တိုက်ပွဲသတင်း

KIO ဌာနချုပ်အနီး အာဏာသိမ်းစစ်တပ်က ဗုံးကြဲတိုက်ခိုက်

ကချင်လွတ်လပ်ရေးတပ်မတော် KIA ဗဟိုဌာနချုပ်အနီးဖြစ်သော တပ်မဟာ ၅ တပ်ရင်း ၁၉ နယ်မြေတွင် ယနေ့ည ၈ နာရီခန့်က အာဏာသိမ်းစစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဂျက်တိုက်လေယာဉ်တစ်စီးက ၂ ကြိမ်ပတ်ကာ ဗုံး​ကြဲခဲ့ကြောင်း မျက်မြင်ဒေသခံတချို့ပြောသည်။

အဆိုပါ ဗုံးပေါက်ကွဲသံကို လိုင်ဇာမြို့မှပင် ကြားရကြောင်း လိုင်ဇာမြို့ခံတချို့ထံမှ သိရသည်။

အာဏာသိမ်းစစ်တပ်သည် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်စခန်းများကို မြေပြင်စစ်အင်အားဖြင့် တိုက်ခိုက်ခဲ့သော်လည်း ကျဆုံးမှုများသောကြောင့် တိုက်လေယာဉ်ဖြင့်သာ တိုက်ခိုက်နေသည်မှာ ၆ ရက်ဆက်တိုက်ရှိပြီဖြစ်သည်။

Show More

Related Articles

Back to top button