တိုက်ပွဲသတင်း

မိုးမောက်မြို့နယ် တိုက်ပွဲတွင် အာဏာသိမ်းစစ်တပ်ဘက်က ထိခိုက်သေဆုံးမှုများပြား

မိုးမောက်မြို့နယ် မြို့သစ်၊ ကုန်းလော တိုက်ပွဲတွင် အာဏာသိမ်းစစ်တပ်ဘက်က ထိခိုက်ကျဆုံးမှုများပြားခဲ့ပြီးနောက် လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ရာ ဒေသခံ ၃ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၅ နယ်မြေဖြစ်သော မြို့သစ်၊ စီဟတ်၊ ကုန်းလောကျေးရွ ာအရှေ့ဘက် တောင်ကုန်းရှိ တာဝါတိုင် တပ်စခန်း၊ တာပိန်မြစ် တံတားအနီး တပ်ရင်းစခန်းသို့ကို က မတ်လ ၁၁ ရက်ညက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

ထိုစစ်ပွဲတွင် အာဏာသိမ်းစစ်တပ်ဘက်က ထိခိုက်သေဆုံးမှု များပြားခဲ့ပြီးနောက် လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ရာ ပြည်သူ ၃ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသခံ တစ်ဦးက ယခုလိုပြောသည်။

“လေယာဉ်နဲ့ ဗုံးကျဲလို့ ဒီစီဟတ်ရွာမှာဆို တောင်ပေါ်မှာရှိနေတဲ့ ဘုန်းကြီးတစ်ပါးကို ဗုံးဆမှန်တယ်။ နောက်ထပ် စီဟတ်ရွာမှာဘဲ လေယာဉ်ဗုံးကျဲလို့ အဘွားတစ်ယောက် လက်မောင်ပြတ်ထွက်သွားပြီး အဲမှာ ပွချင်းပြီးသေဆုံးသွားတယ်။  အဲဒီသေသွားတဲ့အိမ်မှာပဲ မပေါက်သေးတဲ့ ဗုံးတစ်လုံးကျန်သေးတယ်။ ကုန်းလော်မှာဆိုလည်း ဗုံးကျတယ်။ မပေါက်သေးတဲ့ဟာလည်း ရှိသေးတယ်။ ရွှေမြောင်းရွာမှာလည်း လူငယ်တစ်ယောက် သေသွားတယ်။”

ပြည်သူ ၃ ဦးသေဆုံးပြီး ဘုန်းကြီးတစ်ပါးထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ်အချို့လည်း ဗုံးကြောင့် ပျက်စီးခဲ့သည်။

တိုက်ပွဲ ရပ်တန့်သွားပြီဖြစ်သော်လည်း မတ်လ ၁၂ ရက်နေ့ ညနေပိုင်းအထိ အာဏာသိမ်းစစ်တပ်ဘက်က လက်နက်ကြီး ပစ်ခတ်မှုများက ဆက်တိုက်ပြုလုပ်နေဆဲဖြစ်ကြောင်း စီဟတ်ဒေသခံတစ်ဦးက ပြောသည်။

တစ်ဖက်တွင်လည်း စစ်ရေးအရ အရေးပါသော အလောဘွမ် (Abaw Bum) ကို အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနှင့် လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်နေသည့်အပြင် မြေပြင်စစ်အင်အားဖြင့်လည်း ထိုးစစ်ဆင်နေကြောင်း သိရသည်။

Show More

Related Articles

Back to top button