ဖားကန့် သပိတ်စစ်ကြောင်းဖြိုခွဲရန်သွားသည့် ရဲနှင့်စစ်သားများ မိုင်းခွဲ တိုက်ခိုက်ခံရပြီး သေဆုံးမှုရှိ
ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက်၊ ဆိပ်မူရပ်ကွက် စစ်အာဏာဆန့်ကျင်သည့် သပိတ်စစ်ကြောင်းအား ရဲနှင့်စစ်သားများမှ ရာဘာကျည်၊ကျည်အစစ်များအသုံးပြုကာ ပစ်ခတ်ဖြိုခွင်းခဲ့သဖြင့် မတ်လ ၁၄ ရက်နေ့တွင် ၁ ဦးသေဆုံးကာ ၅ဦးထက်မနည်း ဒဏ်ရာရရှိထားကြောင်း သိရပါသည်။
ထို့အတူ လုံးခင်းသပိတ်စစ်ကြောင်း၊ မှော်ဝမ်းသပိတ်စစ်ကြောင်းများလည်း ဖြိုခွဲခံနေရကြောင်း ဒေသခံများကပြောသည်။
သေဆုံးသူမှာ ဆိုင်းတောင်မှ အသက် ၃၀ အရွယ် ကျော်လင်းထိုက်ဖြစ်ကြောင်း သိရသည်။