သတင်း

အာဏာသိမ်းစစ်တပ်ကို ဝင်ငွေရှာပေးသည့် လောင်းကစားဝိုင်း ရွှေကူမြို့တွင် ပိုများလာ

ရွှေကူမြို့တွင် အာဏာသိမ်းစစ်တပ်အတွက် ဝင်ငွေရရှိနေသော လောင်းကစားဝိုင်းများသည် ၂ လ အတွင်း ပိုမိုများပြားလာသည်ဟု ဒေသခံများ ပြောဆိုနေကြသည်။

မြို့ပြင် ဆိုင်ကယ်ဖြင့် ၅မိနစ်ခန့်သာ သွားရသည့် နေရာတွင် လောင်းကစားပိုင်ရှင် ၇ဦးက ကစားဝိုင်း ၅ခုကို ဖွင့်ထားပြီး ရဲအုပ်နှင့် နယ်ထိန်းများက လုံခြုံရေးပေးနေသည်ဟု သိရသည်။

“ဒီအာဏာသိမ်းတဲ့နောက်ပိုင်းမှရှိလာတာ။ အရင်တုန်းကဆို လေးကောင်ဂျင်တစ်ဝိုင်းလောက်ဘဲရှိတာ။ အခုဟာက စစ်ကောင်စီက ခွင့်ပြုထားတာဟုတ်တယ်။ ရဲအုပ်နှင့်နယ်ထိန်းတွေက ကြည့်ကြပ်ပေးနေတယ်”ဟု ပြောဆိုသည်။

ကစားဝိုင်းတစ်ခုလျှင် နေ့စဉ် ၄ သိန်းခန့် အခွန်ပေးဆောင်နေရသောကြောင့် ထိုလောင်းကစားဝိုင်းမှ တစ်လလျှင် သိန်း ၆၀၀ ခန့် အာဏာသိမ်းစစ်တပ်က ရရှိနေသည်ဟု သိရသည်။

Show More

Related Articles

Back to top button