လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

KTCS ဓမ္မတက္ကသိုလ် ဘွဲ့ယူရန် ဖားကန့်မှ ဆင်းလာသော ကျောင်းသားမိသားစု ပစ်ခတ်ခံရ

မြစ်ကြီးနား နောင်နန်း KTCS ဓမ္မတက္ကသိုလ်ဘွဲ့နှင်းသဘင်ပါဝင်ရန် ဖားကန့်မှဆင်းလာသော မိသားစုတစ်စုသည် လမ်းခုလတ်တွင် မြန်မာစစ်တပ်၏ ပစ်ခတ်မှုခံရသောကြောင့် မြစ်ကြီးနားရှိ ဆေးရုံတစ်ခုတွင် ဆေးကုသခံယူနေရသည်ဟု သိရသည်။

ဖားကန့်မြို့ ကျောက်ဖျာကျေးရွာမှ မေလ ၄ ရက်နေ့ ဆင်းသာသူများဖြစ်ပြီး လမ်းခရီးတွင် တိုက်ပွဲဖြစ်နေသည့်ထဲမှ အကြမ်းဖက် စစ်တပ်က ပစ်ခတ်လိုက်သော သေနတ်ကြည်ထိမှန်ခြင်းကြောင့် ထိခိုက်ဒဏ်ရာ ပြင်းထန် ရရှိခဲ့ကြသည်ဟု သိရသည်။

“သူ့အမရော သူ့အမရဲ့ကလေးရော ဆိုင်ကယ်နှင့်ဆင်းလာတာကို  ၅ မိုင်လောက်မှာ တိုက်ပွဲဖြစ်နေတယ် ထင်တယ်။ အဲ့လိုတော့ပြောတယ်။ သူတို့မိုင်းဖောက်တာကြောင့် မဟုတ်ဘူး။ တိုက်ပွဲဖြစ်နေတဲ့ထဲမှာ သူတို့မောင်နှမတွေ ဆင်းလာတာကြောင့် စစ်တပ်ဘက်မှ ပစ်လိုက်တာ ထိသွားတာ” ဟု ၎င်းနှင့် နီးစပ်သူတစ်ဦးကပြောသည်။

ပစ်ခတ်ခံရသူမှာ နောင်းနန်း KTCS ဓမ္မတက္ကသိုလ် B.th နောက်ဆုံးနှစ် ပြီးထားသူဖြစ်ကြောင်း သိရသည်။

မောင်နှမ နှစ်ဦးထဲမှ မောင်ဖြစ်သူမှာ ခြေနှစ်ဖက် သေနတ်ကျည်ထိမှန်တာဖြစ်ပြီး အစ်မဖြစ်သူမှာ ပေါင် နှင့် လက်မောင်းတစ်ဖက် ရှပ်ထိဒဏ်ရာ ရရှိခဲ့သည်။ ကလေးငယ်တွင် ထိခိုက်မှုမရှိကြောင်း သိရသည်။

Show More

Related Articles

Back to top button