သတင်း

နမ္မတီးကျေးရွာအနီး အာဏာသိမ်းစစ်တပ်ယာဉ်တန်းကို KIA မိုင်းခွဲတိုက်ခိုက်

မိုးကောင်း နမ္မတီးကျေးရွာအထွက် ကျောက်တောင်တွင် အာဏာသိမ်းစစ်တပ်ယာဉ်တန်း ၂ စီးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ယနေ့ နံနက် ၉ နာရီခန့်တွင် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ကားမိုင်းခွဲတယ်လို့ကြားရတယ်။ အခုတော့ လမ်းတွေပိတ်ထားတယ်။ စစ်ဆေးတာတွေလုပ်နေတယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။

အဆိုပါ အာဏာသိမ်းစစ်တပ်၏ စစ်ကား ၂ စီးတွင် အင်အား ၆၀ ခန့်ပါဝင်သည်ဟု သိရပြီး ကချင်ပြည်နယ်သို့ စစ်ကူတက်လာသည့်ကားများဖြစ်သည်ဟု သိရသည်။

မိုင်းဆွဲတိုက်ခိုက်ခံရမှုတွင် အာဏာသိမ်းစစ်တပ်၏ ထိခိုက်ဒဏ်ရာ ရရှိမှုအခြေအနေကို မသိရသေးပါ။

Show More

Related Articles

Back to top button