လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

မြစ်ကြီးနား ဆိုင်ကယ်သပိတ်ကို စစ်တပ်နဲ့ ရဲ ကားအပြင် အိမ်စီးကားများဖြင့် ပိတ်ဆို့ဖမ်းဆီး

မြစ်ကြီးနားမြို့ ယနေ့ မေလ ၅ ရက်နေ့ စစ်အာဏာရှင် ဆန့်ကျင်သော ဆိုင်ကယ်သပိတ်အား ရဲနှင့်စစ်သားများအပြင် အိမ်စီးကားများဖြင့် ပိတ်ဆို့ကာ လိုက်လံတိုက်ပြီး ဖြိုခွဲခဲ့တာကြောင့် ဖမ်းဆီးခံရသူများနှင့် ထိခိုက်သူများရှိနေကြောင်း သိရသည်။

စစ်အာရှင်ဆန့်ကျင်သော မြစ်ကြီးနားလူငယ်များ၏ ဆိုင်ကယ်သပိတ် မနက် ၈ နာရီခွဲမှစတင်ထွက်ခွာလာပြီး ၉ နာရီခွဲခန့် စံပြလမ်းသို့ဝင်လာချိန် အကြမ်းဖက်အုပ်စု ရဲနှင့်စစ်သားများက ရှေ့နောက်ပိတ် ကားဖြင့်ဝင်တိုက်ပြီး ဖြိုခွဲသောကြောင့် လူငယ် အမျိုးသမီး ၄ ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

“သူတို့က အိမ်စီးကားတွေနဲ့ နှစ်ဖက်ကြားညှပ်ဖမ်းတာ အရှေ့က ၇ စီး အနောက်က အိမ်စီးကား သုံးစီ စစ်ကား ရဲကား၊ ထောင်ကားတွေက နောက်မှ ရောက်လာတယ်။ အိမ်စီးကားတွေ အရင်ရောက်လာပြီး ဝင်တိုက်ဖြိုခွဲတာဖြစ်တယ်။” ဟု ယနေ့ နံနက်ဖမ်းဆီးမှုမှ ထွက်ပြေးလွတ်မြောက်လာသူတစ်ဦးက ပြောဆိုခဲ့သည်။

လက်ရှိအချိန်တွင် ထိခိုက်သူဦးရေနှင့် ဖမ်းဆီးခံရသူများကို အသေးစိတ်မရသေးပါ။

မြစ်ကြီးနားမြို့တွင် ယနေ့စစ်အာဏာရှင်ဆန့်ကျင်ရေး ဆိုင်ကယ်သပိတ်အပြင် လမ်းလျှောက်သပိတ်ဖြင့်လည်း ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

Show More

Related Articles

Back to top button