သတင်း

မြစ်ကြီးနားတွင် ဖမ်းဆီးခံရသော ကိုမျိုးထက်နိုင်လင်းကို မည်သည့်နေရာတွင်ထားခြင်းမသိသေး

ပြီးခဲ့သည့် ဧပြီလ ၂၁ ရက်နေ့ ဖမ်းဆီးခံရသော ကျောင်းသား ကိုမျိုးထက်နိုင်လင်းအား လက်ရှိချိန်ထိ မည်သည့်နေရာတွင် ထိန်းသိမ်းထားကြောင်း မသိရသေးဘူးဟု မိသားစုဝင်များ က ပြောသည်။

“အမှတ် (၁) ရဲစခန်းသွားတော့လည်း မရှိဘူးတဲ့၊ အမှတ် (၂) မှာရော ခရိုင်တွေအထိ လိုက်မေးတာ မရောက်သေးဘူးလို့ပြောကြတယ်။ အဲလိုဆိုရင်တော့ ကျမတို့ထင်တာက စစ်ကြောရေးမှာဘဲ ရှိအုံးမယ်လို့တော့ထင်တယ်။”ဟု မိသားစုဝင်များက ပြောသည်။

ကိုမျိုးထက်နိုင်လင်းကို ဧပြီလ ၂၁ရက်နေ့ နံနက် ၆နာရီဝန်းကျင်တွင် ရဲနဲ့စစ်သားများက ၎င်းအိပ်နေစဉ် လက်ထိပ်ဖြင့် လာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်။

“စစ်ကြောရေးမှာဆိုရင် နှိပ်စက်ကြမလား အရမ်းစိုးရိမ်တယ်။ ခုချိန်ထိလည်း မိသားစုတွေနဲ့အဆက်အသွယ်မရ ဆုတောင်းရုံဘဲရှိတော့တယ်။” ဟု မိသားစုဝင်များက ပြောသည်။

ကချင်ပြည်နယ်တွင် စစ်အာဏာရှင်ကို ဆန့်ကျင်သော ပြည်သူများကို စစ်တပ်က ဖမ်းဆီးမှုများ ပြုလုပ်နေသည်။

Show More

Related Articles

Back to top button