တိုက်ပွဲသတင်း

ပူတာအိုမြို့နယ် အာဏာသိမ်းစစ်တပ်စခန်းတစ်ခုကို KIA သွားရောက်ပစ်ခတ်

ပူတာအိုမြို့နယ် ဖုန်ကျန်းကျေးရွာရှိ အာဏာသိမ်းစစ်တပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က မေလ ၄ရက်နေ့ ညက သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဖုန်ကျန်းကျေးရွာအဝင် အာဏာသိမ်းစစ်တပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၁ တပ်ဖွဲ့ က ည ၁၀ နာရီခန့်အချိန်တွင် သွားရောက်တိုက်ခိုက်ခဲ့ရာ ၂နာရီခန့်အကြာတိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ဖုန်ကျန်းဒေသခံတစ်ဦးထံမှ သိရသည်။

“မနေ့ နေ့လည်က ဒေသခံ သွားလာနေတဲ့သူတွေကို စစ်သားတွေက စစ်ဆေးတာပြုလုပ်တယ်။ ညတော့ KIA ကလာပြီး တပ်စခန်းကို ခနလာပစ်သွားတယ်လို့သိရတယ်”ဟု ပြောဆိုသည်။

အာဏာသိမ်းစစ်တပ်က ဒေသများခံကို အကြောင်းပြချက်မရှိ စစ်ဆေးမှုများပြုလုပ်ခဲ့သောကြောင့် KIA သွားရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုသည်။

ယမန်နေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် မေလ ၅ရက်နေ့ကလည်း ပူတာအိုမှ မြစ်ကြီးနားသို့ ဆင်းလာသည့် ခရီးသည်များကို စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

Show More

Related Articles

Back to top button