှုနှင့်ပတ်သက်ပြီး ကချင်ပြည်သူ့အစိုးရအား ထိုက်သင့်သောအခွန်အခများ ပေးဆောင်ပြီးနောက် နဂို မြေယာပိုင်ရှင်များကို ကောင်းမွန်စွာ ခြွင်းချက်မရှိ အမြန်ဆုံးပြန်လည်အပ်ပေးရမည်ဟုလည်း စာထဲမှာ ဖော်ပြထားပါသည်။

အဆိုပါ KNO ၏ ပေးစာ မိတ္တူများကို မြန်မာအစိုးရ သမ္မတရုံး၊ ကချင်ပြည်နယ်အစိုးရ၊ မြန်မာအစိုးရ သက်ဆိုင်ရာဌာန၊ KIO၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ EAOs နှင့် အစိုးရမဟုတ်သည့် လူမှုအဖွဲ့စည်းများကိုလည်း ပေးပို့ထားပါသည်။

ပြည်ပတွင် ထူထောင်ခဲ့သော Kachin National Organization သည် မြန်မာပြည်မှ အဖိနှိပ်ခံ ကချင်အမျိုးသားများ လွတ်မြောက်ရေးအတွက် ကချင်လွတ်လပ်ရေးအဖွဲ့ KIOနှင့် စစ်ရေး၊ နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး နှစ်ဖက်နားလည်မှု စာချွန်လွှာကို ၂၀၁၁ ခုနှစ်က ရေးထိုးခဲ့သည့် ပြည်ပအခြေစိုက် အကြီးဆုံး ကချင်နိုင်ငံရေးအဖွဲ့တစ်ခုလည်း ဖြစ်ပါသည်။

ယုဇန ကုမ္ပဏီမှ လိုက်နာလုပ်ဆောင်မှု ပျက်ကွက်ပါက “ကချင်ပြည်သူ့အစိုးရမှ ကချင်ပြည်သူ့အစိုးရ၏ တရားဥပဒေနှင့် နိုင်ငံတကာ ဥပဒေများနှင့် အညီထိထိရောက်ရောက် ပြင်းပြင်းထန်းအရေးယူသွားမည်ဖြစ်ကြောင်း” ဟု KNO အိပ်ဖွင့်စာတွင် သတိပေးထားပါသည်။

 

……Zawgyi….

ဟူးေကာင္းခိ်ဳင့္၀ွမ္းမွ ယုဇနကုမၸဏီ အျမန္ဆုံးထြက္သြားရန္ KNO သတိေပး

July 12, 2020/ Kachin News Group

ရန္ကုန္အေျခစိုက္ ဦး ေဌးျမင့္ ပိုင္ ယုဇနကုမၸဏီ က ကခ်င္ျပည္နယ္ ဟူးေကာင္းခိ်ဳင့္၀ွမ္းေဒသတြင္ မတရားသိမ္းယူထားသည့္ မူရင္းေဒသခံမ်ား၏ လယ္ယာေျမမ်ားကို မူရင္းေဒသခံမ်ားကို ျခြင္းခ်က္မရိွ ေကာင္းမြန္စြာျပန္အပ္ၿပီး ထြက္သြားရန္ ကခ်င္အမိ်ဳးသားအစည္းအ႐ုံး KNO အဖြဲ႔မွ သတိေပးထားေၾကာင္း ဆိုပါသည္။

KNO (Kachin National Organization) က ဦး ေဌးျမင့္ထံ လိပ္မူေသာ အိပ္ဖြင့္ေပးစာကို ဇူလိုင္လ (၈)ရက္ ရက္စြဲျဖင့္ အသိေပးခဲ့ျခင္း ျဖစ္သည္။

“ကြ်န္ေတာ္တို႔အေနနဲ႔ ဒီ ယုဇန ဦး ေဌးျမင့္ ကုမၸဏီနဲ႔ ဒီ တျခား စစ္အစိုးရနဲ႔ ဆက္သြယ္ၿပီးေတာ့ ျပည္သူလူထုေတြရဲ႕ နယ္ေျမေတြကို မတရား သိမ္းထားတဲ့ ကုမၸဏီ၊ လူတစ္ခု၊ အဖြဲ႔ေတြ အားလုံးကို ကြ်န္ေတာ္တို႔က ထြက္သြားဖို႔၊ ကခ်င္ျပည္နယ္ကေန ထြက္သြားဖို႔ အမိန္႔ထုတ္တဲ့ ထုတ္ျပန္ခ်က္ျဖစ္ပါတယ္” ဟု ျဗိတိန္ႏိုင္ငံ၊ လန္ဒန္ျမိဳ႕မွ KNO ႏိုင္ငံျခားေရးရာ ေျပာခြင့္ရ Hkanhpa Shadan က ကခ်င္သတင္းဌာန KNG ကို ေျပာပါသည္။

