သတင်း

ပူတာအို အစိုးရနည်းပညာကျောင်းများတက်ရောက်ရန် ကျောင်းသားအချို့ရောက်ရှိနေ

ပူတာအိုမြို့ရှိ အစိုးရနည်းပညာအထက်တန်းကျောင်း နှင့် GTI ကျောင်းတွင် ကျောင်းတက်ရန် ကျောင်းသားတစ်ချို့ ရောက်ရှိနေပြီဖြစ်ကြောင်း CDM ပါဝင်နေသော ဆရာမတစ်ဦးထံမှ သိရသည်။

ကချင်ပြည်နယ် ပူတာအိုမြို့ရှိ GTHS နှင့် GTI ကျောင်းတွင် ကျောင်းလာအပ်ဖို့နှင့် ကျောင်းလာတက်ရောက်ဖို့အတွက် ကျောင်းအပ်ကာလအတွင်း ကျောင်းအုပ်ကြီးမှ ဖုန်းဆက်ခေါ်ဆိုခဲ့ပြီးနောက် လက်ရှိတွင် ကျောင်းတက်ဖို့ရန်အတွက် ကျောင်းသား၊ ကျောင်းသူတစ်ချို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

“အစကတော့ GTHS တစ်ယောက်ပဲ ကျောင်းလာအပ်တော့ ကျောင်းအုပ်ကြီးကိုယ်တိုင်က ကျောင်းသားရေးရာကို ကျောင်းသားတစ်ဦးချင်း နာမည်တစ်ခုချင်းဖုန်းဆက်ခေါ် ၊ ခေါ်စာတွေ ပေးခိုင်းလိုက်တော့ ကျောင်းသားတစ်ချို့ ကျောင်းလာအပ်ကြတယ်။” ဟု CDM ပါဝင်နေသော ဆရာမတစ်ဦးကပြောသည်။

ပူတာအိုမြို့ရှိ GTHS နှင့် GTI ကျောင်း ကို ယနေ့ မေလ ၅ ရက်နေ့မှစပြီး ဖွင့်လစ်မည်ဖြစ်ကာ ကျောင်းအပ်ကာလအတွင်း ကျောင်းအုပ်ကြီးမှ ကျောင်းသား တစ်ဦးချင်းစီအား ဖုန်းဆက်ခေါ်ဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပူတာအို GTHS ကျောင်းနှင့် GTI ကျောင်းတွင် CDM ပါဝင်သော ထန်ထမ်းဆရာမများမှာ အနည်းပိုင်းသာဖြစ်ပြီး ကျောင်းအုပ်ကြီးနှင့် အခြား CDM မပါဝင်သော ဝန်ထမ်းအများပိုင်းဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်သည် ပညာရေးစာသင်ကျောင်းများ ဖွင့်လှစ်နိုင်ရေး အထက်အဆင့်ဆင့်ဖိအားပေးကာ ကျောင်းသားများကိုပင် ဖုန်းဆက်ကာ ကျောင်းတက်ရန် ခေါ်ယူနေကြောင်း သိရသည်။

Show More

Related Articles

Back to top button