လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

CDM များကိုကူညီသော ပူတာအိုမှ သွားဆရာဝန်ကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီး

ပူတာအိုမြို့ရှိ CDM တွင်ပါဝင်နေသော အစိုးရဝန်ထမ်းများကို အခမဲ့ဆေးကုသပေးနေသည့် သွားဆရာဝန် ဒေါက်တာဟိန်းသူရဇော်ကို  အာဏာသိမ်းစစ်တပ်က ဧပြီလ ၇ ရက်နေ့ မွန်းလွဲပိုင်းက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ဖမ်းဆီးခံရသော သွားဆရာဝန်မှာ ပူတာအို လုံစွတ်ရပ်ကွက်တွင် ဆေးခန်းဖွင့်ထားသူဖြစ်ပြီး CDM ပြုလုပ်သူများကို ထောက်ပံ့ပေးမူနှင့် ဖမ်းဆီးသွားကြောင်းသိရသည်ဟု ဒေသခံတစ်ဦးထံမှသိရသည်။

” သိရသလောက်က ဒီ CDM ပြုလုပ်တဲ့ သူတွေကို နောက်ကနေထောက်ပံ့ပေးတယ်။ ပြီးဆေးအခမဲ့ ကုသပေးတယ်လို့ကြားရတယ်။ သေချာလေးတော့ မသိဘူး။ အဲ့ကြောင့် ဖမ်းသွားတယ်လို့ဘဲ သိတယ်”ဟု ပြောဆိုသည်။

ဖမ်းဆီးခံရသော သွားဆရာဝန် ဒေါက်တာ ဟိန်းသူရဇော်ကို အာဏာသိမ်းစစ်တပ်က ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က ဖြင့် အရေးယူထားကြောင်း ဆက်လက်သိရသည်။

ကချင်ပြည်နယ်မြောက်ပိုင်း ပူတာအိုမြို့ဒေသရှိ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော ဦးဆောင်သူများကို စစ်တပ်က ရှာဖွေနေသဖြင့် တိမ်းရှောင်မှုများ ရှိနေကြောင်း သိရသည်။

Show More

Related Articles

Back to top button