တပ္မေတာ္ အကာအကြယ္ေပးမႈေအာက္ ဦး ေဌးျမင့္ပိုင္ ယုဇန ကုမၸဏီက ဟူေကာင္းခိ်ဳင့္၀ွမ္း သို႔ ၂၀၀၆ ခုႏွစ္တြင္ ၀င္လာၿပီး ေဒသခံမ်ား၏ လယ္ယာေျမ ဧက ၄သိန္းေက်ာ္ကို သိမ္းယူထားေၾကာင္း ျမစ္ၾကီးနားအေျခစိုက္ ကခ်င္လူမႈဖြံ႕ျဖိဳးေရးကြန္ယက္ KDNG (Kachin Development Networking Group) က ဆိုပါသည္။

ထို႔ေၾကာင့္ ယုဇန ကုမၸဏီက ဟူးေကာင္းေဒသ မတရား ေျမသိမ္းမႈႏွင့္ပတ္သက္ၿပီး ကခ်င္ျပည္သူ႔အစိုးရအား ထိုက္သင့္ေသာအခြန္အခမ်ား ေပးေဆာင္ၿပီးေနာက္ နဂို ေျမယာပိုင္ရွင္မ်ားကို ေကာင္းမြန္စြာ ျခြင္းခ်က္မရိွ အျမန္ဆုံးျပန္လည္အပ္ေပးရမည္ဟုလည္း စာထဲမွာ ေဖာ္ျပထားပါသည္။

အဆိုပါ KNO ၏ ေပးစာ မိတၱဴမ်ားကို ျမန္မာအစိုးရ သမၼတ႐ုံး၊ ကခ်င္ျပည္နယ္အစိုးရ၊ ျမန္မာအစိုးရ သက္ဆိုင္ရာဌာန၊ KIO၊ တိုင္းရင္းသားေတာ္လွန္ေရးအဖြဲ႔အစည္းမ်ား EAOs ႏွင့္ အစိုးရမဟုတ္သည့္ လူမႈအဖြဲ႕စည္းမ်ားကိုလည္း ေပးပို႔ထားပါသည္။

ျပည္ပတြင္ ထူေထာင္ခဲ့ေသာ Kachin National Organization သည္ ျမန္မာျပည္မွ အဖိႏွိပ္ခံ ကခ်င္အမိ်ဳးသားမ်ား လြတ္ေျမာက္ေရးအတြက္ ကခ်င္လြတ္လပ္ေရးအဖြဲ႔ KIOႏွင့္ စစ္ေရး၊ ႏိုင္ငံ ပူးေပါင္းေဆာင္ရြက္ေရး ႏွစ္ဖက္နားလည္မႈ စာခြ်န္လႊာကို ၂၀၁၁ ခုႏွစ္က ေရးထိုးခဲ့သည့္ ျပည္ပအေျခစိုက္ အၾကီးဆုံး ကခ်င္ႏိုင္ငံေရးအဖြဲ႔တစ္ခုလည္း ျဖစ္ပါသည္။

ယုဇန ကုမၸဏီမွ လိုက္နာလုပ္ေဆာင္မႈ ပ်က္ကြက္ပါက “ကခ်င္ျပည္သူ႕အစိုးရမွ ကခ်င္ျပည္သူ႕အစိုးရ၏ တရားဥပေဒႏွင့္ ႏိုင္ငံတကာ ဥပေဒမ်ားႏွင့္ အညီထိထိေရာက္ေရာက္ ျပင္းျပင္းထန္းအေရးယူသြားမည္ျဖစ္ေၾကာင္း” ဟု KNO အိပ္ဖြင့္စာတြင္ သတိေပးထားပါသည္။

Show More

Related Articles

Back to top button