,

Breaking News :

စစ်ကောင်စီ ဖမ်းဆီးသွားသည့် ဆားလင်းကြီး PDF ရဲဘော် ၂ဦး သတ်ဖြတ်ခံရ

ဖားကန့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဟိန်းမင်း၏ နေအိမ် ချိတ်ပိတ်ခံရ

ကသာမြို့နယ် တွင် PDF ပူးပေါင်းတပ်ဖွဲ့များ ကျပ်သိန်း ၃၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီး

ရဝမ် လူငယ်အသင်း ဥက္ကဋ္ဌ ဦးဖုန်ရော့ဖီနန်ကို စစ်ကောင်စီ မှ ထောင်ဒဏ် ၁၀ နှစ် ချမှတ်

ပူတာအိုတွင် အရေပြားရောဂါတစ်မျိုးကြောင့် နွား ကူးစက်သေဆုံးမှု များလာ

အဝေးပြေး ယာဥ်စီးခနှုန်းထား ကျပ် ၇၀၀၀ ထပ်မံ တိုးမြင့်ကောက်ခံမည်

ရှမ်းမြောက်တွင် ကြက်သွန်ဖြူကုန်တင်ကား တိမ်းမှောက်ပြီး ၁ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရ

ဗန်းမောက်နယ် ကျောက်အိုင်ကျေးရွာမှ ဒေသခံ ပြည်သူ ၃၀ ကျော် ဖမ်းဆီးခံထားရ

အင်းတော် လူနေအိမ်အလုံး ၁၀၀ ကျော်ကို စစ်ကောင်စီတပ် မွှေနှောက်ဖျက်ဆီးခဲ့

ဖားကန့်မြို့တွင်း နေရာအချို့တွင် ယခုရက်ပိုင်း Mytel အင်တာနက်လိုင်း ပြန်ရနေ

ရှဒူးဇွပ်(Ja Htu Zup)ကျေးရွာ ရေဘေးဒဏ်ထပ်မံကြုံတွေ့နေရ

ရေကြီးရေလျှံမှုဖြစ်နေသော ရှဒူးဇွပ်ကျေးရွာ (ဓါတ်ပုံ – Htoi Awng)

ဖားကန့်မြို့နယ် ရှဒူးဇွပ်(Ja Htu Zup) ကျေးရွာတွင် ယခုနှစ်အတွင်း တတိယအကြိမ် ထပ်မံ ရေကြီးလာသောကြောင့် ပြန်လည်ထူထောင်ရေးနှင့် အစားအသောက်များကူညီထောက်ပံ့ရန် လိုအပ်နေသည်ဟု ဒေသခံများပြောသည်။

စက်တင်ဘာ ၂၁ရက်နေ့မှစ၍ ၄ ရက်ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းခဲ့သောကြောင့် စက်တင်ဘာ ၂၅ ယနေ့ မနက် ၂ နာရီခန့်အချိန်တွင် ကျေးရွာတွင်းရေတိုးဝင်လာပြီး နေအိမ်များ ၇ပေခန့် မြုပ်သွားကြောင်း ဝါရာဇွပ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးနော်ဒီး က ယခုလို ပြောဆိုသည်။

“ဒီနေ့မနက် ၂နာရီလောက်မှာ ရေပြန်ကြီးလာတယ်။ ဒီတစ်ခေါက်က အရင်ကထက် ပိုဆိုးတယ်။ အခုဆိုရင် ရပ်ကွက်တွေအားလုံး နေအိမ်တွေ မြုပ်သွားတယ်။ အထက်တန်းကျောင်းတွေဆို တစ်ဝက်လောက် မြုပ်သွားပြီ။ တံတားတစ်ဖက်ကမ်းမှာရှိတဲ့ ရပ်ကွက်အိမ်တွေလည်း မကျန်တော့ဘူး။ အခုက ရေမမြုပ်တဲ့နေရာဆိုလို့ ဈေးကုန်းတစ်ခုဘဲ ကျန်တော့တယ်” ဟု ပြောဆိုသည်။

