Covid-19 Reportingသတင်း

ICRC က KIO ကို Covid-19 ကာကွယ်ရေးပစ္စည်းများ ပေးအပ်

ကချင်လွတ်လပ်ရေးအဖွဲ့ KIO နယ်မြေရှိ Covid-19 ကာကွယ်ရေးနေရာများအတွက် International Committee of the Red Cross (ICRC) မှ ကူညီသော ရောဂါကာကွယ်ရေးပစ္စည်းများကို PCG ကတဆင့် သွားရောက်ပေးအပ်ခဲ့သည်ဟု သိရသည်။

ICRC ကိုယ်တိုင်သွားရောက်ပေးအပ်ရန် အစိုးရက ခွင့်မပြုသဖြင့် Peace Talk Creation Group ကတဆင့် ဇူလိုင် ၂၉ ရက်နေ့ KIO နယ်မြေ မိုင်ဆပ်ပါတွင် ပေးအပ်ပွဲပြုလုပ်ခဲ့သည်ဟု PCG မှ သိရသည်။

“ICRC က သူတို့ကိုယ်တိုင် KIO Covid-19 center ထဲသွားပေးချင်တယ်လို့ အစိုးရကိုခွင့်တောင်းတယ်။ တပ်မတော်ဘက်က သူတို့ ICRC တိုက်ရိုက်သွားပေးဖို့ရန် ခွင့်မပြုဘူး။ Covid-19 နှင့် ဆိုင်တဲ့ ပစ္စည်းဖြစ်တဲ့အတွက် သွားပေးမယ်ဆို PCG မှ တစ်ဆင့်ဆိုရင်တော့ ခွင့်ပြုတယ် ဆိုပြီးပြောလာတဲ့အတွက် ICRC လည်း PCG ကို အကူအညီတောင်းလာတဲ့အတွက် ကျနော်တို့ PCG က တစ်ဆင့် သွားပေးရခြင်းဖြစ်တယ်။’’ ဟု PCG မှ ဦးလမိုင်ဂွမ်ဂျာ က ပြောသည်။

ကူညီထောက်ပံ့သော Covid-19 ရောဂါကာကွယ်ရေးပစ္စည်းများမှာ ဆပ်ပြာ၊ HandGel ၊ Mask ၊ PPE ဝတ်စုံ စသည့် ပစ္စည်းအမျိုးအစားပေါင်း ၂၀ ကျော် ဖြစ်သည်ဟု သိရသည်။

KIO နှင့်အစိုးရကြား အပစ်အခတ်ရပ်စဲရေး လက်မှတ်မထိုးနိုင်သေးသောကြောင့် ၎င်းတို့ထိန်းချုပ်ရာဒေသများသို့ နိုင်ငံတကာအကူအညီပေးရေးအဖွဲ့များကိုသွားရောက်ရန် ခွင့်မပြုထားကြောင်း ၎င်း က ဆိုသည်။

ICRC မှထောက်ပံ့သောပစ္စည်းများကို KIO Covid-19 ကာကွယ်တားဆီးရေးကော်မတီ ဥက္ကဌ ဆရာကြီးဦးဆွမ်လွတ်ဂမ် မှ လက်ခံ ရရှိသည်ဟု သိရသည်။

Related Articles

Back to top button