,

Breaking News :

ရွှေကူတွင် စရဖ ဟု ယူဆရသူ တစ်ဦး အသတ်ခံရ

မြစ်ကြီးနားမြို့အဝင် ဆီဘောက်ဆာယာဉ်တန်းပစ်ခတ်ခံရမှု ထိခိုက်မှုမရှိနိုင်ကြောင်း ဒေသခံများပြော

နောင်မွန် KBC ဘုရားကျောင်း KIA လက်နက်သိုလှောင်ရုံအဖြစ် USDP ပါတီဝင်များ စွပ်စွဲပြောဆို

ဖားကန့်တွင် လက်ဖက်ရည်ဆိုင် ပိုင်ရှင်အမျိုးသမီးကို ဖမ်းဆီးတရားစွဲ

နောင်ကွမ်ကျေးရွာအနီး အာဏာသိမ်းစစ်တပ်စခန်းဘက်တွင် KIA နှင့် ပစ်ခတ်မှုဖြစ်ပွားခဲ့

နမ္မတီးတွင် အကြမ်းဖက်စစ်တပ်၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေ၊ ၃ ဦးထိခိုက်ဒဏ်ရာရ

ရွှေကူတွင် ပစ်ခံရသည့် စစ်တပ်ရိက္ခာသယ် သင်္ဘောတစ်စီး ဒုတိယမြစ်ကျဉ်းတွင် ထပ်မံ ပစ်ခတ်ခံရ

မံစီမြို့အနီးတဝိုက် အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေ

အလော့ဘွမ်တောင်ခြေ ဒေါ့ဖုန်းယန်မြို့အနီးတွင် အာဏာသိမ်းစစ်တပ်နှင့် KIA တိုက်ပွဲဖြစ်ပွားခဲ့

မိုးညှင်းတွင် ဒလန်ဟု ယူဆရသူ ၂ ဦး ပစ်သတ်ခံရ

မိုးကောင်းမြို့အနီး အာဏာသိမ်းစစ်တပ်၏ စစ်ယာဉ်တန်းတိုက်ခိုက်ခံရကြောင်း ဒေသခံများပြော

မိုးကောင်းမြို့

မိုးကောင်းမြို့အထွက် ဖားကန့်သွားလမ်းမကြီးပေါ်ရှိ သုံးမိုင်ကွေ့ နားတွင် မိုးကောင်းဘက်မှတက်လာသည့် အာဏာသိမ်းစစ်တပ်၏ စစ်ကားယာဥ်တန်းများ မိုင်းခွဲခံလိုက်ရကြောင်း သတင်းရရှိပါသည်။

ဧပြီလ ၂၆ရက်နေ့ ညနေပိုင်း ၅နာရီခန့်က မိုးကောင်းမြို့မှ တင့်ကား ၃စီးနှင့် စစ်သားအပြည့် ကား ၂စီး မိုးကောင်းမြို့မှထွက်လာရာ သုံးမိုင်ကွေ့နားတွင် မိုင်းခွဲခံလိုက်ရကြောင်း ဒေသခံများပြောဆိုချက်မှ သိရသည်။

“ဒီ မိုးကောင်းမြို့အ​ထွက် ဘယ်ဘက်ကိုချိုးလိုက်ရင် ဆားမှော်သွားတဲ့လမ်းပေါ့ အဲ့မှာ သုံးမိုင်ကွေ့နားလောက်မှာ ဆွဲခံလိုက်ရတယ်လို့ကြားရတယ်။ ကျနော်တို့ မိုးကောင်းကနေတက်သွားလိုက်တာက တင့်ကား ၃စီးရေ။ နောက်ပြီး စစ်ကားက ၂စီး စစ်အင်အားအပြည့်ဘဲ။ ဆားမှော်ဘက်က လူတွေပြောတာက မိုင်းခွဲခံရတာကသေချာတယ်။ ဒါပေမယ့် ဘယ်နှစ်စီးထိသွားတယ်ဆိုတာက တိတိကျကျမသိရသေးဘူးလို့ ပြောနေကြတယ်။ နောက်ပြီး ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်းပါတယ်လို့ကြားတယ်”ဟု မိုးကောင်း ဒေသခံတစ်ဦးက ကချင်သတင်းဌာန KNG ကို ပြောသည်။

ယမန်နေ့ည မိုင်းခွဲတိုက်ခိုက်ခံလိုက်ရသည့်အတွက် ယနေ့ နံနက်ပိုင်းမှစတင်ပြီး မိုးကောင်းမြို့အထွက် မြစ်ကြီးနားသို့သွားသည့် လမ်းမကြီးပေါ်တွင် ဖြတ်သန်းသွားလာနေသည့် ပြည်သူများ၏ ဖုန်းနှင့် အခြားစစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။

Read Previous

မြစ်ကြီးနားရှိ သပိတ်အဖွဲ့များ စုပေါင်းကာ စစ်ကြောင်းတစ်ခုတည်းဖြင့် ဆန္ဒဖော်ထုတ်နေ

Read Next

မြို့သစ် ကုန်းလောကျေးရွာဘက်သို့ အာဏာသိမ်းစစ်တပ်က လေယာဉ်ဖြင့် ၄ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေ

Leave a Reply

Your email address will not be published. Required fields are marked *