အင်ဂျန့်ယန်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တိုက်ပွဲဖြစ်

အင်ဂျန့်ယန်မြို့နယ် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၁၊ တပ်ရင်း ၄ ဒေသနယ်မြေ ဇွပ်မိုင်ယန်ကျေးရွာတွင် ယနေ့ နံနက်ပိုင်းက တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်ဘက်က ထိုးစစ်ဆင်ဝင်ရောက်လာသောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း KIO Kachinnet သတင်းတွင်ဖော်ပြထားသည်။

ပြီးခဲ့သည့် မတ်လကလည်း အင်ဂျန့်ယန်ဒေသတွင် တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် ဒေသခံများသည် စစ်ပြေးဒုက္ခသည်အဖြစ်မြစ်ကြီးနားနှင့် ဘွမ်ရာယန်ဘက်သို့ ထွက်ပြေးလာခဲ့ကြသည်။

ကချင်ပြည်နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား တိုက်ပွဲ ပုံမှန်ဖြစ်ပွားနေကြောင်း သိရသည်။

Show More
Back to top button