ရေကြီးရေလျှံမှုမှာ ကျေးရွာအနီးတဝိုက်ရှိ ချောင်း ၃ခုဖြစ်သည့် မိုးကောင်းချောင်း၊ ခေါင်းလှော်ခ (Hkawng Law Hka) နှင့် ရှဒူးခ (Sha Htu Hka) စသောချောင်းများ တပြိုင်နက် ကျေးရွာအတွင်းသို့ စီးဝင်လာသောကြောင့် ရေကြီးရေလျှံမှုဖြစ်ကာ ရပ်ကွက် ၄ ခု နှင့် အိမ်ခြေ ၂၀၀ ကျော်ရေမြုပ်သွားကြောင်း သိရသည်။

ရေဘေးဒဏ်ကို ကြုံတွေ့နေရသော ဒေသခံ ၂ ထောင်ခန့်က လက်ရှိတွင် နီးစပ်ရာ ဘာသာရေးကျောင်းများနှင့် ဆွေမျိုးအိမ်များတွင် တိမ်းရှောင်နေရပြီး သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့်လည်း ပြန်လည်ထူထောင်ရေးနှင့် စားနပ်က္ခာများကူညီထောက်ပံ့ပေးရန် လိုအပ်နေကြောင်း ဦးနော်ဒီးက ဆက်လက်ပြောဆိုခဲ့သည်။

ရှဒူးဇွပ်ကျေးရွာသည် ယခင်နှစ်က မိုးသည်းထန်စွာ ရွာသွန်းခဲ့သော်လည်း ယခုကဲ့သို့ ဆိုးရွားသောရေကြီးရေလျှံမှုဘေးဒဏ်ကို မခံစားခဲ့ရကြောင်း သိရသည်။ သို့သော် ယခုနှစ်မိုးတွင်းကာလအတွင်း ၃ကြိမ်တိုင်တိုင် ရေကြီးရေလျှံဖြစ်ခဲ့သည်မှာ မိုးသည်းထန်းစွာ ရွာသွန်းမှု တစ်ခုတည်းကြောင့်သာ မဟုတ်ဘဲ အနီးတဝိုက်ကျေးရွာများတွင် ရွှေသတ္ထုတူးဖော်မှုတွေကြောင့်ဖြစ်သည်ဟု ရှဒူးဇွပ်ဒေသခံ ဦးထွယ်အောင်က ကချင်သတင်းဌာန KNG ကို ပြောသည်။

“အရင်က အခုလို ဆိုးဆိုးရွားရွား ရေကြီးရေလျှံဖြစ်တာ မရှိဘူး။ ဒီနှစ်မှာက ၃ကြိမ်ဖြစ်သွားပြီ။ ကျနော့်အမြင်တော့ အနီးတဝိုက် နှစ်ရှည်ရွှေတူးဖော်တဲ့သူတွေ အများအပြားရှိနေသောကြောင့် ဖြစ်တယ်လို့ဘဲမြင်တယ်။ ဘာကြောင့်လဲဆိုတော့ အဲ့လို ရွှေတူးဖော်တော့ သဘာဝပတ်ဝန်းကျင်တွေလည်း ပြောင်းလဲလာတယ်။ နောက်ပြီး ပျက်စီးလာလို့ဖြစ်တယ်လို့ ဘဲမြင်တယ်” ဟု ပြောသည်။

ယခုလို ရေကြီးရေလျှံမှုဖြစ်နေသောကြောင့် တနိုင်းလီဒိုလမ်းမသို့သွားလာနေသော လိုင်းကားများနှင့် ကုန်တင်ကားများသည် ရှဒူးဇွပ်ကျေးရွာအဝင်ပေါက်မှ ဆက်သွား၍ မရကြောင်း သိရသည်။

 

Read Previous

ရှမ်းမြောက် Howa Bum တောင်ပေါ် မြန်မာ စစ်တပ် နှင့် KIA တိုက်ပွဲ ဖြစ်ပွား

Read Next

နယ်လှည့်ဆေးကုမှုကို ပိတ်ပင်မှုကြောင့် ကျေးလက်ပြည်သူများ၏ ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှု ထိခိုက်မည်ကိုစိုးရိမ်

Leave a Reply

Your email address will not be published.