သတင်း

ပူတာအို မလိရိန်တွင် တောမီး ဆက်လက်လောင်ကျွမ်းနေဆဲ

ပူတာအိုမြို့ ​မြောက်ဘက် မန်ဇေခွန်အုပ်စု၊ မလိရိန်ကျေးရွာတွင် တောမီးလောင်ကျွမ်းနေသည်မှာ ၁၀ရက်ခန့် ရှိလာသောကြောင့် ဧက ၁၀၀၀ နီးပါးခန့် မီးလောင်ကျွမ်းသွားပြီဟု ဒေသခံများ ပြောဆိုချက်မှသိရသည်။

ဧပြီလ ၂၃ ရက်နေ့မှ စတင်လောင်ကျွမ်းနေသည်ဖြစ်ပြီး ဒေသခံပြည်သူများ၏ အခင်းနှင့်စားကျက်မြေများ မီးလောင်ရာတွင် ပါဝင်သွားသည်ဟု သိရသည်။

မလိရိန်ကျေးရွာဖြင့်  ၂မိုင်ခန့်အကွာထိ မီးဆက်လက် လောင်းကျွမ်းလာနေဆဲဖြစ်သောကြောင့် စိုးရိမ်သည့်အကြောင်း ဒေသခံတစ်ဦးက ယခုလိုပြောသည်။

” အခုတောမီးလောင်ကျွမ်းနေတဲ့ နေရာက မလိရိန်ကျေရွာနဲ့ ၂မိုင်လောက်ဘဲဝေးတာ ဟုတ်တယ်။ မီးက မသေဘဲ ပုံမှန်လောင်ကျွမ်းနေတော့ ဒေသခံတွေက စိုးရိမ်နေကြတယ်။ ရွာဘက်ကို ရောက်လာမှာလည်း စိုးရိမ်တယ်။ နောက်ပြီး အဲ့နေရာက သူတို့ရဲ့ စားကျက်မြေဖြစ်သလို အဲ့ထဲမှာ တောင်ယာအခင်းတွင်လည်းရှိတယ်”ဟု ပြောဆိုသည်။

ယခုတောမီးလောင်ကျွမ်းသည့်နေရာတွင် သစ်တောကြိုးပင်ကာကွယ်တောလည်း ပါဝင်နေသည့်အတွက် တောရိုင်းတိရိစ္ဆာန်များ မျိုးသုန်းပျက်စီးသွားမည်ကိုလည်း စိုးရိမ်နေကြသည်။

ပူတာအိုမြို့နယ်ရှိ သစ်တောဌာနဝန်ထမ်းများကလည်း CDM လှုပ်ရှားမှုတွင် ပါဝင်သွားသောကြောင့် အဆိုပါ မီးလောင်နေမှုကို ငြိမ်းသတ်မည့်သူ မရှိသေးကြောင်း သိရသည်။

Show More

Related Articles

Back to top button